၂၀၃၀ ကမာၻ႔ဖလားၿပိဳင္ပြဲ ‌ဗိုလ္လုပြဲကို စပိန္ႏိုင္ငံ၌က်င္းပမည္ျဖစ္ေၾကာင္း စပိန္ႏိုင္ငံ ေဘာလုံးအဖြဲ႕ခ်ဳပ္အတည္ျပဳ

၂၀၃၀ ကမာၻ႔ဖလားၿပိဳင္ပြဲ ‌ဗိုလ္လုပြဲကို စပိန္ႏိုင္ငံ၌က်င္းပမည္ျဖစ္ေၾကာင္း စပိန္ႏိုင္ငံ ေဘာလုံးအဖြဲ႕ခ်ဳပ္အတည္ျပဳ
========================
စပိန္ႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္က လာမည့္ ၂၀၃၀ ကမာၻ႔ဖလားၿပိဳင္ပြဲ ဗိုလ္လုပြဲကို စပိန္ႏိုင္ငံ၌ က်င္းပမည္ျဖစ္ေၾကာင္း အတည္ျပဳ ေၾကညာခဲ့သည္။

လာမည့္ ၂၀၃၀ ကမာၻ႔ဖလားၿပိဳင္ပြဲကိုလည္း ၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲနည္းတူ ပူးတြဲအိမ္ရွင္ႏိုင္ငံမ်ား အျဖစ္ စပိန္ႏိုင္ငံ၊ ေပၚတူဂီႏိုင္ငံႏွင့္ ေမာ္႐ိုကိုႏိုင္ငံတို႔ ၌က်င္းပမည္ျဖစ္ၿပီး အဆိုပါၿပိဳင္ပြဲသည္ ကမာၻ႔ဖလားၿပိဳင္ပြဲသမိုင္းတြင္ ရာျပည့္အထိမ္းအမွတ္ ၿပိဳင္ပြဲအျဖစ္ က်င္းပမည္ျဖစ္သည့္အတြက္ အုပ္စုပထမဆုံးပြဲစဥ္သုံးပြဲကို ပူးတြဲအိမ္ရွင္ႏိုင္ငံမ်ား၌ က်င္းပမည္မဟုတ္ဘဲ အာဂ်င္တီးနားႏိုင္ငံ၊ ပါရာေဂြးႏိုင္ငံႏွင့္ ဥ႐ုေဂြးႏိုင္ငံတို႔၌ က်င္းပမည္ျဖစ္ကာ က်န္ပြဲစဥ္မ်ားကိုသာ ပူးတြဲအိမ္ရွင္ႏိုင္ငံမ်ား၌ က်င္းပမည္ျဖစ္သည္။

အေစာပိုင္းက ဗိုလ္လုပြဲကို ေမာ္႐ိုကိုႏိုင္ငံက က်င္းပရန္အလိုရွိခဲ့ေသာ္လည္း ေဆြးေႏြးမႈမ်ားအၿပီး စပိန္ႏိုင္ငံ၌သာက်င္းပရန္ သေဘာတူညီမႈ ရရွိခဲ့ကာ စပိန္ႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္က ေၾကညာခဲ့ေသာ္လည္း က်င္းပမည့္ အားကစားကြင္းကို အတည္ျပဳ ထားျခင္း မရွိေသးဘဲ ရီးယဲလ္မက္ဒရစ္အသင္း၏ ဘာေနဗ်ဴးအားကစားကြင္းႏွင့္ မၾကာေသးမီက တည္ေဆာက္ၿပီးစီးခဲ့သည့္ န်ဴးကမ့္အားကစားကြင္းတို႔မွ တစ္ကြင္း၌ က်င္းပဖြယ္ရွိသည္။

‌ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ ဗိုလ္လုပြဲကို အိမ္ရွင္ႏိုင္ငံမ်ားက ေ႐ြးခ်ယ္ႏိုင္ေသာ္လည္း ဗိုလ္လုပြဲက်င္းပရမည့္အားကစားကြင္းကို အိမ္ရွင္ႏိုင္ငံမ်ား အေနျဖင့္ ေ႐ြးခ်ယ္ပိုင္ခြင့္မရွိဘဲ ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္(ဖီဖာ)က ေ႐ြးခ်ယ္သတ္မွတ္မည္ျဖစ္သည္။

မၾကာမီက်င္းပမည့္ ၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲကို ပထမဆုံးအႀကိမ္အျဖစ္ ပုံစံေျပာင္းလဲက်င္းပမည္ျဖစ္ၿပီး အသင္းအေရအတြက္ တိုးျမႇင့္ကာ ၄၈ သင္းျဖင့္က်င္းပမည္ျဖစ္သည့္အတြက္ အုပ္စုပြဲစဥ္ အေရအတြက္ မ်ားျပားလာမည္ျဖစ္ကာ လာမည့္ ၂၀၃၀ ကမာၻ႔ဖလား ၿပိဳင္ပြဲတြင္လည္း ကမာၻ႔ဖလားၿပိဳင္ပြဲ ဗိုလ္လုပြဲအပါအဝင္ အုပ္စုပြဲစဥ္အမ်ားစုကို စပိန္ႏိုင္ငံ၌သာက်င္းပဖြယ္ရွိၿပီး အက္သလက္တီကိုအသင္းႏွင့္ ဆီဗီလာအသင္းတို႔၏ အိမ္ကြင္းမ်ားလည္း ၿပိဳင္ပြဲလက္ခံ က်င္းပမည့္စာရင္းတြင္ ပါဝင္ေနေၾကာင္း သိရသည္။

Ref;Goal.com


၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ‌ဗိုလ်လုပွဲကို စပိန်နိုင်ငံ၌ကျင်းပမည်ဖြစ်ကြောင်း စပိန်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်အတည်ပြု
========================
စပိန်နိုင်ငံဘောလုံးအဖွဲ့ချုပ်က လာမည့် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲကို စပိန်နိုင်ငံ၌ ကျင်းပမည်ဖြစ်ကြောင်း အတည်ပြု ကြေညာခဲ့သည်။

လာမည့် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲနည်းတူ ပူးတွဲအိမ်ရှင်နိုင်ငံများ အဖြစ် စပိန်နိုင်ငံ၊ ပေါ်တူဂီနိုင်ငံနှင့် မော်ရိုကိုနိုင်ငံတို့ ၌ကျင်းပမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲသည် ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတွင် ရာပြည့်အထိမ်းအမှတ် ပြိုင်ပွဲအဖြစ် ကျင်းပမည်ဖြစ်သည့်အတွက် အုပ်စုပထမဆုံးပွဲစဉ်သုံးပွဲကို ပူးတွဲအိမ်ရှင်နိုင်ငံများ၌ ကျင်းပမည်မဟုတ်ဘဲ အာဂျင်တီးနားနိုင်ငံ၊ ပါရာဂွေးနိုင်ငံနှင့် ဥရုဂွေးနိုင်ငံတို့၌ ကျင်းပမည်ဖြစ်ကာ ကျန်ပွဲစဉ်များကိုသာ ပူးတွဲအိမ်ရှင်နိုင်ငံများ၌ ကျင်းပမည်ဖြစ်သည်။

အစောပိုင်းက ဗိုလ်လုပွဲကို မော်ရိုကိုနိုင်ငံက ကျင်းပရန်အလိုရှိခဲ့သော်လည်း ဆွေးနွေးမှုများအပြီး စပိန်နိုင်ငံ၌သာကျင်းပရန် သဘောတူညီမှု ရရှိခဲ့ကာ စပိန်နိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြေညာခဲ့သော်လည်း ကျင်းပမည့် အားကစားကွင်းကို အတည်ပြု ထားခြင်း မရှိသေးဘဲ ရီးယဲလ်မက်ဒရစ်အသင်း၏ ဘာနေဗျူးအားကစားကွင်းနှင့် မကြာသေးမီက တည်ဆောက်ပြီးစီးခဲ့သည့် နျူးကမ့်အားကစားကွင်းတို့မှ တစ်ကွင်း၌ ကျင်းပဖွယ်ရှိသည်။

‌ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်လုပွဲကို အိမ်ရှင်နိုင်ငံများက ရွေးချယ်နိုင်သော်လည်း ဗိုလ်လုပွဲကျင်းပရမည့်အားကစားကွင်းကို အိမ်ရှင်နိုင်ငံများ အနေဖြင့် ရွေးချယ်ပိုင်ခွင့်မရှိဘဲ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ရွေးချယ်သတ်မှတ်မည်ဖြစ်သည်။

မကြာမီကျင်းပမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ် ပုံစံပြောင်းလဲကျင်းပမည်ဖြစ်ပြီး အသင်းအရေအတွက် တိုးမြှင့်ကာ ၄၈ သင်းဖြင့်ကျင်းပမည်ဖြစ်သည့်အတွက် အုပ်စုပွဲစဉ် အရေအတွက် များပြားလာမည်ဖြစ်ကာ လာမည့် ၂၀၃၀ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲအပါအဝင် အုပ်စုပွဲစဉ်အများစုကို စပိန်နိုင်ငံ၌သာကျင်းပဖွယ်ရှိပြီး အက်သလက်တီကိုအသင်းနှင့် ဆီဗီလာအသင်းတို့၏ အိမ်ကွင်းများလည်း ပြိုင်ပွဲလက်ခံ ကျင်းပမည့်စာရင်းတွင် ပါဝင်နေကြောင်း သိရသည်။

Ref;Goal.com