ေဟာလိဝုဒ္၌ သပိတ္ေမွာက္ဆႏၵျပမႈမ်ားေၾကာင့္ အလုပ္အကိုင္ေနရာ ၄၅,၀၀၀ ဆုံးရႈံး
ေအာက္တိုဘာ ၉
႐ုပ္ရွင္ထုတ္လုပ္ေရးေဒသျဖစ္ေသာ ေဟာလိဝုဒ္ ဇာတ္ညႊန္းေရးဆရာမ်ားႏွင့္ သ႐ုပ္ေဆာင္အခ်ိဳ႕က သပိတ္ေမွာက္မႈမ်ား လုပ္ေဆာင္ရာ ေမလေနာက္ပိုင္းမွစ၍ ယေန႔အခ်ိန္အထိ အလုပ္ အကိုင္ေနရာ ၄၅,၀၀၀ ဆုံးရႈံးထားေၾကာင္းသိရသည္။
ထိုသို႔သပိတ္ေမွာက္မႈမ်ားေၾကာင့္ ဩဂုတ္လတြင္ အလုပ္အကိုင္ေနရာ ၁၇,ဝဝဝ ႏွင့္ စက္တင္ ဘာလတြင္ ၇၀,ဝ၀ ဆုံးရႈံးမႈရွိေၾကာင္း တြက္ခ်က္မႈမ်ားတြင္ေဖာ္ျပထားသည္။
အဆိုပါသပိတ္ေမွာက္မႈကို ဇာတ္ညႊန္းေရး ဆရာမ်ားသမဂၢက ေမလ ၂ ရက္တြင္ စတင္လိုက္ျခင္းျဖစ္ၿပီး ဇူလိုင္လလယ္တြင္ သ႐ုပ္ေဆာင္မ်ားသမဂၢက သပိတ္ေမွာက္မႈ တြင္ပါဝင္လာျခင္းျဖစ္ သည္။
ထိုသမဂၢမ်ားက ႐ုပ္ရွင္ထုတ္လုပ္သူမ်ားအေနျဖင့္ လုပ္အားခမ်ားတိုးေပးရန္၊ စာမူခမ်ားတိုးေပးရန္၊ ႐ုပ္ရွင္တြင္ AI နည္းပညာ အသုံးျပဳမႈအခန္းက႑ကို တရားဝင္ဥပေဒ ေဘာင္မ်ားျဖင့္ကန႔္သတ္ရန္ကို ေတာင္းဆို ထားသည္။
သပိတ္ေမွာက္မႈမ်ားေၾကာင့္ ေဟာလိဝုဒ္ရွိ ႐ုပ္ရွင္ထုတ္လုပ္ေရး လုပ္ငန္းတခ်ိဳ႕ ပိတ္လိုက္ရၿပီး အေမရိကန္စီးပြားေရးအတြက္ ေဒၚလာ ၅ ဘီလီယံဆုံးရႈံးရေၾကာင္းသိရသည္။
=======================
ဟောလိဝုဒ်၌ သပိတ်မှောက်ဆန္ဒပြမှုများကြောင့် အလုပ်အကိုင်နေရာ ၄၅,၀၀၀ ဆုံးရှုံး
အောက်တိုဘာ ၉
ရုပ်ရှင်ထုတ်လုပ်ရေးဒေသဖြစ်သော ဟောလိဝုဒ် ဇာတ်ညွှန်းရေးဆရာများနှင့် သရုပ်ဆောင်အချို့က သပိတ်မှောက်မှုများ လုပ်ဆောင်ရာ မေလနောက်ပိုင်းမှစ၍ ယနေ့အချိန်အထိ အလုပ် အကိုင်နေရာ ၄၅,၀၀၀ ဆုံးရှုံးထားကြောင်းသိရသည်။
ထိုသို့သပိတ်မှောက်မှုများကြောင့် ဩဂုတ်လတွင် အလုပ်အကိုင်နေရာ ၁၇,ဝဝဝ နှင့် စက်တင် ဘာလတွင် ၇၀,ဝ၀ ဆုံးရှုံးမှုရှိကြောင်း တွက်ချက်မှုများတွင်ဖော်ပြထားသည်။
အဆိုပါသပိတ်မှောက်မှုကို ဇာတ်ညွှန်းရေး ဆရာများသမဂ္ဂက မေလ ၂ ရက်တွင် စတင်လိုက်ခြင်းဖြစ်ပြီး ဇူလိုင်လလယ်တွင် သရုပ်ဆောင်များသမဂ္ဂက သပိတ်မှောက်မှု တွင်ပါဝင်လာခြင်းဖြစ် သည်။
ထိုသမဂ္ဂများက ရုပ်ရှင်ထုတ်လုပ်သူများအနေဖြင့် လုပ်အားခများတိုးပေးရန်၊ စာမူခများတိုးပေးရန်၊ ရုပ်ရှင်တွင် AI နည်းပညာ အသုံးပြုမှုအခန်းကဏ္ဍကို တရားဝင်ဥပဒေ ဘောင်များဖြင့်ကန့်သတ်ရန်ကို တောင်းဆို ထားသည်။
သပိတ်မှောက်မှုများကြောင့် ဟောလိဝုဒ်ရှိ ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းတချို့ ပိတ်လိုက်ရပြီး အမေရိကန်စီးပွားရေးအတွက် ဒေါ်လာ ၅ ဘီလီယံဆုံးရှုံးရကြောင်းသိရသည်။