
======================




လိုက်ပ်ဇစ်တိုက်စစ် ဆက်စ်ကို ကို မန်ယူခေါ်ယူ
======================
မန်ယူအသင်းဟာ ဂျာမန်ကလပ် လိုက်ပ်ဇစ်တိုက်စစ် ဘင်ဂျမင် ဆက်စ်ကို ကို ယူရို ၈၅ သန်းနဲ့ ခေါ်ယူ နိုင်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ တိုက်စစ်မှူး ဆက်စ်ကိုဟာ အင်္ဂလန်ကို ‌ရောက်နေပြီဖြစ်ပြီး မန်ယူအသင်းနဲ့ ဆေးစစ်မှုခံယူခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိ ဆက်စ်ကို ကို ခေါ်ယူဖို့ နယူးကာဆယ် ယူနိုက်တက်ကလည်း ကြိုးပမ်းခဲ့ပေမဲ့ ကစားသမားက မန်ချက်စတာယူနိုက်တက် အသင်းကိုပဲ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။