ပျံသန်းလာတဲ့ဒရုန်းများကို အချိန်ပိုင်းအတွင်း ဖျက်ဆီးနိုင်တဲ့ တရုတ်နိုင်ငံရဲ့ မိုက်ခရိုဝေ့လက်နက်သစ်

ပျံသန်းလာတဲ့ဒရုန်းများကို အချိန်ပိုင်းအတွင်း ဖျက်ဆီးနိုင်တဲ့ တရုတ်နိုင်ငံရဲ့ မိုက်ခရိုဝေ့လက်နက်သစ်
========================
တရုတ်နိုင်ငံမှ သိပ္ပံပညာရှင်များအနေနဲ့ မိုက်ခရိုဝေ့ကိုအသုံးပြုပြီး ရန်သူ့ဒရုန်းများနဲ့ ဒုံးပျံတွေကိုဖျက်ဆီးနိုင်တဲ့ လက်နက်အသစ်တစ်မျိုးကို ထုတ်ဖော်ပြသလိုက်ပါတယ်။ ဒီလက်နက်ဟာ သာမန်ကျည်ဆန်တွေကိုသုံးစရာမလိုဘဲ အလွန်အားကောင်းတဲ့ မိုက်ခရိုဝေ့တွေကိုစုစည်းပြီး ပစ်ခတ်တာဖြစ်ပါတယ်။

အဲ့ဒီလှိုင်းတွေဟာ ရန်သူ့စက်ပစ္စည်းများရဲ့ လျှပ်စစ်ပတ်လမ်းတွေကို ခဏချင်းမှာပင်လောင်ကျွမ်းပျက်စီးသွားအောင် လုပ်နိုင်စွမ်း ရှိပါတယ်။ အထူးသဖြင့် အုပ်စုလိုက် တိုက်ခိုက်လာတဲ့ ဒရုန်းအုပ်တွေကို ဟန့်တားတဲ့နေရာမှာ ထိရောက်မှုရှိပြီး ၃ ကီလိုမီတာ အကွာအဝေးအထိ ပစ်ခတ်နိုင်ပါတယ်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ၊ ပေါက်ခေါင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးဇော်သိမ်း ကိုယ်စားလှယ်လောင်းမိတ်ဆက်ခြင်းနှင့် လက်ကမ်းစာစောင်ဝေခြင်း Door to Door ကွင်းဆင်းဆောင်ရွက်

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ၊ ပေါက်ခေါင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးဇော်သိမ်း ကိုယ်စားလှယ်လောင်းမိတ်ဆက်ခြင်းနှင့် လက်ကမ်းစာစောင်ဝေခြင်း Door to Door ကွင်းဆင်းဆောင်ရွက်
============================
ပေါက်ခေါင်း ဇန်နဝါရီ ၆
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ၊ ပေါက်ခေါင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးဇော်သိမ်းသည် ပေါက်ခေါင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသန်းထူးအောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးမြင့်သူ၊ တိုင်းပါတီအတွင်းရေးမှူးဦးကျော်ကျော်လင်း၊ ပါတီဝန်းရံသူများနှင့်အတူ ၂၀၂၆ ခုနှစ်၊ဇန်နဝါရီလ (၆)ရက်နေ့၊နံနက်ပိုင်းတွင်ပေါက်ခေါင်းမြို့၊ အမှတ်(၁)ရပ်ကွက်သို့ သွားရောက်ပြီး ကိုယ်စားလှယ်လောင်းမိတ်ဆက်ခြင်းနှင့်လက်ကမ်းစာစောင်ဝေငှခြင်းကို Door to Door ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Read more

အသံထက်မြန်နှုန်းလွန် ဟိုက်ပါဆိုးနစ်ဒုံးကျည်စမ်းသပ်မှုကို ကင်ဂျုံအန် ကိုယ်တိုင်ကြီးကြပ်

အသံထက်မြန်နှုန်းလွန် ဟိုက်ပါဆိုးနစ်ဒုံးကျည်စမ်းသပ်မှုကို ကင်ဂျုံအန် ကိုယ်တိုင်ကြီးကြပ်
==============================
(နိုင်ငံတကာ) ဇန်နဝါရီ ၆

မြောက်ကိုရီးယားတပ်မတော်က ဇန်နဝါရီလ ၄ ရက်တွင် ပြုလုပ်ခဲ့သော အသံထက်မြန်နှုန်းလွန် ဟိုက်ပါ ဆိုးနစ်ဒုံးကျည်စမ်းသပ်မှုကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကိုယ်တိုင် ကြီးကြပ်ခဲ့ကြောင်း RT သတင်း ဌာနက ဖော်ပြထားသည်။

Read more

ကလော- ရွှေညောင်-ကလောရှုခင်းကြည့် Sight Seeing ရထားခရီးစဉ် အထူးရထားပြေးဆွဲပေး

ကလော- ရွှေညောင်-ကလောရှုခင်းကြည့် Sight Seeing ရထားခရီးစဉ် အထူးရထားပြေးဆွဲပေး
===========================
(ပြည်တွင်း) ဇန်နဝါရီ ၆

ကလောနှင့်ရွှေညောင်ရှိ ရှုမျှော်ခင်းများ ကြည့်ရှုနိုင်ရန် ကလော-ရွှေညောင်-ကလောအတွက် Sightseeing Package နဲ့ စင်းလုံးငှားရထားခရီးစဉ်များကို အထူးရထားတွဲဆိုင်းများ တပ်ဆင်၍ ပြေးဆွဲပေးလျက်ရှိကြောင်း မြန်မာ့ မီးရထားမှ သိရပါတယ်။

Read more

ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ၊ ပေါက်ခေါင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးဇော်သိမ်း ရွာခွဲပါတီခေါင်းဆောင်များနှင့် တွေ့ဆုံ

ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ၊ ပေါက်ခေါင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးဇော်သိမ်း ရွာခွဲပါတီခေါင်းဆောင်များနှင့် တွေ့ဆုံ
=======================
ပေါက်ခေါင်း ဇန်နဝါရီ ၅

ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ၊ ပေါက်ခေါင်း မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးဇော်သိမ်းသည် ပေါက်ခေါင်းမြိုနယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသန်းထူးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးမြင့်သူ၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဒေါ်ခင်ရွှေမြင့်၊ တိုင်းပါတီအတွင်းရေးမှူး ဦးကျော်ကျော်လင်းတို့နှင့်အတူဇန်နဝါရီ (၅)ရက်နေ့၊ နေ့လည်ပိုင်း၌ ပဲခူတိုင်းဒေသကြီး(အနောက်)၊ ပေါက်ခေါင်းမြိုနယ်ပါတီရုံး၌ ရွာခွဲပါတီခေါင်းဆောင်နှင့်တွေ့ဆုံခဲ့ပါသည်။

Read more

“ပါကစ္စတန်၏ပြည်တွင်းထုတ်ခရုစ်ဒုံးကျည် မြေပြင်၊ ပင်လယ်ပြင်ပစ်မှတ်များကို တိကျစွာပစ်ခတ်နိုင်ဟုဆို”

“ပါကစ္စတန်၏ပြည်တွင်းထုတ်ခရုစ်ဒုံးကျည် မြေပြင်၊ ပင်လယ်ပြင်ပစ်မှတ်များကို တိကျစွာပစ်ခတ်နိုင်ဟုဆို”
====================
ပါကစ္စတန်နိုင်ငံသည် ပြည်တွင်းထုတ်တီမူးအာ (Taimoor) လေကြောင်းပစ်ခရုစ်ဒုံးကျည်ကို ဇန်နဝါရီ ၃ ရက် က စမ်းသပ်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ပါကစ္စတန်စစ်ဘက်က ပြောသည်။
အဆိုပါဒုံးကျည်စနစ်သည် ကီလိုမီတာ ၆၀၀ အကွာအဝေးအတွင်းရှိ မြေပြင်၊ ပင်လယ်ပြင်ပစ်မှတ်များကို အလွန်တိကျစွာ ပစ်ခတ်တိုက်ခိုက် နိုင်စွမ်းရှိကြောင်း ပါကစ္စတန်စစ်ဘက်ပြန်ကြားရေးဌာနက ပြောသည်။

Read more