ဆိုးမြို့ရှိ ကျောင်းသား အားလုံးနီးပါး AI ကို အသုံးပြုနေ ၊ AI အပေါ် မှီခိုအားကိုးလာမည်ကို ဆရာများ စိုးရိမ်

ဆိုးမြို့ရှိ ကျောင်းသား အားလုံးနီးပါး AI ကို အသုံးပြုနေ ၊ AI အပေါ် မှီခိုအားကိုးလာမည်ကို ဆရာများ စိုးရိမ်
==============================
တောင်ကိုရီးယားနိုင်ငံ ဆိုးမြို့ရှိကျောင်းသားများ အားလုံးနီးပါးသည် AI ကိုအသုံးပြုလာနေကြောင်း ဇန်နဝါရီလ ၁၁ ရက်တွင်ထုတ်ပြန်သည့် စစ်တမ်းတစ်ခု၌ ဖော်ပြထားသည်။ အလယ်တန်းနှင့် အထက်တန်းကျောင်းသား ၉၅ ရာခိုင်နှုန်းခန့်သည် Gene-rative AI နည်းပညာကို အသုံးပြုကြောင်း စစ်တမ်းအသစ်တွင် ဖော်ပြထားသည်။ ဆိုးပညာရေး သုတေသနနှင့် သတင်းအချက်အလက်ဌာနက ပြုလုပ်သော အဆိုပါစစ်တမ်းတွင် ကျောင်းသား ၂၆၀၀၀ ကျော်ကို မေးမြန်းခဲ့ရာ ၎င်းတို့သည် ChatGPT နှင့် Gemini ကဲ့သို့သော AI ကိရိယာများကို အသုံးများနေကြခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။

Read more

ရီးယဲလ်မက်ဒရစ်အသင်း နည်းပြရာထူးက အလွန်ဆို ထုတ်ပယ်ခံရပြီး အာဘီလိုအာနဲ့ အစားထိုး

ရီးယဲလ်မက်ဒရစ်အသင်း နည်းပြရာထူးက အလွန်ဆို ထုတ်ပယ်ခံရပြီး အာဘီလိုအာနဲ့ အစားထိုး
===============
(Januray 13)
ရီးယဲလ်မက်ဒရစ်အသင်းဟာ စပိန်စူပါဖလားဗိုလ်လုပွဲမှာ ဘာစီလိုနာအသင်းကို အရေးနိမ့်ပြီးနောက် နည်းပြ ရှာဘီအလွန်ဆိုကို ရာထူးက ထုတ်ပယ်ခဲ့ပြီး ရီးယဲလ်အရန်အသင်းနည်းပြ အာဘီလိုအာကို အစားထိုး ခန့်အပ်ခဲ့ပါတယ်။

ရီးယဲလ်အသင်းက အလွန်ဆိုနဲ့ လမ်းခွဲကြောင်း ကြေညာအပြီး မိနစ်အနည်းငယ်အကြာမှာပဲ အာဘီလိုအာနဲ့ ချက်ချင်းအစားထိုးခဲ့တာပါ။

Read more

” 73rd Bangkok Gems & Jewelry Fair BGJF 2026” သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသမည်

” 73rd Bangkok Gems & Jewelry Fair BGJF 2026” သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသမည်
==========================
ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ” 73rd Bangkok Gems & Jewelry Fair BGJF 2026” သို့ မြန်မာနိုင်ငံမှ ပါဝင်ပြသမည်ဖြစ်ကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။

Read more

ပြည်ပထွက်ခွါခွင့်နှင့်ပတ်သက်၍ အသိပေးကြေညာချက် ထုတ်ပြန်

ပြည်ပထွက်ခွါခွင့်နှင့်ပတ်သက်၍ အသိပေးကြေညာချက် ထုတ်ပြန်
=========================
OWIC ကိုင်ဆောင်ထားသူများအနေဖြင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာပါက ဇန်နဝါရီ ၁၄ ရက်မှစတင်ကာ သတ်မှတ်စည်းကမ်းများနှင့်အညီ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ခွင့်ပြုချက်ရယူပြီးမှသာပြည်ပသို့ ပြန်လည်ထွက်ခွာရမည်ဟု အသိပေးခဲ့သည်။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ အေဂျင်စီအစီ အစဉ်၊ မိမိအစီအစဉ်၊ ကျွမ်းကျင်/ခွင့်ပြန်တို့ဖြင့်ဖြစ်စေ OWIC ပြုလုပ်ခွင့်များနှင့် ပြည်ပထွက်ခွာခွင့်များကို စိစစ်ခွင့်ပြုပေးလျက်ရှိသော်လည်း အပြည်ပြည်ဆိုင်ရာလေဆိပ်များမှပေးပိုသည့်စာရင်းများအရ မိမိအစီအစဉ်ဖြင့် ခွင့်ပြန် OWIC လက်ဝယ်ရှိပြီးသူများသည် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို တင်ပြခြင်းမရှိဘဲ ပြည်ပသိုထွက်ခွာနေခြင်းအား စိစစ်တွေ့ရှိရသည်ဟု အသိပေးခဲ့သည်။

Read more

အမေရိကန်၏ တိုက်ခိုက်မှုမှန်သမျှကို လက်တုံ့ပြန်မည်ဟု အီရန်သတိပေး

အမေရိကန်၏ တိုက်ခိုက်မှုမှန်သမျှကို လက်တုံ့ပြန်မည်ဟု အီရန်သတိပေး
=================
အမေရိကန်က အီရန်ကို တိုက်ခိုက်မှုပြုလာပါက အစ္စရေးနိုင်ငံနှင့် ဒေသတွင်းရှိ အမေရိကန် စစ်အခြေစိုက်စခန်းများကို တရားဝင်ပစ်မှတ်များအဖြစ် သတ်မှတ်ကာ ပြန်လည်တိုက်ခိုက် သွားမည်ဟု အီရန်က ဇန်နဝါရီလ ၁၁ ရက်တွင်သတိပေးလိုက်သည်။ အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက်ဘာကေကာလီဘတ်က အမေရိကန်အစိုးရသို့ သတိပေးချက်ကို လွှတ်တော်၌ တိုက်ရိုက်ပြောခဲ့ခြင်းဖြစ်သည်။

Read more

အာဖရိက၏အကြီးဆုံးလေဆိပ်ဖြစ်လာမည့် ဆောက်လုပ်ရေးလုပ်ငန်းများ အီသီယိုးပီးယားစတင်

အာဖရိက၏အကြီးဆုံးလေဆိပ်ဖြစ်လာမည့် ဆောက်လုပ်ရေးလုပ်ငန်းများ အီသီယိုးပီးယားစတင်
================
အာဖရိက၏အကြီးဆုံးလေကြောင်းအချက်အချာ ဖြစ်လာဖွယ်ရှိသည့် ဘစ်ရှော့ဖူအပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ဆောက်မှုအခမ်းအနားကို အီသီယိုးပီးယားဝန်ကြီးချုပ် အဘီအာမက် က ဇန်နဝါရီလ ၁၀ ရက် ဖွင့်လှစ်ပေးခဲ့သည်။

အီသီယိုးပီးယားနိုင်ငံ၏ကျယ်ပြန့်သောလေကြောင်းတိုးတက်မှုကို ဆက်လက်ထိန်းသိမ်းရန်နှင့် အာဖရိက၏ ထိပ်တန်းလေကြောင်းပို့ဆောင်ရေး တံခါးပေါက်ဖြစ်လာစေရေး အစိတ်အပိုင်းတစ်ခုအဖြစ် အဓိက လေဆိပ်စီမံကိန်း ဆောက်လုပ်ရခြင်းဖြစ်သည်ဟု အီသီယိုးပီးယားဝန်ကြီးချုပ်က ဖွင့်ပွဲအခမ်းအနားတွင် ပြောသည်။

Read more

အစည်းအဝေးမှာ မှတ်တမ်းယူပေးမယ့် AI လက်စွပ်

အစည်းအဝေးမှာ မှတ်တမ်းယူပေးမယ့် AI လက်စွပ်
=======================
ဒီလက်စွပ်ဘေးက ခလုတ်တစ်ချက် နှိပ်လိုက်တာနဲ့ ကြားရသမျှ စကားသံတွေ အသံဖမ်းပြီး စာသားပြောင်းနိုင်ပါတယ်။ အရေးကြီးတဲ့အပိုင်းကို သုံးသပ်ချက် insight ထုတ်ချင်ရင် ခလုတ်ကို ထပ်နှိပ်ပြီး မှတ်ထားလို့ ရပါတယ်။ ဒါဆို AI နဲ့ သုံးသပ်ချက် insight ထည့်ပေးပါလိမ့်မယ်။

Read more

ရေကြီးရေလျှံမှုဒဏ် ခံနိုင်သည့် ပလတ်စတစ် အုတ်ခဲအသစ်များကို CES 2026 တွင် ပြသ

ရေကြီးရေလျှံမှုဒဏ် ခံနိုင်သည့် ပလတ်စတစ် အုတ်ခဲအသစ်များကို CES 2026 တွင် ပြသ
==================
ပလတ်စတစ်ညစ်ညမ်းမှုနဲ့ ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာတဲ့ ရေဘေးအန္တရာယ်တွေကို ဖြေရှင်းနိုင်ဖို့အတွက် WES-Tec Global ကုမ္ပဏီက ပလတ်စတစ်အဟောင်းတွေနဲ့ ရာနှုန်းပြည့်ပြုလုပ်ထားတဲ့ ECOCCUBE အုတ်ခဲတွေကို CES 2026 ပြပွဲမှာ မိတ်ဆက်လိုက်ပါတယ်။

Read more

ဂျပန်ရွေးကောက်ပွဲကို စော၍ ကျင်းပဖွယ်ရှိ

ဂျပန်ရွေးကောက်ပွဲကို စော၍ ကျင်းပဖွယ်ရှိ
================
ဂျပန်ဝန်ကြီးချုပ် ဆာနအဲ တာကာအိချီသည် ရွေးကောက်ပွဲကို စော၍ ကျင်းပဖွယ်ရှိကြောင်း သူ့ပါတီ၏ ညွန့်ပေါင်းမိတ်ဖက်ပါတီ ခေါင်းဆောင်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာ၏ ပရိသတ်တစ်ဦးဖြစ်ကာ ဂျပန်နိုင်ငံ၏ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်သော ကွန်ဆာဗေးတစ် တာကာအိချီအတွက် မဲဆန္ဒရှင်များနှင့် ပထမဆုံးအကြိမ် ရင်ဆိုင်ရမည့်ရွေးကောက်ပွဲဖြစ်သကဲ့သို့ အောက်တိုဘာလတွင် ရာထူးတာဝန်စတင်ထမ်းဆောင်ပြီးနောက်ပိုင်း ရရှိထားသော ခိုင်မာသောလူထုထောက်ခံမှုကို အသုံးချနိုင်မည့် အခွင့်အရေးဖြစ်သည်။

Read more

ထိုင်းတောင်ပိုင်းနယ်စပ်ရှိ နိုင်ငံပိုင် ဆီဆိုင် ၁၁ ဆိုင် ဗုံးခွဲခံရ

ထိုင်းတောင်ပိုင်းနယ်စပ်ရှိ နိုင်ငံပိုင် ဆီဆိုင် ၁၁ ဆိုင် ဗုံးခွဲခံရ
=======================
တနင်္ဂနွေနေ့ နံနက်အစောပိုင်းက ထိုင်းတောင်ပိုင်း နယ်စပ်ခရိုင် သုံးခုရှိ နိုင်ငံပိုင်  ပီတီတီ စက်သုံးဆီဆိုင် ၁၁ ဆိုင် သည် ဗုံးခွဲတို-က်ခို-က်ခံခဲ့ရကြောင်းသိရသည်။ ကနဦးသတင်းများအရ အေ-သအပျောက် များ မရှိကြောင်း သိရသည်။
“မသမာသူများ” က စက်သုံးဆီဆိုင် ၁၁ ဆိုင်ကို ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်းလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဌာန (အိုင်အက်စ်အိုစီ) က ပြောကြားခဲ့ပြီး မီးငြိမ်းသတ်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

Read more