၂၀၂၅ ခုနှစ်ရဲ့ အကောင်းဆုံးပြင်သစ်နည်းပြအဖြစ် လိုင်လီနည်းပြ ယန်နေစီယို ရွေးချယ်

၂၀၂၅ ခုနှစ်ရဲ့ အကောင်းဆုံးပြင်သစ်နည်းပြအဖြစ် လိုင်လီနည်းပြ ယန်နေစီယို ရွေးချယ်
===============
လိုင်လီအသင်းရဲ့နည်းပြ ယန်နေစီယိုဟာ ၂၀၂၅ ခုနှစ်ရဲ့ အကောင်းဆုံးပြင်သစ်နည်းပြအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။
ဒီရွေးချယ်မှုကို နာမည်ကျော် ပြင်သစ်မဂ္ဂဇင်း(France Football)က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆန္ဒမဲရလဒ်အရ ယန်နေစီယိုက အမှတ်အများဆုံးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ယန်နေစီယိုက (၅၃)မှတ်ရရှိခဲ့တာဖြစ်ပြီး ဆန်းဒါးလန်းနည်းပြ လီဘရစ်က (၃၆)မှတ်နဲ့ ဒုတိယအများဆုံးရရှိခဲ့ပါတယ်။
ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒေးရွှမ့်ကတော့ (၅)မှတ်သာရရှိတာကြောင့် အဆင့်(၇)နေရာမှာသာ ရပ်တည်နိုင်ခဲ့ကြောင်း သိရပါတယ်။
ယန်နေစီယိုဟာ ၂၀၂၄ နွေရာသီမှာမှ လိုင်လီအသင်းကို စတင်ကိုင်တွယ်ခဲ့သူဖြစ်ပြီး ၂၀၂၄-၂၅ ရာသီ ပြင်သစ်လိဂ်မှာ အဆင့်(၅)နေရာရရှိခဲ့ပြီး ချန်ပီယံလိဂ်မှာ (၁၆)သင်းအဆင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ကြောင်း သိရပါတယ်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ငပုတောမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ပါတီဝင်များ နှင့် တွေ့ဆုံ

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ငပုတောမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ပါတီဝင်များ နှင့် တွေ့ဆုံ
======================
ဧရာဝတီ ၊ ဇန် ၁၃/၂၆

Read more

ရာသီကုန်အထိ ယာယီနည်းပြအဖြစ် မိုက်ကယ်ကာရစ်ကို မန်ယူအသင်း တာဝန်ပေးအပ်

ရာသီကုန်အထိ ယာယီနည်းပြအဖြစ် မိုက်ကယ်ကာရစ်ကို မန်ယူအသင်း တာဝန်ပေးအပ်
===================
မန်ယူအသင်းရဲ့ ယာယီနည်းပြအဖြစ် ရာသီကုန်အထိ ခန့်အပ်ခံလိုက်ရပြီဖြစ်တဲ့ ကွင်းလယ်ကစားသမားဟောင်း မိုက်ကယ်ကာရစ်ဟာ အသင်းကို ဒီနေ့ စတင်လေ့ကျင့်ပြင်ဆင်မယ်လို့ သိရပါတယ်။
ကာရစ်ဟာ မန်ယူအသင်းမှာ ဆုဖလားအောင်ပွဲများစွာ ရယူနိုင်ခဲ့တဲ့ ကွင်းလယ်ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ ယာယီနည်းပြအဖြစ် (၃)ပွဲ တာဝန်ယူခဲ့ဖူးပါတယ်။
မန်ယူအသင်းက နည်းပြ အာမိုရင်မ်ကို ရာထူးက ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြသစ် ခန့်အပ်မှုကို လာမယ့်နွေရာသီမှ ပြုလုပ်ဖို စီစဉ်ထားပြီး ကာရစ်ကို ယာယီနည်းပြအဖြစ် ရာသီကုန်အထိ တာဝန်ပေးလိုက်တာဖြစ်ပါတယ်။
ကာရစ်ဟာ သူ့ရဲ့နည်းပြအဖွဲ့ဝင်စာရင်းမှာ စတိဗ်ဟော်လန်၊ ဝုဒ်ဂိတ်၊ ဂျွန်နီအီဗန်စ်နဲ့ ထရာဗစ်ဘင်နီယွန်တိံကို ထည့်သွင်းဖွဲ့စည်းခဲ့ကြောင်း သိရပါတယ်။
မန်ယူအသင်းရဲ့ ယာယီနည်းပြအဖြစ် ကာရစ် စတင်ရင်ဆိုင်ရမှာက မန်ချက်စတာဒါဘီပွဲဖြစ်ပြီး နောက်ပွဲက အာဆင်နယ်နဲ့ဖြစ်ကြောင်း သိရပါတယ်။

Read more

ရိုးရာဖိုက်တာ စိုးလင်းဦး ထိုင်းဖိုက်တာနှင့် ထိုးသတ်မည်

ရိုးရာဖိုက်တာ စိုးလင်းဦး ထိုင်းဖိုက်တာနှင့် ထိုးသတ်မည်
=======================
ONE ပွဲစဉ်များနှင့် ဝေးကွာနေသည့် ရိုးရာဖိုက်တာ စိုးလင်းဦးသည် ထိုင်းဖိုက်တာ Worapon နှင့် ONE Friday Fights 139 ပွဲစဉ်တွင် ယှဉ်ပြိုင်ထိုးသတ်သွားရမည်ဖြစ်ကြောင်း တရားဝင်အသိ‌ပေးလာပြီဖြစ်ပါတယ်။
ပွဲစဉ်ကို ယခုလ ဇန်နဝါရီ (၂၃)ရက် ညနေ (၆)နာရီတွင် ကျင်းပမည်ဖြစ်ပြီး ၎င်းတိုနှစ်ဦး ဘန်တန်ဝိတ်တန်း မွေထိုင်းနည်းစနစ်ဖြင့် ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ပါတယ်။
စိုးလင်းဦးသည် ONE ၌ ဘန်တန်ဝိတ်တန်း ကစားနေသူ တစ်ဦးဖြစ်ပြီး ဒေါ်လာတစ်သိန်းတန်စာချုပ်ရပြီးနောက်ပိုင်း (၃)ပွဲကစားရာမှာ နာဘီးလ်၊ ဆက်ဆန်၊ ကော့ဗ်ထန်းတိုကို ဆက်တိုက်ရှုးနိမ့်ထားပါတယ်။
စိုးလင်းဦးသည် ONE- 173 ပွဲစဉ်တွင် လီရန်ဟာရစ်ဆင်နှင့် ထိုးသ-တ်ရန် စီစဉ်ထားခဲ့သော်လည်း ပွဲပျက်သွားခဲ့ရကြောင်း သိရပါတယ်။

Read more

ယာယီရပ်နားထားတဲ့ ရန်ကုန်-မန္တလေး ရထားခရီးစဉ်များ ပြန်လည်ပေးဆွဲနေ

ယာယီရပ်နားထားတဲ့ ရန်ကုန်-မန္တလေး ရထားခရီးစဉ်များ ပြန်လည်ပေးဆွဲနေ
==================
(ပြည်တွင်း) ဇန်နဝါရီ ၁၄

ပဲခူးတိုင်းဒေသကြီး၊ တောကျွဲအင်းမြို့ဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများကြောင့် ယာယီရပ်နားထားတဲ့ ရန်ကုန်-မန္တလေး ရထားခရီးစဉ်များ ပြန်လည်ပေးဆွဲနေပြီဖြစ်ကြောင်း မြန်မာ့မီးရထားကနေ သိရပါတယ်။

Read more

ဗင်နီဇွဲလား၌ ရင်းနှီးမြှုပ်နှံရန် ထရမ့်၏ တွန်းအားပေးမှု ရေနံကုမ္ပဏီကြီးများ စိတ်ဝင်စားနေ

ဗင်နီဇွဲလား၌ ရင်းနှီးမြှုပ်နှံရန် ထရမ့်၏ တွန်းအားပေးမှု ရေနံကုမ္ပဏီကြီးများ စိတ်ဝင်စားနေ
================================
ဗင်နီဇွဲလားနိုင်ငံ၏ ရေနံကဏ္ဍအတွင်း အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ အထိ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် အမေရိကန်အစိုးရ၏ တွန်းအားပေးနေမှုကို ကမ္ဘာ့ရေနံကုမ္ပဏီကြီးများက စိတ်ဝင်စားနေကြောင်း သိရသည်။

Read more

မန်ယူကစားသမား ဖာနန်ဒက်ကို ဆော်ဒီထိပ်တန်း အသင်းကြီးများက ခေါ်ယူရန်စီစဉ်

မန်ယူကစားသမား ဖာနန်ဒက်ကို ဆော်ဒီထိပ်တန်း အသင်းကြီးများက ခေါ်ယူရန်စီစဉ်
=============================

မန်ယူအသင်းနှင့် အနာဂတ်မရေမရာဖြစ်နေသည့် ကွင်းလယ်ကစားသမား ဖာနန်ဒက်အား ယခုဘောလုံး ရာသီအကုန်တွင် ဆော်ဒီထိပ်တန်းကလပ် အသင်းများက ခေါ်ယူရန်စီစဉ်နေကြောင်း သိရသည်။

ဖာနန်ဒက်သည် ၂၀၁၉ ခုနှစ်က စပို့တင်းလစ္စ ဘွန်းအသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ကစား ပြီးနောက် အသင်းနှင့်အတူ ဘောလုံးရာသီတိုင်း တွင် ခြေစွမ်းပြကစားနိုင်ကာ လက်ရှိပရီးမီးယားလိဂ် ပြိုင်ပွဲ၌ အကောင်းဆုံးကွင်းလယ် ကစားသမားများထဲတွင် တစ်ဦးအပါအ၀င် ရပ်တည်နေသူဖြစ်သည်။

Read more

ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း လေးမျက်နှာမြို့နယ်၊ အင်္ဂပူမြို့နယ်ရှိ မြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပါတီဝင်များနှင့်တွေ့ဆုံ

ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း လေးမျက်နှာမြို့နယ်၊ အင်္ဂပူမြို့နယ်ရှိ မြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပါတီဝင်များနှင့်တွေ့ဆုံ
=======================
ဧရာဝတီ ဇန် ၁၂/၂၆

Read more