အီတလီလက်ရွေးစင်အသင်းနည်းပြသစ်အဖြစ် ဂတ်တူဆို ခန့်အပ်

အီတလီလက်ရွေးစင်အသင်းနည်းပြသစ်အဖြစ် ဂတ်တူဆို ခန့်အပ်
===================================================
အီတလီလက်ရွေးစင်အသင်းနည်းပြသစ်အဖြစ် ဂတ်တူဆိုကို ခန့်အပ်လိုက်တယ်လို့ အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဂရာဗီနာက အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ ဂတ်တူဆိုရဲ့အီတလီနည်းပြမိတ်ဆက်ပွဲအခမ်းအနားကို ဇွန်လ(၁၉)ရက်၊ ကြာသပတေးနေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဂရာဗီနာက “ဂတ်တူဆိုဟာ အီတလီဘောလုံးလောကရဲ့သင်္ကေတတစ်ခုဖြစ်ပါတယ်။ အီတလီဂျာစီက သူ့အတွက် ဒုတိယအရေပြားဖြစ်နေပါတယ်။ သူ့ရဲ့လှုံ့ဆောင်မှု၊ ပရောက်ဖက်ရှင်နယ်ဆန်မှုနဲ့ အတွေ့အကြုံတွေက အီတလီအသင်းရဲ့လာမယ့်စိန်ခေါ်မှုတွေရင်ဆိုင်ဖို့ အခြေခံအချက်တွေဖြစ်လာမှာပါ။ ဒီစိန်ခေါ်မှုကို လက်ခံဖို့ ဆုံးဖြတ်ခဲ့တဲ့ ဂတ်တူဆိုကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ဂတ်တူဆိုဟာ ကစားသမားအဖြစ်နဲ့ ၂၀၀၆ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့သူဖြစ်ပြီး အီတလီအသင်းအတွက် (၇၃)ပွဲကစားခဲ့ပါတယ်။ ဒါ့အပြင် သူဟာ ၂၀၀၀ ပြည့်နှစ်က ယူရို ယူ-၂၁ ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့အီတလီလူငယ်အသင်းမှာလည်း ပါဝင်ခဲ့သူဖြစ်ပါတယ်။ ဂတ်တူဆိုဟာ အေစီမီလန်၊ နာပိုလီ၊ ဗလင်စီယာ၊ မာဆေးနဲ့ ဟာဒက်စပလစ်အသင်းတွေမှာ နည်းပြလုပ်ခဲ့ဖူးပါတယ်။

Read more

တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးခရီးထွက်ခွာ

တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးခရီးထွက်ခွာ
========================
ဇွန် ၁၆၊ နေပြည်တော်

Read more

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းနှင့် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ G-12 စာမေးပွဲဖြေဆိုသည့် ကျောင်း သား/သူများကို အားပေးစကား ပြောကြားပြီး ရေသန့်ဗူးများလှူဒါန်း

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းနှင့် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ G-12 စာမေးပွဲဖြေဆိုသည့် ကျောင်း သား/သူများကို အားပေးစကား ပြောကြားပြီး ရေသန့်ဗူးများလှူဒါန်း
===========================
မန္တလေး ဇွန် ၁၆

Read more

ကွင်းလယ်လူ ပေါ့ဘာ မိုနာကို အသင်းဆီ ၂နှစ်စာချုပ်နဲ့ ပြောင်းရွှေ့မည်

ကွင်းလယ်လူ ပေါ့ဘာ မိုနာကို အသင်းဆီ ၂နှစ်စာချုပ်နဲ့ ပြောင်းရွှေ့မည်
=========================
မိုနာကိုအသင်းက ကလပ်အသင်းလက်မဲ့ဖြစ်နေ သည့် ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကို နှစ်နှစ် စာချုပ်ဖြင့်ခေါ်ယူနိုင်ရန် သဘောတူညီမှု ရရှိထားကြောင်း သိရသည်။

Read more

အိန္ဒိယမှာ ရဟတ်ယာဉ်ပျက်ကျ

အိန္ဒိယမှာ ရဟတ်ယာဉ်ပျက်ကျ
===================
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တာရာခန်ပြည်နယ်တွင် တနင်္ဂနွေနေ့က လူခြောက်ဦး လိုက်ပါသွားသော ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့သည်ဟု အေအင်န်အိုင် သတင်းဌာနက သတင်းထုတ်ပြန်သည်။

ရဟတ်ယာဉ်သည် ပြည်နယ်၏ Gaurikund ဧရိယာတွင် ပျောက်ဆုံးသွားခဲ့သည်ဟု တာဝန်ရှိသူတစ်ဦးကို ကိုးကား၍ အေအင်န်အိုင်က ဖော်ပြခဲ့သည်။

Read more

ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး၊အမျိုးသမီးရေးရာ တာဝန်ခံ ဒေါက်တာစန်းစန်းနွယ်ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အမျိုးသမီး များ နှင့် တွေ့ဆုံ

ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး၊အမျိုးသမီးရေးရာ တာဝန်ခံ ဒေါက်တာစန်းစန်းနွယ်ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အမျိုးသမီး များ နှင့် တွေ့ဆုံ
=======================
ရန်ကုန် ဇွန် ၁၅

Read more

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် အောက်မြန်မာပြည် အမျိုးသမီးရေးရာ တာဝန်ခံဒေါ်ခင်ရွှေမြင့်နှင့် ပဲခူးတိုင်းဒေသကြီး(အနောက်) ပါတီတာဝန်ရှိသူများခုတ်ပင်အုပ်စု ကျေးရွာရှိပါတီဝင်များနှင့် တွေ့ဆုံ

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် အောက်မြန်မာပြည် အမျိုးသမီးရေးရာ တာဝန်ခံဒေါ်ခင်ရွှေမြင့်နှင့် ပဲခူးတိုင်းဒေသကြီး(အနောက်) ပါတီတာဝန်ရှိသူများခုတ်ပင်အုပ်စု ကျေးရွာရှိပါတီဝင်များနှင့် တွေ့ဆုံ
==========================
ဇွန်လ ၁၄ ပြည်

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် အောက်မြန်မာပြည်အမျိုးသမီးရေးရာတာဝန်ခံဒေါ်ခင်ရွှေမြင့်နှင့်အတူပဲခူးတိုင်းဒေသကြီး(အနောက်)တိုင်းပါတီဥက္ကဌ ဦးအောင်ချိုဦး၊တိုင်းအတွင်းရေးမှူး ဦးကျော်ကျော်လင်း ၊တိုင်းကော်မတီဝင် ဦးမျိုးအောင် နှင့်ဒေါ်ထားထားနုတို့လိုက်ပါပြီး ပြည်မြို့နယ် ၊အနောက်လက်ခုတ်ပင်အုပ်စုကျေးရွာရှိရပ်ကျေးပါတီကော်မတီဝင်များ၊ပါတီဝန်းရံအင်အားများနှင့်နေ့လည်(၁)နာရီ တွင်တွေ့ဆုံပြီး ရွေးကောက်ပွဲကျင်းပမည့်အခြေအနေများ၊ရပ်ကျေးပါတီမှအောင်နိုင်ဆိုင်ရာလုပ်ငန်းစဉ်များအပေါ်ဆောင်ရွက်ရမည့်ကိစ္စရပ်များကိုအပြန်အလှန်ညှိ့နိုင်းဆွေးနွေးခဲ့ပါသည်။

Read more

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊အလုပ်သမား ရေးရာတာဝန်ခံ ဦးမောင်မြင့်လှိုင်သာယာ မြို့နယ် ရှိJESSIE စက်ရုံအလုပ်သမား များ နှင့်တွေ့ဆုံ

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊အလုပ်သမား ရေးရာတာဝန်ခံ ဦးမောင်မြင့်လှိုင်သာယာ မြို့နယ် ရှိJESSIE စက်ရုံအလုပ်သမား များ နှင့်တွေ့ဆုံ
=======================
ဇွန် ၁၃ လှိုင်သာယာ

Read more

အီရန်က အစ္စရေးကို လက်တုံ့ပြန်တိုက်ခိုက်မှုများ ပြုလုပ်

အီရန်က အစ္စရေးကို လက်တုံ့ပြန်တိုက်ခိုက်မှုများ ပြုလုပ်
====================
အီရန်တပ်မတော်သည် အစ္စရေးနိုင်ငံကို ပဲ့ထိန်းဒုံးကျည်များဖြင့် လက်တုံ့ပြန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် နှစ်နိုင်ငံစလုံးတွင် သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့ကြောင်း အင်န်အိတ်ခ်ျကေသတင်းတွင် ဖော်ပြထားသည်။

အစ္စရေးလေတပ်စခန်းများနှင့် အခြားစစ်ဘက်နေရာများကို အီရန်က ဇွန်လ ၁၄ ရက်တွင် ပဲ့ထိန်းဒုံးကျည်နှင့် ဒရုန်းများဖြင့်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုများတွင် ပစ်မှတ်ဒါဇင်နှင့်ချီ ထိမှန်ခဲ့ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ပြောကြားသည်။

Read more

မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး မေထက်လူ အသင်းနှင့် လာရောက်ပူးပေါင်း

မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး မေထက်လူ အသင်းနှင့် လာရောက်ပူးပေါင်း
=====================
အာရှဖလား ခြေစစ်ပွဲကစားရန် မြန်မာ့လက်ရွေးစင်အသင်း တိုက်စစ်မှူး မေထက်လူသည် မနေ့ ကဇွန်လ (၁၂) ရက်တွင် အသင်းနှင့် ပူးပေါင်းကာ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရပါတယ်။

သူမသည် ယမန်နေ့ဇွန် (၁၁) ရက် ညနေ‌ ပိုင်းက ရန်ကုန်အ ပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကာ ယခင်က ဇွန် (၈)ရက်၌ အသင်းနှင့်လာရောက်ပူးပေါင်းမည်ဟု သတင်းများထွက်ပေါ်ခဲ့သေးပါတယ်။

Read more