ထိုင္းႏိုင္ငံက ကေမာၻဒီးယားႏွင့္ ပူးတြဲၿငိမ္းခ်မ္းေရး ေၾကညာခ်က္ကိုရပ္ဆိုင္း

 

ထိုင္းႏိုင္ငံက ကေမာၻဒီးယားႏွင့္ ပူးတြဲၿငိမ္းခ်မ္းေရး ေၾကညာခ်က္ကိုရပ္ဆိုင္း
=================
ထိုင္းႏိုင္ငံႏွင့္ ကေမာၻဒီးယားႏိုင္ငံတို႔ၾကားရွိနယ္စပ္တြင္ ေျမျမႇဳပ္မိုင္းတစ္လုံးေပါက္ကြဲမႈေၾကာင့္ ထိုင္းစစ္သည္ ႏွစ္ဦးဒဏ္ရာရရွိၿပီးေနာက္ ထိုင္းႏိုင္ငံဝန္ႀကီးခ်ဳပ္ အာႏူတင္ခ်န္ဝီရာကူက ကေမာၻဒီးယားႏိုင္ငံႏွင့္ရရွိထားသည့္ ပူးတြဲၿငိမ္းခ်မ္းေရးေၾကညာခ်က္ကိုရပ္ဆိုင္းရန္ ႏိုဝင္ဘာလ ၁၀ ရက္တြင္ၫႊန္ၾကားလိုက္ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံႏွင့္ကေမာၻဒီးယားႏိုင္ငံတို႔က အဆိုပါပူးတြဲၿငိမ္းခ်မ္းေရး ေၾကညာခ်က္ကို ေအာက္တိုဘာလ ၂၆ ရက္တြင္ မေလးရွားႏိုင္ငံ၌ က်င္းပေသာ အာဆီယံထိပ္သီး ညီလာခံတြင္ အလွည့္က် အာဆီယံဥကၠ႒ျဖစ္သည့္ မေလးရွားႏိုင္ငံဝန္ႀကီးခ်ဳပ္အန္နဝါအီဘရာဟင္ႏွင့္ အေမရိကန္ႏိုင္ငံသမၼတေဒၚနယ္ထရမ့္တို႔ေရွ႕ေမွာက္၌ လက္မွတ္ေရးထိုးထားျခင္းျဖစ္သည္။

တစ္ခ်ိန္တည္းမွာပင္ ထိုင္းႏိုင္ငံက စစ္သုံ႔ပန္းအျဖစ္ ဖမ္းဆီးထိန္းသိမ္းထားသည့္ ကေမာၻဒီးယားစစ္သည္မ်ားကို ျပန္လည္လႊဲေျပာင္းေပးအပ္မည့္ အစီအစဥ္ကိုလည္း ဆိုင္းငံ့လိုက္ေၾကာင္း ထိုင္းဝန္ႀကီးခ်ဳပ္က သတင္းေထာက္မ်ားကို ေျပာသည္။

ထိုင္းစစ္သည္ႏွစ္ဦးသည္ ပုံမွန္အတိုင္းကင္းလွည့္ေနစဥ္ ပရီယာဗီဟီယာဘုရားေက်ာင္းအနီးသို႔ေရာက္ရွိစဥ္ ေျမျမႇဳပ္မိုင္းေပါက္ကြဲျခင္းျဖစ္ၿပီး ဒဏ္ရာမ်ားအသီးသီးရရွိကာ စစ္သည္တစ္ဦးမွာ ေျခက်င္းဝတ္ မွျဖတ္ေတာက္ရသည့္ အေျခအေနအထိ ျဖစ္သြားေၾကာင္း သိရသည္။

Ref: Xinhua


ထိုင်းနိုင်ငံက ကမ္ဘောဒီးယားနှင့် ပူးတွဲငြိမ်းချမ်းရေး ကြေညာချက်ကိုရပ်ဆိုင်း
=================
ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကြားရှိနယ်စပ်တွင် မြေမြှုပ်မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် ထိုင်းစစ်သည် နှစ်ဦးဒဏ်ရာရရှိပြီးနောက် ထိုင်းနိုင်ငံဝန်ကြီးချုပ် အာနူတင်ချန်ဝီရာကူက ကမ္ဘောဒီးယားနိုင်ငံနှင့်ရရှိထားသည့် ပူးတွဲငြိမ်းချမ်းရေးကြေညာချက်ကိုရပ်ဆိုင်းရန် နိုဝင်ဘာလ ၁၀ ရက်တွင်ညွှန်ကြားလိုက်ကြောင်း သိရသည်။

ထိုင်းနိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံတို့က အဆိုပါပူးတွဲငြိမ်းချမ်းရေး ကြေညာချက်ကို အောက်တိုဘာလ ၂၆ ရက်တွင် မလေးရှားနိုင်ငံ၌ ကျင်းပသော အာဆီယံထိပ်သီး ညီလာခံတွင် အလှည့်ကျ အာဆီယံဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံဝန်ကြီးချုပ်အန်နဝါအီဘရာဟင်နှင့် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်တို့ရှေ့မှောက်၌ လက်မှတ်ရေးထိုးထားခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် ထိုင်းနိုင်ငံက စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထိန်းသိမ်းထားသည့် ကမ္ဘောဒီးယားစစ်သည်များကို ပြန်လည်လွှဲပြောင်းပေးအပ်မည့် အစီအစဉ်ကိုလည်း ဆိုင်းငံ့လိုက်ကြောင်း ထိုင်းဝန်ကြီးချုပ်က သတင်းထောက်များကို ပြောသည်။

ထိုင်းစစ်သည်နှစ်ဦးသည် ပုံမှန်အတိုင်းကင်းလှည့်နေစဉ် ပရီယာဗီဟီယာဘုရားကျောင်းအနီးသို့ရောက်ရှိစဉ် မြေမြှုပ်မိုင်းပေါက်ကွဲခြင်းဖြစ်ပြီး ဒဏ်ရာများအသီးသီးရရှိကာ စစ်သည်တစ်ဦးမှာ ခြေကျင်းဝတ် မှဖြတ်တောက်ရသည့် အခြေအနေအထိ ဖြစ်သွားကြောင်း သိရသည်။

Ref: Xinhua