နိုင်ငံအတွင်းရှိ စားသောက်ဆိုင်များကို ဟာလာအသိအမှတ်ပြုလက်မှတ် ထုတ်ပေးရန် တောင်ကိုရီးယား စီစဉ်

ခရီးသွားဧည့်သည်များကို ဟာလာအစားအသောက်များ ၀န်ဆောင်မှုပေးနိုင်ရန်အတွက် တောင်ကိုရီးယား ခရီးသွားလာရေးအဖွဲ့ KTO မှာ နိုင်ငံအတွင်းရှိ စားသောက်ဆိုင်များအား ဟာလာလ်အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်ရေး ကြိုးပမ်းနေသည်ဟု သိရသည်။

စားသောက်ဆိုင်များ၏ အစားသောက် ချက်ပြုတ်တည့်ခင်းမှုကို အခြေခံ၍ သြဂုတ်လအတွင်း ဟာလာအသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးရန် စီစဉ်နေခြင်းဖြစ်သည်။ အဆင့် ၅ ဆင့် သတ်မှတ်ထားသည့် အဆိုပါ အသိအမှတ်ပြုလက်မှတ်ကို ကိုရီးယားမွတ်စလင်အသင်းက ထုတ်ပေးသွားမည်ဖြစ်သည်။

Read more

ဆီးရီးယားပြည်သူ ၃၀၀ ကျော်ကို IS ပြန်ပေးဆွဲထား

ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့အနီးရှိ ဘိလပ်မြေစက်ရုံအား တနင်္လာနေ့က IS ၏ ၀င်ရောက်တိုက်ခိုက်မှုအတွင်း အလုပ်သမား ၃၀၀ ကျော်ကို ပြန်ပေးဆွဲခဲ့ည်ဟု ဆီးရီးယားနိုင်ငံပိုင် သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။

Badia Cement စက်ရုံဖြစ်ပြီး ပိုင်ရှင်နှင့် ကျန်ရစ်ခဲ့သည့် မိသားစုများကမူ အလုပ်သမားများနှင့် ဆက်သွယ်၍မရဟု ပြောကြားခဲ့သည်။ ပျောက်ဆုံးနေသောသူများ၏ အရေအတွက်နှင့် ပတ်သက်၍ ကွဲလွဲမှုများရှိနေကာ အချို့ရင်းမြစ်များက ၂၅၀ ဦးဟု ဖော်ပြခဲ့သည်။

Read more

မော်လမြိုင် အောက်လမ်းမကြီးက မီးပွိုင့်ပြင်ပေးစေချင်

မော်လမြိုင်၊ အောက်လမ်းမကြီး ချမ်းသာ မင်္ဂလာခန်းမနားက မီးပွိုင့်ပါ။

အခုလိုဖြစ်နေတာလဲပြင်မယ်သူမရှိပါဘူး။ ပျက်နေတဲ့အတိုင်းထားထားတာ ကြနေပါပြီ။


Read more

ခွေးနင်းလို့ ပေါက်သွားတဲ့ ကွန်ကရစ်လမ်းအတွက် ဘယ်သူ တာဝန်ယူမှာလဲ

ရွှေပြည်သာမြို့နယ် အမှတ် ၇ ရပ်ကွက် နန်းမြိုင်ပန်းခြံက လမ်းတွေကို အခု ကွန်ကရစ်လမ်းခင်းနေပါတယ်။ နန်းမြိုင်ပန်းခြံမှာ လမ်း ၄လမ်းရှိတဲ့အနက် အခုလက်ရှိမှာတော့ နန်းမြိုင် ၂လမ်းကို ခင်းနေတာဖြစ်ပါတယ်။ လမ်းခင်းထားတာ လေး၊ ငါးရက်ပဲရှိသေးတယ်။ ဒီမနက်မှာ လမ်းကပေါက်နေပါပြီ။ ခွေးနင်းလို့ ကျွံပြီးပေါက်သွားတယ်လို့ ရပ်ကွက်နေပြည်သူတွေကတော့ ပြောနေကြပါတယ်။ ဒါနဲ့ ကိုယ်တိုင်သွားပြီး တိုင်းထွာကြည့်တော့ လမ်းကွန်ကရစ်ထုဟာ လက်မ၀က်လောက်ပဲရှိတာ တွေ့ရပြီး လက်ညှိုးနဲ့နှိုက်သမျှ သဲတွေထွက်လာပါတယ်။

Read more

ဒေါ့မွန်ကွင်းကို ပြန်သွားရတာက မြောက်ကိုးရီးယားကို သွားရတာထက်တော့ ပိုကောင်းမယ်လို့ ကလော့ပ်အရွှန်းဖောက်

ဒေါ့မွန်အသင်းနဲ့ ပြန်လည်ရင်ဆိုင်ဖို့အတွက် ဂျာမန်မြေကို ပြန်သွားရတာဟာဆိုရင်တော့ မြောက်ကိုးရီးယားကို သွားရတဲ့ ခရီးစဉ်နဲ့ စာရင်တော့ ပိုကောင်းတယ်လို့ ထင်ပါတယ်ဆိုပြီး လီဗာပူးလ်နည်းပြ Jurgen Klopp (ယာဂန်ကလော့ပ်)က ဟာသပုံစံနဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီနေ့ညမှာတော့ ကြိုးကြာနီတွေဟာ ဒေါ့မွန်အသင်းကို ယူရိုပါလိဂ် ကွာတားဖိုင်နယ်အဖြစ် ဂျာမန်မြေမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ဒေါ့မွန်နည်းပြဟောင်းနဲ့ လီဗာပူးလ်လက်ရှိနည်းပြ ကလော့ပ် “ကျွန်တော်တို့အတွက် တက်ဖို့ခဲယဉ်းတဲ့ အကြီးမားဆုံးတောင်တစ်ခုလို့ ထင်ပါတယ်။ ကျွန်တော်တို့လုပ်နိုင်မှာပါ” လို့ ပြောကြားခဲ့ပါတယ်။

Read more

iPhone 6 Plus ကို အမှီလိုက်လာတဲ့ Xiaomi ရဲ့ Mi Note

ကမ္ဘာပေါ်မှာ တန်ဖိုးထိုက်တန်တဲ့ အရာတွေကို ရပ်တန့်လို့မရနိုင်ပါဘူး။ IP ကင်မရာတစ်ခု ၊ စမတ်မီးသီး တစ်လုံး နဲ့ Redmi 2 တို့ကိုထုတ်လုပ်ပြီးတဲ့နောက်မှာ Xiaomi ဟာ သူ့ရဲ့ အရည်အသွေးမြင့် Phablet တစ်လုံးဖြစ်တဲ့ ၅.၇ လက်မ အရွယ်အစားရှိ Mi Note နဲ့ Apple ရဲ့ iPhone 6 Plus ကို အမှီ လိုက်လာ ပါတယ်။
 Xiaomi ရဲ့ CEO တစ်ယောက်ဖြစ်တဲ့ Lei Jun က ၆.၉၅ မီလီမီတာ ထူပြီး ၁၆၁ ဂရမ် လေးတဲ့ Mi Note ဟာ iPhone 6 Plus ထက်ပိုမို ပေါ့ပါးပြီး ပိုမို ပါးလွှာတယ်လို့ ဆိုထားပါတယ်။ အရည်အသွေးချင်း ယှဉ်ကြည့်တဲ့ အခါမှာလည်း Dual Sim ထည့်သွင်းနိုင်တဲ့ Mi Note ဟာ Gorilla Glass 3 နဲ့ ပြုလုပ်ထားတဲ့ မျက်နှာပြင်လည်း ပါဝင်တဲ့အတွက် လူကြိုက်များ နေခဲ့တာဖြစ်ပါတယ်။
 Samsung ရဲ့ နောက်ဆုံးထုတ် ဖုန်းတွေလိုပဲ သတ္တုကိုယ်ထည် ကို သုံးထား တဲ့အ တွက်   ရွေးချယ်စရာ တစ်ခုဖြစ်နေခဲ့တာပါ။ ဈေးနှုန်းကလည်း ဒေါ်လာ ၃၇၀ ၀န်းကျင်ဖြစ်တဲ့အတွက် သက်သာ တယ်လို့ ဆိုနိုင်ပေမယ့်လည်း တရုတ်နိုင်ငံ က Xiaomi ပရိတသတ်တွေကတော့ အရင်တုန်းက ထုတ်လုပ်ခဲ့တဲ့ Xiaomi ရဲ့ ဒေါ်လာ ၃၀၀ မကျော်တဲ့ စမတ်ဖုန်းတွေလောက် သဘောမကျ ဘူးလို့ သိရပါတယ်။
Read more

မာဆယ်လိုဟာ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်တယ်လို့ ဝုလ်ဖ်ဘတ်နည်းပြဟက်ကင်း ဝေဖန်

ဘရာဇီးလ်နောက်ခံလူ Marcelo (မာဆယ်လို)ဟာဆိုရင်တော့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဖြစ် ကစားခဲ့ကြတဲ့ ဝုလ်ဖ်ဘတ်အသင်းနဲ့ ပွဲစဉ်မှာ ဝုလ်ဖ်ဘတ်တိုက်စစ်မှူး အာနိုးလ်နဲ့ အချင်းများခဲ့ပြီး မာဆယ်လိုက ဟန်ဆောင်လှဲချခဲ့တာကြောင့် ဘောလုံးအသိုင်းအဝိုင်းက အကြီးအကျယ်ဝေဖန်လျက်ရှိနေကြပါတယ်။

ကင်မရာမှတ်တမ်းတွေအရတော့ ဝုလ်ဖ်ဘတ်တိုက်စစ်မှူး အာနိုးလ်ဟာ မာဆယ်လိုကို လက်နဲ့တောင် မထိခဲ့ပေမယ့် မာဆယ်လိုက ဟန်ဆောင်လှဲချပြီး မျက်နှာကို လက်နဲ့အပုတ်ခံလိုက်ရတဲ့ ပုံစံပြုလုပ်ခဲ့တာပါ။ ဒါ့ကြောင့် ကွင်းလယ်ဒိုင်ရဲ့ အဝါကတ်ပြပြီး သတိပေးမှုကို အာနိုးလ်တစ်ယောက် ငြိမ်ခံခဲ့ရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဝုလ်ဖ်ဘတ်နည်းပြ ဒိုင်းယတ်ဟက်ကင်းက မာဆယ်လိုကို အခုလိုပဲဝေဖန်ခဲ့ပါတယ်။
“မာဆယ်လိုက ဘောလုံးသမားမဟုတ်ပါဘူး။ ကောင်းမွန်တဲ့သရုပ်ဆောင်တစ်ယောက်ပါ။ ဒီလုပ်ရပ်က ကျွန်တော့်ကို စိတ်ပျက်စေပါတယ်။ သူ့အနေနဲ့ လုပ်သင့်တဲ့ အပြုအမူမဟုတ်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

Read more

ကျောင်းကြီးအိုးတန်းရပ်တွင် မီးမတော်တဆမှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ကျောင်းကြီးအိုးတန်းရပ်ကွက် ကုန်သည်လမ်းရှိ ဦးခင်မောင်ဝင်း၏နေအိမ် ပေ ၄ဝx၁၅ပေ သွပ်မိုး၊ ထရံကာမြေစိုက်နေအိမ်တွင် ယမန်နေ့ နံနက် ၃ နာရီ ၃၅မိနစ်ခန့်တွင် လျှပ်စစ်ဝိုင်ယာကြိုးများ အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့ရာ သန္ဓေနှင့်အရန်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ် ၁၁ စီး၊ သန္ဓေ ၂ဝ ဦး၊ အရန် ၄၅ ဦးတို့သွားရောက်ငြှိမ်းသတ်ရာ နံနက် ၃ နာရီ ၄၂ မိနစ်တွင် မီးငြှိမ်းနိုင်ခဲ့သည်။
အဆိုပါမီးလောင်ကျွမ်းမှုကြောင့် ဝါးထရံတစ်ချပ် မီးလောင်ကျွမ်း ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၅ဝဝဝခန့်ရှိကြောင်း ပြည်ခရိုင်မီးသတ် ဦးစီးမှူးရုံးမှ သိရသည်။

Read more

ပါတီရှင်သန်ခိုင်မာရန် “ကိုယ်တိုင်ယုံကြည်မှု၊ ယုံကြည်သည့်အတိုင်း လက်တွေ့ လုပ်ဆောင်သည့် ခံယူမှုနှင့် မိမိတို့ယုံသလို ခံယူသလို ပြည်သူများ လိုက်ပါဆောင်ရွက်ရန် လုပ်ဆောင်သည့် စည်းရုံးရေး” တို့သည် အဓိကကျ

“မိမိတို့ ပါတီဝင်များသည် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲအနိုင်ရရှိရေး အတွက် အင်တိုက်အားတိုက် ကြိုးစား ခဲ့ကြကြောင်း၊ မိမိတို့တတ်စွမ်းသရွေ့ အတတ်နိုင်ဆုံး ဆောင်ရွက်ခဲ့ကြကြောင်း၊ ထိုသို့ဝိုင်းဝန်း ဆောင်ရွက်ခဲ့ ကြ သည့်အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း၊

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကိုယ်စား အသိအမှတ်ပြုပါကြောင်း၊ ရွေးကောက်ပွဲ နှင့်ပတ်သက်၍ မိမိတို့၏ အားနည်းချက်များကို လေ့လာသုံး သပ်ပြီး ပြုပြင်သွားရမည် ဖြစ်ကြောင်း၊ မိမိတို့ပါတီဝင်များသည် ကိုယ်တိုင် ယုံကြည်မှု၊ ခံယူမှုများဖြင့် ပါတီဝင်အဖြစ် ခံယူထားကြသူများ ဖြစ်ကြောင်း၊

Read more

မယ်ယန်းဘုရားကြီးကျောင်းတိုက် ပရ၀ုဏ်အတွင်းမြေဖို့ရန်လိုအပ်နေသည့် မြေများအားလှူ ဒါန်း

၂၃-၉-၂၀၁၄ ရက်နေ့တွင် တာချီလိတ်ခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ခရိုင်ကော်မတီ
ဝင် ဦးဘိုစံ၊ ဦးလွန်းသူ၊ ခေတ္တမြို့နယ်အတွင်းရေးမှူး ဦးကျဒေါလော် ဦးဆောင်သည့် မြို့နယ်ပါတီကော်မတီဝင်များ၊စည်းရုံးရေးမှူးများ၊ လူငယ်-မောင်မယ် အင်အား(၆၀)ဦးတို့သည်၊မယ်ယန်းဘုရားကြီးကျောင်းတိုက် ပရ၀ုဏ်အတွင်းမြေဖို့ရန်လိုအပ်နေသည့် မြေများအားလှူ ဒါန်းခြင်း နှင့် စုပေါင်းလုပ်အားဒါနများဆောင်ရွက်ခဲ့ကြပါသည် ။

10710621_724867144248511_3580549088023974181_n

Read more