ေဆာ္ဒီသို႔ ေျပာင္းေရႊ႕ဖြယ္ရွိသည္ဟု ဒီဘရိုင္း အရိပ္အႁမြက္ဆို
မန္စီးတီးကြင္းလယ္လူ ဒီဘရိုင္းက အရာရာတိုင္းအတြက္ တံခါးဖြင့္ထားတယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး ေဆာ္ဒီပရိုလိဂ္ကို ေျပာင္းေရႊ႕ဖြယ္ရွိတယ္လို႔ အရိပ္အႁမြက္ဆိုခဲ့ပါတယ္။ အသက္(၃၂)ႏွစ္အရြယ္ ဘယ္လ္ဂ်ီယံကြင္းလယ္လူ ဒီဘရိုင္းရဲ့မန္စီးတီးနဲ႔စာခ်ဳပ္သက္တမ္းက တစ္ႏွစ္သာက်န္ရွိပါတယ္။ ၂၀၁၅ မွာ မန္စီးတီးကို ေရာက္ရွိခဲ့ၿပီးေနာက္ ဒီဘရိုင္းဟာ အသင္းနဲ႔အတူ ပရီးမီးယားလိဂ္ဖလား(၆)ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္ဖလားဆြတ္ခူးခဲ့ပါတယ္။ ဒီဘရိုင္းက ေဆာ္ဒီပရိုလိဂ္၏မယုံၾကည္နိုင္ေလာက္တဲ့စာခ်ဳပ္ကမ္းလွမ္းမႈေတြဟာ အဲဒီမွာ သူ႔ရဲ့ကစားသမားဘဝကုန္ဆုံးဖို႔အထိ ဆြဲေဆာင္မႈရွိတယ္လို႔ ဖြင့္ဟခဲ့ပါတယ္။ ဒါ့အျပင္ သူ႔ရဲ့အနာဂတ္နဲ႔ပတ္သက္လို႔ ဇနီးသည္နဲ႔တိုင္ပင္ေဆြးေႏြးခဲ့တယ္လို႔လည္း ဒီဘရိုင္းက ဆိုပါတယ္။ ဘယ္လ္ဂ်ီယံအသင္းေခါင္းေဆာင္ ဒီဘရိုင္းဟာ လက္ရွိမွာ ယူရို ၂၀၂၄ၿပိဳင္ပြဲအတြက္ ျပင္ဆင္ေနပါတယ္။ သူဟာ ၿပီးခဲ့တဲ့ရာသီက ဒဏ္ရာေၾကာင့္ (၅)လနီးပါးအနားယူခဲ့ရၿပီး ၿပိဳင္ပြဲအရပ္ရပ္ (၂၆)ပြဲသာ ကစားခဲ့ပါတယ္။
========
ဆော်ဒီသို့ ပြောင်းရွှေ့ဖွယ်ရှိသည်ဟု ဒီဘရိုင်း အရိပ်အမြွက်ဆို
မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းက အရာရာတိုင်းအတွက် တံခါးဖွင့်ထားတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ အရိပ်အမြွက်ဆိုခဲ့ပါတယ်။ အသက်(၃၂)နှစ်အရွယ် ဘယ်လ်ဂျီယံကွင်းလယ်လူ ဒီဘရိုင်းရဲ့မန်စီးတီးနဲ့စာချုပ်သက်တမ်းက တစ်နှစ်သာကျန်ရှိပါတယ်။ ၂၀၁၅ မှာ မန်စီးတီးကို ရောက်ရှိခဲ့ပြီးနောက် ဒီဘရိုင်းဟာ အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား(၆)ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလားဆွတ်ခူးခဲ့ပါတယ်။ ဒီဘရိုင်းက ဆော်ဒီပရိုလိဂ်၏မယုံကြည်နိုင်လောက်တဲ့စာချုပ်ကမ်းလှမ်းမှုတွေဟာ အဲဒီမှာ သူ့ရဲ့ကစားသမားဘဝကုန်ဆုံးဖို့အထိ ဆွဲဆောင်မှုရှိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ ဇနီးသည်နဲ့တိုင်ပင်ဆွေးနွေးခဲ့တယ်လို့လည်း ဒီဘရိုင်းက ဆိုပါတယ်။ ဘယ်လ်ဂျီယံအသင်းခေါင်းဆောင် ဒီဘရိုင်းဟာ လက်ရှိမှာ ယူရို ၂၀၂၄ပြိုင်ပွဲအတွက် ပြင်ဆင်နေပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာကြောင့် (၅)လနီးပါးအနားယူခဲ့ရပြီး ပြိုင်ပွဲအရပ်ရပ် (၂၆)ပွဲသာ ကစားခဲ့ပါတယ်။