နမ့်စန်တွင် ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ

 

နမ့်စန်(တ) အောက်တိုဘာ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်တွင် ဗဟိုအမျိုးသမီးညီလာခံအကြို နှီး နှောဖလှယ်ပွဲကို ယမန်နေ့ နံနက် ၉နာရီက မြို့နယ်ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ကျင်းပခဲ့ရာပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလင်းအောင်ဆွေ၊ ပြည်နယ်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်နန်းဆိုင်နွန်း၊ ပြည်နယ်ဘဏ္ဍာ ရေးမှူး ဒေါ်ဝါဝါထွေး၊ ခရိုင်အမျိုး သမီးရေးရာတာဝန်ခံ ဒေါ်နန်း မွေငင်း၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ရပ်/ကျေး အမျိုးသမီးကိုယ်စား လှယ်များနှင့် တိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှုအဖွဲ့များမှ အမျိုး သမီးကိုယ်စားလှယ်များ စုစုပေါင်း ၁၇ဝခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို နိုင်ငံတော် သီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီး မြို့နယ် ပါတီဥက္ကဋ္ဌ ဦးစိုင်းဝင်းထွန်းက အဖွင့်အမှာစကားပြောကြားကာ အတွင်းရေးမှူး ဒေါ်နန်းစိန်ညွန့် နွယ်က ဗဟိုအမျိုးသမီးညီလာခံ အကြို နှီးနှောဖလှယ်ပွဲကျင်းပမည့် အစီအစဉ်များကို ရှင်းလင်းပြော ကြားခဲ့သည်။
ထို့နောက် တက်ရောက်လာ ကြသော ရပ်/ကျေးအမျိုးသမီး အဖွဲ့ဝင်များက မြန်မာအမျိုးသမီး များနှင့် မြန်မာနိုင်ငံအရေးအခန်း ကဏ္ဍမြှင့်တင်ရေး၊ အမျိုးသမီး များ၏ဘဝလုံခြုံမှု၊ ငြိမ်းချမ်းသာ ယာမှုနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး၊ အမျိုးသမီးထုအ တွင်း အမျိုးဂုဏ်၊ ဇာတိဂုဏ်ထိန်း သိမ်းရေး၊ အမျိုးသမီးများ၏ အခွင့် အရေးများကို ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံနှင့်အညီ အကောင် အထည်ဖော်ဆောင်ရွက်ရေး၊ အမျိုးသမီးပါတီဝင်သစ်များ စုဆောင်းရေးနှင့် ၂ဝ၂ဝပြည့်နှစ် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပါတီဝင်အမျိုးသမီးများအား စဉ် ဆက်မပြတ် လေ့လာပျိုးထောင် ပေးရေး၊ စသည့်ခေါင်းစဉ်များဖြင့် အစုအဖွဲ့ဖွဲ့၍ ဆွေးနွေးခဲ့ကြပြီး စာ တမ်းပြုစုတင်သွင်းဖတ်ကြားခဲ့ ကြသည်။ ဆက်လက်၍ အစုအဖွဲ့ အလိုက် ဆွေးနွေးတွေ့ရှိချက်များ ကို အတည်ပြုခြင်းနှင့် မှတ်တမ်း တင်ခြင်းများပြုလုပ်ခဲ့ပြီး ဆုံးဖြတ် ချက်နှင့် ရှေ့လုပ်ငန်းစဉ်များကို အသီးသီး ဖတ်ကြားခဲ့ကြသည်။

ထို့နောက် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းဝင်းထွန်းက နိဂုံးချုပ် အမှာ စကားပြောကြားခဲ့ပြီး တက်ရောက် လာကြသူများက ပြည်ခိုင်ဖြိုးဟေ့ သီချင်းကိုစုပေါင်းသီဆို၍ အခမ်း အနားကိုရုပ်သိမ်းခဲ့ကြောင်းသိရသည်။

သူရအောင်(နမ့်စန်)