ဆီးဂိမ္းစ္ၿပိဳင္ပြဲက ႐ုတ္တရက္ႏုတ္ထြက္မႈအတြက္ ကေမာၻဒီးယား ေတာင္းပန္

ဆီးဂိမ္းစ္ၿပိဳင္ပြဲက ႐ုတ္တရက္ႏုတ္ထြက္မႈအတြက္ ကေမာၻဒီးယား ေတာင္းပန္
===================
ကေမာၻဒီးယားအိုလံပစ္ေကာ္မတီ(NOCC)က ဆီးဂိမ္းစ္ဖြင့္ပြဲအခမ္းအနားအၿပီး ၿပိဳင္ပြဲက ႐ုတ္တရက္ႏုတ္ထြက္မႈအတြက္ အဆင္မေျပမႈမ်ားျဖစ္ခဲ့ရင္ ေတာင္းပန္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

NOCC က ကစားသမားေတြရဲ႕ အျပန္ခရီးနဲ႔ တျခားစာ႐ြက္စာတမ္းကိစၥေတြအတြက္ ဆီးဂိမ္းစ္အဖြဲခ်ဳပ္နဲ႔ ပူးေပါင္းေဆာင္႐ြက္သြားမယ္လို ေၾကညာခ်က္ ထဲမွာ ေရးသားခဲ့ပါတယ္။

ဒီဇင္ဘာလ ၁၀ ရက္ ညပိုင္းမွာထုတ္ျပန္တဲ့ NOCC ရဲ႕ေၾကညာခ်က္မွာ အားကစားသမားေတြရဲ႕မိသားစုဝင္ေတြက လုံၿခဳံေရးစိတ္မခ်တဲ့အျပင္ ခ်က္ခ်င္းအိမ္ျပန္လာဖို တိုက္တြန္းခဲ့ၿပီး ၿပိဳင္ပြဲကေနႏုတ္ထြက္ဖို အေရးေပၚေတာင္းဆိုခ်က္ေၾကာင့္ ျဖစ္တယ္လို ေရးသားခဲ့ပါတယ္။

ဒါ့အျပင္ NOCC က ကေမာၻဒီးယားအားကစားအဖြဲကို ကာကြယ္ဖို ဆုံးျဖတ္ခ်က္ လ်င္လ်င္ျမန္ျမန္ ခ်မွတ္ခဲ့တယ္လို ဆိုခဲ့ပါတယ္။

ထိုင္းအားကစားအာဏာပိုင္ေတြကေတာ့ ကေမာၻဒီးယားရဲ႕ႏုတ္ထြက္မႈကို တစ္စုံတစ္ရာမွတ္ခ်က္ေပးတာမ်ိဳး မရွိဘူးလို သိရပါတယ္။


ဆီးဂိမ်းစ်ပြိုင်ပွဲက ရုတ်တရက်နုတ်ထွက်မှုအတွက် ကမ္ဘောဒီးယား တောင်းပန်
===================
ကမ္ဘောဒီးယားအိုလံပစ်ကော်မတီ(NOCC)က ဆီးဂိမ်းစ်ဖွင့်ပွဲအခမ်းအနားအပြီး ပြိုင်ပွဲက ရုတ်တရက်နုတ်ထွက်မှုအတွက် အဆင်မပြေမှုများဖြစ်ခဲ့ရင် တောင်းပန်ကြောင်း ပြောကြားခဲ့ပါတယ်။

NOCC က ကစားသမားတွေရဲ့ အပြန်ခရီးနဲ့ တခြားစာရွက်စာတမ်းကိစ္စတွေအတွက် ဆီးဂိမ်းစ်အဖွဲချုပ်နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို ကြေညာချက် ထဲမှာ ရေးသားခဲ့ပါတယ်။

ဒီဇင်ဘာလ ၁၀ ရက် ညပိုင်းမှာထုတ်ပြန်တဲ့ NOCC ရဲ့ကြေညာချက်မှာ အားကစားသမားတွေရဲ့မိသားစုဝင်တွေက လုံခြုံရေးစိတ်မချတဲ့အပြင် ချက်ချင်းအိမ်ပြန်လာဖို တိုက်တွန်းခဲ့ပြီး ပြိုင်ပွဲကနေနုတ်ထွက်ဖို အရေးပေါ်တောင်းဆိုချက်ကြောင့် ဖြစ်တယ်လို ရေးသားခဲ့ပါတယ်။

ဒါ့အပြင် NOCC က ကမ္ဘောဒီးယားအားကစားအဖွဲကို ကာကွယ်ဖို ဆုံးဖြတ်ချက် လျင်လျင်မြန်မြန် ချမှတ်ခဲ့တယ်လို ဆိုခဲ့ပါတယ်။

ထိုင်းအားကစားအာဏာပိုင်တွေကတော့ ကမ္ဘောဒီးယားရဲ့နုတ်ထွက်မှုကို တစ်စုံတစ်ရာမှတ်ချက်ပေးတာမျိုး မရှိဘူးလို သိရပါတယ်။