ေအစီမီလန္အသင္းက လူကာမိုဒရစ္ကို ၂၀၂၇ ခုႏွစ္အထိ စာခ်ဳပ္ခ်ဳပ္ဆိုေခၚယူရန္ သေဘာတူညီမႈ ရရွိထား
ေအစီမီလန္အသင္းက လူကာမိုဒရစ္ကို ၂၀၂၇ ခုႏွစ္အထိ စာခ်ဳပ္ခ်ဳပ္ဆိုေခၚယူရန္ သေဘာတူညီမႈ ရရွိထား
=============================
ေအစီမီလန္အသင္းက ရီးယဲလ္မက္ဒရစ္အသင္းမွ ထြက္ခြာမည့္ ဝါရင့္ကြင္းလယ္ ကစားသမား လူကာ မိုဒရစ္ကို ၂၀၂၇ ခုႏွစ္အထိ စာခ်ဳပ္ခ်ဳပ္ဆို ေခၚယူရန္ သေဘာတူညီမႈ ရရွိထားေၾကာင္း သိရသည္။
အသက္ ၃၉ ႏွစ္အ႐ြယ္ မိုဒရစ္သည္ ၂၀၁၂ ခုႏွစ္က စပါးအသင္းမွ ရီးယဲလ္မက္ဒရစ္အသင္းသို႔ ေျပာင္းေ႐ႊ႕ ကစားၿပီးေနာက္ အသင္းႏွင့္အတူ ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာ အဓိက ကစားသမားအျဖစ္ ပါဝင္ခဲ့ၿပီး ခ်န္ပီယံလိဂ္ဖလား၊ စပိန္လာလီဂါဖလားအပါအဝင္ ဆုဖလားမ်ားစြာကို ဆြတ္ခူးေပးႏိုင္ခဲ့သည့္ အျပင္ကမာၻ႔အေကာင္းဆုံး ကစားသမားဆုကိုလည္း ဆြတ္ခူးႏိုင္ခဲ့သူျဖစ္သည္။
ရီးယဲလ္မက္ဒရစ္အသင္းႏွင့္ လူကာမိုဒရစ္တို႔ စာခ်ဳပ္သက္တမ္းမွာ ယခုလကုန္တြင္ ကုန္ဆုံးမည္ျဖစ္ၿပီး ရီးယဲလ္မက္ဒရစ္အသင္းက သက္တမ္းတိုး စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ျခင္း မရွိခဲ့သည့္အတြက္ ယခုလကုန္တြင္ အသင္းႏွင့္ စာခ်ဳပ္သက္တမ္း ကုန္ဆုံးကာ လမ္းခြဲမည္ျဖစ္သည္။
လူကာမိုဒရစ္ကိုယ္တိုင္ကလည္း ရီးယဲလ္မက္ဒရစ္အသင္းႏွင့္ လမ္းခြဲမည္ ျဖစ္ေသာ္လည္း ပေရာ္ဖက္ရွင္နယ္ ကစားသမား ဘဝမွ အနားယူရန္ အစီအစဥ္ မရွိေသးသည့္အတြက္ ၎ကို အေစာပိုင္းက ေမဂ်ာလိဂ္ႏွင့္ ေဆာ္ဒီထိပ္တန္း အသင္းႀကီးမ်ားက ေခၚယူလိုေသာ္လည္း လူကာမိုဒရစ္ကိုယ္တိုင္က ဥေရာပ၌သာ ဆက္လက္ကစားလိုသည့္ အတြက္ တျခားကမ္းလွမ္းမႈမ်ားကို ပယ္ခ်ၿပီးေနာက္ ေအစီမီလန္ အသင္းသို႔ ေျပာင္းေ႐ႊ႕ရန္သာ ဆုံးျဖတ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
__________________________
အေစီမီလန်အသင်းက လူကာမိုဒရစ်ကို ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခေါ်ယူရန် သဘောတူညီမှု ရရှိထား
=============================
အေစီမီလန်အသင်းက ရီးယဲလ်မက်ဒရစ်အသင်းမှ ထွက်ခွာမည့် ဝါရင့်ကွင်းလယ် ကစားသမား လူကာ မိုဒရစ်ကို ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆို ခေါ်ယူရန် သဘောတူညီမှု ရရှိထားကြောင်း သိရသည်။
အသက် ၃၉ နှစ်အရွယ် မိုဒရစ်သည် ၂၀၁၂ ခုနှစ်က စပါးအသင်းမှ ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ ကစားပြီးနောက် အသင်းနှင့်အတူ ဆယ်စုနှစ်တစ်ခုကျော်ကြာ အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး ချန်ပီယံလိဂ်ဖလား၊ စပိန်လာလီဂါဖလားအပါအဝင် ဆုဖလားများစွာကို ဆွတ်ခူးပေးနိုင်ခဲ့သည့် အပြင်ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။
ရီးယဲလ်မက်ဒရစ်အသင်းနှင့် လူကာမိုဒရစ်တို့ စာချုပ်သက်တမ်းမှာ ယခုလကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းက သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ခြင်း မရှိခဲ့သည့်အတွက် ယခုလကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးကာ လမ်းခွဲမည်ဖြစ်သည်။
လူကာမိုဒရစ်ကိုယ်တိုင်ကလည်း ရီးယဲလ်မက်ဒရစ်အသင်းနှင့် လမ်းခွဲမည် ဖြစ်သော်လည်း ပရော်ဖက်ရှင်နယ် ကစားသမား ဘဝမှ အနားယူရန် အစီအစဉ် မရှိသေးသည့်အတွက် ၎င်းကို အစောပိုင်းက မေဂျာလိဂ်နှင့် ဆော်ဒီထိပ်တန်း အသင်းကြီးများက ခေါ်ယူလိုသော်လည်း လူကာမိုဒရစ်ကိုယ်တိုင်က ဥရောပ၌သာ ဆက်လက်ကစားလိုသည့် အတွက် တခြားကမ်းလှမ်းမှုများကို ပယ်ချပြီးနောက် အေစီမီလန် အသင်းသို့ ပြောင်းရွှေ့ရန်သာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။