ဒေါ့မွန်ကွင်းကို ပြန်သွားရတာက မြောက်ကိုးရီးယားကို သွားရတာထက်တော့ ပိုကောင်းမယ်လို့ ကလော့ပ်အရွှန်းဖောက်

ဒေါ့မွန်အသင်းနဲ့ ပြန်လည်ရင်ဆိုင်ဖို့အတွက် ဂျာမန်မြေကို ပြန်သွားရတာဟာဆိုရင်တော့ မြောက်ကိုးရီးယားကို သွားရတဲ့ ခရီးစဉ်နဲ့ စာရင်တော့ ပိုကောင်းတယ်လို့ ထင်ပါတယ်ဆိုပြီး လီဗာပူးလ်နည်းပြ Jurgen Klopp (ယာဂန်ကလော့ပ်)က ဟာသပုံစံနဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီနေ့ညမှာတော့ ကြိုးကြာနီတွေဟာ ဒေါ့မွန်အသင်းကို ယူရိုပါလိဂ် ကွာတားဖိုင်နယ်အဖြစ် ဂျာမန်မြေမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ဒေါ့မွန်နည်းပြဟောင်းနဲ့ လီဗာပူးလ်လက်ရှိနည်းပြ ကလော့ပ် “ကျွန်တော်တို့အတွက် တက်ဖို့ခဲယဉ်းတဲ့ အကြီးမားဆုံးတောင်တစ်ခုလို့ ထင်ပါတယ်။ ကျွန်တော်တို့လုပ်နိုင်မှာပါ” လို့ ပြောကြားခဲ့ပါတယ်။

မာဆယ်လိုဟာ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်တယ်လို့ ဝုလ်ဖ်ဘတ်နည်းပြဟက်ကင်း ဝေဖန်

ဘရာဇီးလ်နောက်ခံလူ Marcelo (မာဆယ်လို)ဟာဆိုရင်တော့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဖြစ် ကစားခဲ့ကြတဲ့ ဝုလ်ဖ်ဘတ်အသင်းနဲ့ ပွဲစဉ်မှာ ဝုလ်ဖ်ဘတ်တိုက်စစ်မှူး အာနိုးလ်နဲ့ အချင်းများခဲ့ပြီး မာဆယ်လိုက ဟန်ဆောင်လှဲချခဲ့တာကြောင့် ဘောလုံးအသိုင်းအဝိုင်းက အကြီးအကျယ်ဝေဖန်လျက်ရှိနေကြပါတယ်။

ကင်မရာမှတ်တမ်းတွေအရတော့ ဝုလ်ဖ်ဘတ်တိုက်စစ်မှူး အာနိုးလ်ဟာ မာဆယ်လိုကို လက်နဲ့တောင် မထိခဲ့ပေမယ့် မာဆယ်လိုက ဟန်ဆောင်လှဲချပြီး မျက်နှာကို လက်နဲ့အပုတ်ခံလိုက်ရတဲ့ ပုံစံပြုလုပ်ခဲ့တာပါ။ ဒါ့ကြောင့် ကွင်းလယ်ဒိုင်ရဲ့ အဝါကတ်ပြပြီး သတိပေးမှုကို အာနိုးလ်တစ်ယောက် ငြိမ်ခံခဲ့ရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဝုလ်ဖ်ဘတ်နည်းပြ ဒိုင်းယတ်ဟက်ကင်းက မာဆယ်လိုကို အခုလိုပဲဝေဖန်ခဲ့ပါတယ်။
“မာဆယ်လိုက ဘောလုံးသမားမဟုတ်ပါဘူး။ ကောင်းမွန်တဲ့သရုပ်ဆောင်တစ်ယောက်ပါ။ ဒီလုပ်ရပ်က ကျွန်တော့်ကို စိတ်ပျက်စေပါတယ်။ သူ့အနေနဲ့ လုပ်သင့်တဲ့ အပြုအမူမဟုတ်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

နပန်းစွမ်းရည်ပြခဲ့တဲ့ Rooney

မန်ယူတိုက်စစ်မှူး Wayne Rooney ဟာ ကွင်းထဲမှာ ကစားစဉ်မှာလည်း ဘယ်သူ့ကိုမှ မကြောက်ရွံ့တတ်တဲ့ ပုံစံနဲ့ ကစားတတ်ပြီး ကွင်းပြင်ပမှာလည်း ဘယ်သူ့ကိုမှ အကြောက်အလန့်မရှိဘူးဆိုတာကို
သက်သေပြခဲ့ပါတယ်။ သူဟာ WWE နပန်းပွဲကို တက်ရောက်စဉ်အချိန်မှာ သူ့ရဲ့စွမ်းရည်ကို ပြသဖို့ ဖြစ်လာခဲ့ပါတယ်။

ရီးရဲလ်တို့ ဂျာမန်မြေမှာ အရှုံးပေးခဲ့ရပြီး မန်ချက်စတာသားတို့ ပဲရစ်မှာ သရေယူနိုင်ခဲ့

မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ရဲ့ ဒုတိယနေ့ပွဲစဉ်တွေမှာတော့ မထင်မှတ်တဲ့ ရလဒ်တွေထွက်ပေါ်လာခဲ့ပြီး စပိန်ဘီလူးရီးရဲလ်တို့က ဂျာမန်မြေမှာ နှစ်ဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ပီအက်စ်ဂျီက မန်စီးတီးအသင်းကို သက်တောင့်သက်သာအနိုင်ရမယ်လို့ ခန့်မှန်းထားတဲ့ ပွဲစဉ်ကတော့ နှစ်ဂိုးသရေရလဒ် ထွက်ပေါ်လာခဲ့ပါတယ်။