ယူရိုပြိုင်ပွဲဝင် အသင်းများတွင် ဂျာမနီအသင်းသားများ ပြောင်းရွှေ့ကြေးအများဆုံး ဖြစ်နေ

euro-2016-most-valuable-squad_1ssby7il2e8be1wxe836cal0pcfw

လန်ဒန်− ယူရို ၂၀၁၆ ပြိုင်ပွဲဝင် အသင်းများတွင် ဂျာမနီလက်ရွေး စင်အသင်းသားများ၏ စုစုပေါင်း အသင်းပြောင်းရွှေ့ကြေးသည် ယူရို ၅၆၂ သန်းရှိပြီး ဥရောပ၌ ပြောင်းရွှေ့ကြေးအများဆုံးကစား သမားများ အသင်းအဖြစ် ရပ်တည်နေသည်။

Goal သတင်းဝက်ဘ်ဆိုက် က ယူရို ၂၀၁၆ ပြိုင်ပွဲဝင်လက် ရွေးစင်အသင်းများ၏ ကစားသ မား ၂၃ ဦးအတွက် ပြောင်းရွှေ့ကြေးတန်ဖိုး ဖော်ပြထားသော စာရင်းတွင် အင်္ဂလန်အသင်းသည် ယူရို ၄၄၆ သန်းဖြင့် ပဉ္စမနေရာ၌ ရှိနေသည်။

အသင်းသားများ၏ ပြောင်းရွှေ့ကြေးဒုတိယအများဆုံးအသင်းမှာ စပိန်ဖြစ်ပြီး စုစုပေါင်း ယူရို ၅၅၇ ဒသမ ၅ သန်း ရှိသည်။ စပိန်အသင်းပြီးလျှင် ဘယ်လ်ဂျီယံအသင်းက ယူရို သန်း ၄၆၀ ဒသမ ၉ သန်းဖြင့် တတိယ၊ ပြင်သစ်အသင်းက ယူရို ၄၅၄သန်းဖြင့် စတုတ္ထအသင်းပြောင်း ရွှေ့ကြေးအများဆုံးအသင်း အဖြစ်ရှိနေသည်။

ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒို ပါဝင်သော ပေါ်တူဂီအသင်းသည် အင်္ဂလန်အသင်းထက် ပြောင်းရွှေ့ကြေး လျော့နည်းပြီး ယူရို ၃၂၁ ဒသမ ၇ သန်းဖြင့် နံပါတ် (၆) နေရာ၌ ရပ်တည်ရှိနေသည်။

ပေါ်တူဂီအသင်း နောက်တွင် ခရိုအေးရှားနှင့် အီတလီအသင်းတို့ အသီးသီးရှိနေပြီး ကစားသမားများ စုစုပေါင်း ပြောင်းရွှေ့ကြေး အနည်းဆုံးအသင်းများမှာ အယ်ဘေးနီးယား၊ မြောက်အိုင်ယာလန်နှင့် ဟန်ဂေရီအသင်းတို့ဖြစ်သည်။

ရီးရဲလ်တိုက်စစ်မှူး ဂါရတ်ဘေးလ်ပါဝင်သည့် ဝေးလ်စ်အသင်းသည် ယင်းစာရင်းတွင် နံပါတ်(၁၂) နေရာ၌ရှိနေသည်။

ဘိုင်ယန်တိုက်စစ်မှူး လီဝမ်ဒေါစကီးပါဝင်သည့် ပိုလန်အသင်းသည် ကစားသမားများ၏ စုစုပေါင်း အသင်းပြောင်းရွှေ့ကြေး ယူရို ၁၇၅ ဒသမ ၃ သန်းဖြင့် နံပါတ် (၁၀) နေရာ၌ရှိနေသည်။ အိုဇေးလ်၊ ဂေါ့ဇီ၊ မူလာ၊ အမ်မရိကန်း၊ ပိုဒေါလ်စကီး၊ တိုနီခရုဇ်၊ ရှာရယ်၊ ရှဝိန်းစတိုင်ဂါ၊ ဒရက်ဇ်လာ၊ ခီဒီယာနှင့် ဂိုးသမား နျူအာ တို့ ပါဝင်နေသော ဂျာမနီအသင်းသည် ဥရောပတွင် ကစားသမားများ၏ စုစုပေါင်း အသင်းပြောင်းရွှေ့ ကြေးအများဆုံး အသင်းအဖြစ် ရပ်တည်နေသည်။

—Ref:Goal


Leave a Reply