ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ်ပါတီညီလာခံ (၂၀၁၆) ဒုတိယနေ့အခမ်းအနားတွင် ညီလာခံက ရွေးချယ်အတည်ပြုသည့် ဗဟိုနာယကအဖွဲ့ ( ပါတီဗဟိုဦးဆောင်ကော်မတီ)

၁။       ဦးသိန်းစိန်

၂။       ဦးဌေးဦး

၃။       သူရဦးအေးမြင့်

၎။       ဦးသောင်း

၅။       ဦးစိုးသာ

၆။       ဦးလွန်းသီ

၇။       ဦးတင်ထွတ်

၈။       သူရဦးမြင့်မောင်

၉။       ဦးခင်အောင်မြင့်


 

၂၁ ရာစုပင်လုံညီလာခံသို့ ဘန်ကီမွန်း တက်ရောက်အမှာစကားပြောမည်

၂၁ ရာစုပင်လုံညီလာခံသို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း တက်ရောက်၍ အမှာစကားပြောကြားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Ban

(more…)


၂၁ ရာစု ပင်လုံညီလာခံအကြို ချင်းအရပ်ဘက်အဖွဲ့အစည်းတစ်ရာကျော် တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) တွင် ချင်းပြည်နယ်ရှိ ဒေသခံများ၏ လူမှုဘဝ အခက်အခဲ များနှင့် နိုင်ငံရေးဖြစ်စဉ်၌    ပူးပေါင်းဆောင်ရွက်ခွင့် ရရှိနိုင်ရေးတို့အတွက် ဆွေးနွေးခွင့်ရရန် အကြို တွေ့ဆုံ ဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် သုံးရက်တာကျင်းပနေကြောင်း ချင်းအရပ်ဘက်အဖွဲ့အစည်း ဖိုရမ်ဖြစ်မြောက်ရေး ကော်မတီမှ သတင်းရရှိသည်။ (more…)


ကြားဖြတ်ရွေးကောက်ပွဲ ၂၀၁၇ နှစ်ဆန်းပိုင်းတွင် ကျင်းပမည်

၂၀၁၇ နှစ်ဆန်းပိုင်းတွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် စီစဉ်ထားသော်လည်း ရက်အတိအကျကို မပြောနိုင် သေးကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က သြဂုတ် ၂၃ ရက်ကကျင်းပသည့် အမျိုးသားလွှတ်တော်တွင် ပြောသည်။ (more…)


ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင်အမျိုးသမီးများ ၃၀ ရာခိုင်နှုန်း ပါဝင်ရေးတောင်းဆို

ငြိမ်းချမ်းရေးဖော်ဆောင်မှု နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်တွင် အမျိုးသမီးများပါဝင်နိုင်မည့် တိကျသော မူဘောင်အချက်အလက်များ ထည့်သွင်းရန်၊ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်ခွင့်ရရန် စသည့်အချက်များကို ငြိမ်းချမ်းရေးအတွက် ကျားမ တန်းတူရေးမဟာမိတ်အဖွဲ့က တောင်းဆိုကြောင်း သိရသည်။ (more…)


ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၂၀၇ ကျပ်ဝန်းကျင်အထိ ဆက်တိုက်မြင့်တက်လာ

ဗဟိုဘဏ်က ဈေးနှုန်းတိုးမြှင့်သတ်မှတ်နေပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၂၀၇ ကျပ် ၀န်းကျင်သို့ ဆက်တိုက်မြင့်တက်လာကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်ရေး ဈေးကွက်အသိုင်းအ၀ိုင်းမှ သိရသည်။ (more…)


လက်ရှိသုံးစွဲသူ၏ အမည်ပေါက်မဟုတ်ပါက MPT ဆင်းမ်ကတ်အသုံးပြုသူများ ပြန်လည်မှတ်ပုံတင်ရန် လိုအပ်

လက်ရှိသုံးစွဲသူ၏ အမည်ပေါက်မဟုတ်သည့် အမ်ပီတီ ဆင်းမ်ကတ်အသုံးပြုသူများအား လုံးမှတ်ပုံတင်ခြင်း (SIM Registr ation) ပြုလုပ်ရန်လိုအပ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းထုတ်ပြန်သည်။

MPT

(more…)


“ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတွေမှာ အမြဲနိုင်နေတဲ့ပါတီမရှိသလို အမြဲရှုံးနေတဲ့ ပါတီလည်း မရှိတာတွေ့ရမှာ ဖြစ်”

အစိုးရတစ်ရပ်အဖြစ် တာဝန်ယူရပြီဆိုရင် တိုင်းပြည်ရဲ့ပကတိ လိုအပ်ချက် များနဲ့ ပြည်သူတွေရဲ့ လိုအင်ဆန္ဒ မျှော်မှန်းချက်တွေကို တိုင်းပြည်ရဲ့ဘဏ္ဍာ၊ တိုင်းပြည်ရဲ့ လူ့အရင်းအမြစ်နဲ့ သမိုင်းကြောင်း အမွေကိုပါဆက်ခံပြီး အောင်မြင်အောင် ကြိုးစားကြရတာဖြစ်ပါတယ်။

UTS (22-8)

(more…)


ညီလာခံကြိုဆိုသစ်ပင်စိုက် ငါးမျိုးစိုက်ထည့်ပွဲကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ် ပါတီညီလာခံ(၂ဝ၁၆)ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ရပ်စောက်မြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ သစ်ပင်စိုက်ပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကို ယခုလ ၁၉ ရက် နံနက် ၈နာရီက အင်းခေါင်းကန်ရေထွက်နေရာ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ ရှမ်း ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ အရန်ပါတီဗဟိုကော် မတီဝင် ဦးစိုင်းလုံကျော်နှင့် ဧည့် သည်တော်များ၊ NGO အဖွဲ့ အစည်းများ၊ ရပ်စောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဥက္ကဋ္ဌ ဦးမောင်မောင် လွင်၊ အတွင်းရေးမှူးနှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်ကွက် နှင့်ကျေးရွာအုပ်စုများမှ ပါတီ အဆင့်ဆင့်ခေါင်းဆောင်များ စုစု ပေါင်းအင်အား ၂၇ဝ ခန့်တက် ရောက်ကြသည်။
ယင်းအခမ်းအနားတွင် ဒုတိယ အကြိမ် ပါတီညီလာခံ(၂ဝ၁၆)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်သစ်ပင် ၃၆ဝ စိုက်ပျိုးခဲ့ကြပြီး ငါးမြစ်ချင်း အကောင်ရေ ၂၅ဝဝဝ၊ ယိုးဒယား ငါးခုံးမအကောင်ရေ ၂၅ဝဝဝ တို့ ကို အင်းခေါင်းကန်အတွင်းသို့ ငါး မျိုးစိုက်ထည့်ခဲ့ကြသည်။ အခမ်း အနားကို နံနက် ၉ နာရီတွင် ပြီးဆုံးခဲ့သည်။

ဒုတိယအကြိမ်ပါတီညီလာခံကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်အောင် ပြည်ခိုင်ဖြိုး သစ်ပင်စိုက်ပျိုး

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ဒုတိယအကြိမ် ဗဟိုပါတီညီလာခံကို ဂုဏ်ပြုသည့်အနေဖြင့် သြဂုတ်လ (၂၁) ရက်နေ့ နံနက် (၇)နာရီက မြန်အောင်မြို့နယ် အင်ပင်မြို့ရှိ အင်ပင်-တံတားကွင်း လမ်းဘေးဝဲယာတွင် ပျိုးပင်များ ကို ပြည်ခိုင်ဖြိုးပါတီဝင်များက စိုက်ပျိုးခဲ့ကြသည်။

အင်ပင်-တံတားကွင်းလမ်းသည်အရှည်တစ်မိုင်ရှိပြီး လမ်းဘေး ဝဲယာတွင် ကျွန်းပင်၂ဝဝနှင့် ယူကလစ်ပင် ၃ဝဝတို့ကို မြန်အောင် မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်အင်အား ၁ဝဝ ကျော်ဖြင့် စုပေါင်းစိုက် ပျိုးခဲ့ကြသည်။