ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် ဖောင်ကြီးအနောက်ကျေးရွာလူထုတွေ့ဆုံပွဲသို့ ပါတီဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်းတက်ရောက်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် ဖောင်ကြီးအနောက်ကျေးရွာလူထုတွေ့ဆုံပွဲသို့ ပါတီဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်းတက်ရောက်
===============================
လှည်းကူး ဒီဇင်ဘာ ၁၀
(၁၀-၁၂-၂၀၂၅)နေ့ရက်နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးမြို့နယ်၊ ဖောင်ကြီးအနောက်ကျေးရွာအုပ်စု၊လိပ်ပြာတောင်ခြံဝန်း၌ကျင်းပပြုလုပ်သောလူထုတွေ့ဆုံပွဲ့သို့ ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိမ်း တက်ရောက်ခဲ့ပါသည်။
တွေ့ဆုံပွဲအခမ်းအနားအား နိုင်ငံတော်အလံအား အလေးပြု၍နိုင်ငံတော်သီချင်းသီဆိုကာဖွင့်လှစ်ခဲ့ပြီး
ပါတီဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိမ်းမှနှုတ်ခွန်းဆက်စကားပြောကြား၍လှည်းကူးမြို့နယ်၊ပြည်ခိုင်ဖြိုးပါတီမှဝင်ရောက်ယှည်ပြိုင်အရွေးခံကြမည့် ကိုယ်စားလောင်းများအားမိတ်ဆက်ပေးခဲ့ပါသည်။
၎င်းနောက်ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းပါတီဥက္ကဋ္ဌဦးခင်မောင်စိုးမှရွေးကောက်ပွဲကြေညာစာတမ်းအားရှင်းလင်းခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်မျိုးနိုင်မှမဲပေးပုံမဲပေးနည်းစနစ်မှန်ကန်စေရေးသရုပ်ပြရှင်းလင်းခဲ့ပြီးကြွေးကြော်သံများဖြင့်တွေ့ဆုံပွဲအားရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

Read more

၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲကနေ ကမ္ဘောဒီးယားအားကစားအဖွဲ့အားလုံး နုတ်ထွက်

၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲကနေ ကမ္ဘောဒီးယားအားကစားအဖွဲ့အားလုံး နုတ်ထွက်
=====================
ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲကနေ ကမ္ဘောဒီးယားအားကစားအဖွဲ့အားလုံး နုတ်ထွက်ခဲ့ကြောင်း သိရပါတယ်။
ကမ္ဘောဒီးယားနိုင်ငံဟာ အစောပိုင်းကတည်းက ဘောလုံးအပါအဝင် အားကစားနည်းအချို့ကနေ နုတ်ထွက်ထားခဲ့ပြီးဖြစ်တာကြောင့် ပြိုင်ပွဲ(၁၂)မျိုးမှာ ကစားသမား(၁၁၀)ဦး ပါဝင်ယှဉ်ပြိုင်ဖို့သာ ကျန်ရှိနေပေမဲ့ ဒီနေ့မှာတော့ လုံခြုံရေးအကြောင်းပြချက်နဲ့ အားလုံးနုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
လက်ရှိအချိန်မှာ ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ဟာ နယ်စပ်အငြင်းပွားမှုကတစ်ဆင့် အပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပြီး နှစ်ဖက်စလုံးမှာ သေဆုံးမှုတွေ ရှိနေကြောင်းလည်း သိရပါတယ်။
ဒါကြောင့် ကမ္ဘောဒီးယားအိုလံပစ်ကော်မတီက ဆီးဂိမ်းစ်ပြိုင်ပွဲကနေ လုံခြုံရေးအကြောင်းပြချက်နဲ့ နုတ်ထွက်ကြောင်း ကြေညာခဲ့ခြင်းဖြစ်ပါတယ်။
(၃၃)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကို ဒီဇင်ဘာ(၂၀)အထိ ကျင်းပသွားမှာဖြစ်ပြီး မနေ့က ကျင်းပခဲ့တဲ့ ဖွင့်ပွဲအခမ်းအနားမှာ လုံခြုံရေးတင်းကျပ်ခဲ့ကြောင်းလည်း သိရပါတယ်။ #Eleven

Read more

ကန်သာ၊ဆွဲမှန်၊တလင်းကုန်းနှင့် ရှားပင်လှကျေးရွာများသို့ လွှတ်တော်ကိုယ်စားလှယ်လောင်းဦးသောင်းအေး သွားရောက်တွေ့ဆုံ

ကန်သာ၊ဆွဲမှန်၊တလင်းကုန်းနှင့် ရှားပင်လှကျေးရွာများသို့ လွှတ်တော်ကိုယ်စားလှယ်လောင်းဦးသောင်းအေး သွားရောက်တွေ့ဆုံ
=================
ပျော်ဘွယ် ၊ ဒီဇင်ဘာ ၉

ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှုး ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေးသည် ပျော်ဘွယ် မြို့နယ် ၊ ကန်သာ၊ဆွဲမှန်၊တလင်းကုန်းနှင့် ရှားပင်လှကျေးရွာများရှိ မိဘပြည်သူများနှင့် ဒီဇင်ဘာလ ၉ရက်နေ့တွင် သွားရောက်တွေ့ဆုံခဲ့သည်။

Read more

ဇေယျာသီရိမြိုနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်ဦးလွင် ပေါက်ကုန်း၊ ကျည်တောင်၊ သာယာဝှမ်း ကျေးရွာများမှ မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ

ဇေယျာသီရိမြိုနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်ဦးလွင် ပေါက်ကုန်း၊ ကျည်တောင်၊ သာယာဝှမ်း ကျေးရွာများမှ မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ
===============
ဒီဇင်ဘာ ၁၀၊ ဇေယျာသီရိ

Read more

မြန်မာနိုင်ငံအတွက် ပထမဆုံးရွှေတံဆိပ်နှစ်ဆုကို ရိုးရာခြင်းလုံးပြိုင်ပွဲတွင် အမျိုးသမီးအသင်းနှင့် အမျိုးသားအသင်းတို့ ဆွတ်ခူးခဲ့

မြန်မာနိုင်ငံအတွက် ပထမဆုံးရွှေတံဆိပ်နှစ်ဆုကို ရိုးရာခြင်းလုံးပြိုင်ပွဲတွင် အမျိုးသမီးအသင်းနှင့် အမျိုးသားအသင်းတို့ ဆွတ်ခူးခဲ့
==================
ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၃၃) ကြိမ်မြောက် ၂၀၂၅ ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ပထမဆုံးရွှေတံဆိပ် နှစ်ဆုကို ရိုးရာခြင်းလုံးပြိုင်ပွဲတွင် အမျိုးသမီးအသင်းနှင့်အမျိုးသားအသင်းတို့ ဆွတ်ခူးပေးနိုင်ခဲ့သည်။

Read more

ကမ္ဘောဒီးယား-ထိုင်း ပဋိပက္ခကြောင့် ကမ္ဘောဒီးယားနယ်စပ်ဒေသခံပြည်သူပေါင်း ၁၀၀,၀၀၀ ကျော် နေရပ် စွန့်ခွာရကြောင်း ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနဆို

ကမ္ဘောဒီးယား-ထိုင်း ပဋိပက္ခကြောင့် ကမ္ဘောဒီးယားနယ်စပ်ဒေသခံပြည်သူပေါင်း ၁၀၀,၀၀၀ ကျော် နေရပ် စွန့်ခွာရကြောင်း ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနဆို
===============
(နိုင်ငံတကာ) ဒီဇင်ဘာ ၁၁

ကမ္ဘောဒီးယား-ထိုင်း ပဋိပက္ခသည် စတုတ္ထမြောက်နေ့သို့ ရောက်ရှိနေပြီဖြစ်ရာ ကမ္ဘောဒီးယားနယ်စပ် ဒေသခံ ပြည်သူပေါင်း ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာ၍ လုံခြုံရာဒေသသို့ ထွက်ခွာနေရကြောင်း ကမ္ဘောဒီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

Read more

ခြင်းလုံးအားကစားနည်းမှ မြန်မာ ပထမဆုံး ရွှေတံဆိပ်ဆွတ်ခူးရရှိ

ခြင်းလုံးအားကစားနည်းမှ မြန်မာ ပထမဆုံး ရွှေတံဆိပ်ဆွတ်ခူးရရှိ
=================
(အားကစား) ဒီဇင်ဘာ ၁၀

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ခြင်းလုံးပွဲစဉ်များကို ယနေ့တွင် ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပရာ ဗိုလ်လုပွဲတွင် မြန်မာအမျိုးသမီးအသင်းက ထိုင်းအမျိုးသမီးအသင်းကို ပထမပွဲတွင် မြန်မာ-၂၄၇ နှင့် ထိုင်း-၂၂၃ ဖြင့်လည်းကောင်း၊ ဒုတိယပွဲတွင် မြန်မာ-၂၅၅ နှင့် ထိုင်း-၂၂၃ ဖြင့်လည်းကောင်း နှစ်ပွဲပေါင်းရလဒ် မြန်မာ-၅၀၂ နှင့် ထိုင်း-၄၄၆ ဖြင့် မြန်မာအမျိုးသမီးအသင်းက ပထမဆုံး ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

Read more

သင်္ဃန်းကျွန်းခရိုင်၊ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများနှင့် မြို့မိမြို့ဖများတွေ့ဆုံပွဲသို့ ပါတီဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း တက်ရောက်

သင်္ဃန်းကျွန်းခရိုင်၊ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများနှင့် မြို့မိမြို့ဖများတွေ့ဆုံပွဲသို့ ပါတီဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်း တက်ရောက်
===============================
သင်္ဃန်းကျွန်း ဒီဇင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊သင်္ဃန်းကျွန်းခရိုင်၊ပြည်ခိုင်ဖြိုးပါတီမှကိုယ်စားလှယ်လောင်းများနှင့်မြို့မိမြို့ဖများတွေ့ဆုံပွဲအခမ်းအနားကိုတာမွေမြို့နယ်ရှိ Sky Star Hotel ၌ ဒီဇင်ဘာလ(၉)ရက်နေ့ကပြုလုပ်ခဲ့ရာ၎င်းတွေ့ဆုံပွဲသို့ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်းတက်ရောက်ခဲ့ပါသည်။

တွေ့ဆုံပွဲအခမ်းအနားအားနိုင်ငံတော်အလံအား အလေးပြု၍နိုင်ငံတော်သီချင်းသီဆိုကာဖွင့်လှစ်ခဲ့ပြီး
ပါတီဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိမ်းမှနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးရန်ကုန်တိုင်းဒေသကြီး၊တိုင်းပါတီဥက္ကဋ္ဌဦးခင်မောင်စိုးမှရွေးကောက်ပွဲကြေညာစာတမ်းအားရှင်းလင်းခဲ့ပါသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump နှင့်အဖွဲ့အားလက်ခံတွေ့ဆုံ

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump နှင့်အဖွဲ့အားလက်ခံတွေ့ဆုံ
=====================
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၈-၁၂-၂၀၂၅ ရက်နေ့ နံနက် ၀၈၃၀ အချိန်တွင် မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump နှင့်အဖွဲ့အား ပါတီဌာနချုပ် ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံချင်း ချစ်ကြည်ရင်းနှီးစွာဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအား တိုးမြှင့်ဆောင်ရွက်သွားရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။

Read more

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ Hydration Break ပေးမယ်

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ Hydration Break ပေးမယ်
==============
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရေဓာတ်ပြန်ဖြည့်ဖို Hydration Break ပေးသွားမယ်လို ကမ္ဘာ့ဘောလုံးအဖွဲချုပ်(FIFA)က ကြေညာခဲ့ပါတယ်။

ပထမပိုင်းနဲ့ ဒုတိယပိုင်း တစ်ပိုင်းစီမှာ သုံးမိနစ်စီ အနားပေးသွားမှာဖြစ်တယ်။

FIFA က ကစားသမားတွေရဲ့ကျန်းမာရေးဟာ အဓိကဦးစားပေးဖြစ်ပြီး အသင်းအားလုံး ညီတူတန်းတူ အခွင့်အရေးရရှိမယ်လို သတင်းထုတ်ပြန်ခဲ့ပါတယ်။

Read more