တောင်ကုတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေး

Taung Goat4

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ဇွန်လ (၁၃) ရက်နေ့က မြို့နယ်ပါတီရုံး ခန်းမ၌ ကျင်းပပြုလုပ်ရာ ဗဟိုကော်မတီဝင် ပြည်နယ်ပါတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းဝေ၊ ပြည်နယ်ပါတီကော်မတီဝင် ဦးထွန်းဝေ၊ သံတွဲခရိုင် ပါတီ ဥက္ကဋ္ဌ ဦးဖိုးရီအောင်၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်/ကျေး ကိုယ်စားလှယ်များ စုစုပေါင်း (၇၉) ဦး တက်ရောက်ခဲ့ကြသည်။ (more…)


သံတွဲခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်

TT7 TT6

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်နှင့် သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များသည် ဇွန်လ (၁၂) ရက် မွန်းတည့် (၁၂) နာရီအချိန်က ရွေလှေကျေးရွာ အုပ်စုနှင့် အောက်နတ်မော် ကျေးရွာအုပ်စုများသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများအား သောက်ရေသန့်များ သွားရောက်လှူဒါန်း၍ ရွှေလှေတိုက်နယ်ဆေးရုံးအတွင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

စဓဗဝ

ပုဏ္ဏားကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ညီလာခံကျင်းပပြီးစီး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ညီလာခံအား ယနေ့ (ဇွန်လ ၉ ရက်) နံနက်ပိုင်းက မြို့နယ်ပါတီရုံး၌ ကျင်းပ ပြုလုပ်ပြီးစီးခဲ့ကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ် ပါတီဥက္ကဌအဖြစ် ဦးအောင်မြင့်၊ အတွင်းရေးမှူးအဖြစ် ဦးသာထွန်းအေး ၊ ဘဏ္ဍာရေးမှူး အဖြစ် ဦးမြင့်စိုးဝင်း တို့အား ရွေးချယ် အတည်ပြုခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်ခိုင်ဖြိုးပါတီကော်မတီအဆင့်ဆင့် အသစ်ပြန်လည်ဖွဲ့စည်း

ယမန်နှစ်ကကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ရခိုင် ပြည်နယ်ရှိ မဲဆန္ဒနယ်အနည်းစုတွင်သာ အနိုင်ရရှိခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ပါတီဝင်များနှင့် ပါတီကော်မတီများ ကို အဆင့်ဆင့်ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လျက်ရှိသည်။
ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သည့်အနေဖြင့် ရပ်ကွက်/ကျေးရွာ အုပ်စုကော်မတီများကို အသစ်ပြန်လည် ဖွဲ့စည်းခဲ့ပြီး မြို့နယ်ကော်မတီ များကိုလည်း အသစ်ပြန်လည်ဖွဲ့စည်းရန် ယခုလအတွင်း ကော်မတီဝင် ရွေးချယ်ပွဲများပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီရခိုင်ပြည်နယ် အတွင်းရေးမှူးဒေါက်တာစန်းရွှေက ပြောသည်။
”ရခိုင်ပြည်နယ်မှာ ပြည်ခိုင်ဖြိုးပါတီကို ပြုပြင်ပြောင်းလဲမှုတွေလုပ် နေပါတယ်။ ရပ်ကျေး၊ မြို့နယ်၊ ခရိုင်စတဲ့ကော်မတီအဆင့်ဆင့်ကို ပြန် လည်ရွေးချယ်ပြီးဖွဲ့စည်းသွားမှာဖြစ်ပါတယ်။ အခုတော့ ရပ်ကျေးကော် မတီဝင်တွေကို ရွေးချယ်ပြီးသွားပါပြီ။ ဒီလအတွင်းမှာတော့ မြို့နယ်အဆင့် ကော်မတီဝင်ရွေးချယ်ပွဲတွေ လုပ်ပါမယ်”ဟု ၄င်းကပြောသည်။ အသစ် ပြန်လည်ဖွဲ့စည်းမည့်ကော်မတီများအတွက် ကော်မတီဝင်များ ရွေးချယ်ရာတွင် သင့်တော်မည့် လူပုဂ္ဂိုလ်များကို အဆိုပြုပြီး ကော်မတီဝင်ရွေးချယ်ရေးအဖွဲ့က မဲစနစ်ဖြင့်ရွေးချယ်ခြင်းဖြစ်ကြောင်း သိရသည်။

သံတွဲပြည်ခိုင်ဖြိုး ပါတီညီလာခံကျင်းပရေး ညှိနှိုင်းစည်းဝေး

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီညီလာခံ ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် ရပ်/ကျေး ပါတီခေါင်းဆောင်များ ကတိသစ္စာ ခံယူပွဲ အခမ်းအနားကို (ဇွန်လ ၇) ရက် နေ့လည် (၁၂) နာရီအချိန်က သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။