စီးရီးအေတွင် ကစားခွင့်ရသည့် ပထမဆုံး မြောက်ကိုရီးယား ဘောလုံးသမားအဖြစ် ဆောင်ဟန်ကန် မှတ်တမ်းဝင်
ကက်ဂလီယာရီတိုက်စစ်မှူးဆောင်ဟန်ကန်သည် စီးရီးအေတွင် ကစားသည့် ပထမဆုံးမြောက်ကိုရီးယား ဘောလုံးသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ဆောင်ဟန်ကန်(၁၈နှစ်)သည် ကက်ဂလီယာရီ ၃-၁ ပါလာမိုပွဲ ပွဲချိန် ၈၆ မိနစ်တွင် မာကိုဆူးအစား လူစားဝင်ကစားခဲ့ခြင်းဖြစ်သည်။
ဆောင်ဟန်ကန်(၁၈နှစ်)သည် ၂၀၁၄ အာရှယူ-၁၆ ချန်ပီယံရှစ်ဖလားရမြောက်ကိုရီးယားအသင်းတွင် ခြေစွမ်းပြ ကစားခဲ့သူဖြစ်ပြီး ၂၀၁၅ခုနှစ်က ကျင်းပခဲ့သည့် ယူ-၁၇ကမ္ဘာ့ဖလားတွင် ခြေစွမ်းပြနိုင်ခဲ့သည့် အတွက် ဥရောပအသင်းများ၏ စိတ်ဝင်စားခြင်းကို ခံခဲ့ရသူဖြစ်သည်။
၎င်းကိုခေါ်ယူရန် အေဂျက်ဇ်အသင်းက စိတ်ဝင်စားခဲ့သော်လည်း ဆောင်ဟန်ကန်က ကက်ဂလီယာရီ အသင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ရည်ညွှန်း – အောဖွတ်ဘော




