အွန်လိုင်းလောင်းကစားကြော်ငြာများ ကြေညာပေးပါက တည်ဆဲဥပဒေများအရ အရေးယူမည်ဖြစ်ကြောင်းထုတ်ပြန်

အွန်လိုင်းလောင်းကစားကြော်ငြာများ ကြေညာပေးပါက တည်ဆဲဥပဒေများအရ အရေးယူမည်ဖြစ်ကြောင်းထုတ်ပြန်

===========================

အွန်လိုင်းလောင်းကစားကြော်ငြာများ ကြေညာပေးခြင်းပြုလုပ်ပါက တည်ဆဲဥပဒေများအရ အရေးယူနိုင် ကြောင်း နေ့စဉ်ထုတ်နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် အသိပေးကြေညာထားပါတယ်။

ဒါ့အပြင် လူမှုကွန်ရက်ပေါ် တွင် သတင်းတုသတင်းမှားများ လွှင့်တင်ခြင်း၊ မြန်မာရိုးရာယဉ်ကျေးမှုနှင့် ကိုက်ညီမှုမရှိသည့် မဖွယ်မရာမှတ်တမ်းပုံ များ၊ ဗီဒီယိုများကိုဖြန့်ဝေခြင်းနှင့် အခကြေးငွေဖြင့် ရောင်းချခြင်းများကိုလည်း အရေးယူသွားမည်ဖြစ်ကြောင်း ထည့်သွင်းထုတ်ပြန်ထားရှိပါတယ်။

၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းက ဆိုက်ဘာလုံခြုံရေးဥပဒေကို ပြဋ္ဌာန်းထားပြီး မည်သူမဆို အွန်လိုင်းလောင်းကစား စနစ် တည်ဆောက်ခြင်းပြုလုပ်ပါက အနည်းဆုံးထောင်ဒဏ် ၆ လမှ တစ်နှစ်၊ ငွေဒဏ် ကျပ်သိန်း ၅၀ မှ အများဆုံး ကျပ်သိန်း ၂၀၀ ထိ ချမှတ်မည်ဟု ပြဌာန်းချက်တွင် ထည့်သွင်းထားပါတယ်။

ဒါ့အပြင် အများပြည်သူကြည့်ရှုရန် မသင့် လျော်သည့် သတင်းအချက်အလက်များကို အီလက်ထရောနစ်နည်းပညာဖြင့် ဖြန့်ချိခြင်း၊ ဖြန့်ဝေခြင်း၊ ပေးပို့ခြင်း၊ ကူးယူစေခြင်း သို့မဟုတ် ရောင်းချခြင်းပြု လုပ်ကြောင်း ပြစ်မှုထင်ရှားပါက အနည်းဆုံး တစ်လမှ အများဆုံး ခြောက်လ အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်တစ်ဆယ်သိန်းမှ အများဆုံးကျပ်သိန်းတစ်ရာထက် မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်မည်ဖြစ်ကြောင်း ဆိုက်ဘာလုံခြုံရေးဥပဒေတွင် ပြဋ္ဌာန်းထားရှိပါတယ်။