အိုလံပစ်မီးရှူးတိုင် ဘရာဇီးကို ရောက်ရှိ

89556527-55cb19df-c592-46ae-9ef9-7dfb1f5c5ebb

အိုလံပစ်အားကစားပြိုင်ပွဲ ကျင်းပမယ့် ဘရာဇီးနိုင်ငံကို အိုလံပစ်မီးရှူးတိုင် ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဂရိနိုင်ငံမှ စတင် သယ်ဆောင်ခဲ့တာဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှ ဘရာဇီးကို ရောက်ရှိခဲ့ပါတယ်။

အိုလံပစ်မီးရှူးတိုင်ကို သမ္မတ ဒီလ်မာ ရူဆပ်ဖ်က မီးထွန်းညှိပေးခဲ့ပြီး ဘရာဇီးနိုင်ငံတစ်ဝန်း အပြေးသမား ၁၂,၀၀၀ က လက်ဆင့်ကမ်း သယ်ဆောင်သွားမှာပါ။ ဘရာဇီး အိုလံပစ် အားကစားပြိုင်ပွဲတွေကို သြဂုတ် ၅ ရက်မှ ၂၁ ရက်အထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

တံတောင်နှင့် တွက်သည့် ဖလာမီနီနှင့် ဆံပင်ပြန်ဆွဲသည့် ရောဘတ်ဟုသ် ၃ ပွဲပယ်ခံရ

Fellaini-and-Huth

အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်အသင်း အလယ်တန်း ကစားသမား ဖလာမီနီနဲ့ လက်စတာ အသင်း နောက်ခံလူ ရောဘတ်ဟုသ်တို့ကို အကြမ်းဖက်မှု အပြုအမှုကြောင့် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) က ၃ ပွဲပယ် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

ချယ်လ်ဆီးနှင့် စပါးကို အက်ဖ်အေတရားစွဲဆို

chelsea-tottenham-stamford-

ချယ်လ်ဆီးနှင့် စပါးအသင်းတို့သည် တနင်္လာနေ့ကကစားခဲ့သော  နှစ်ဂိုးစီသရေကျ ခဲ့သည့် ပွဲအပြီးနှင့် ကစားနေစဉ်အတွင်း ၎င်းတို့၏ ကစားသမားများနှင့် အသင်းအရာရှိများကို ထိန်းချုပ်ရန် ပျက်ကွက်မှုစွဲချက် သုံးခုဖြင့် အင်္ဂလိပ်ဘောလုံး အဖွဲ့ချုပ်က နှစ်သင်းစလုံးအား တရားစွဲဆိုလိုက်သည်။

စပါးကွင်းလယ်လူ ဒမ်ဘီလီ ကိုလည်း ပွဲအချိန်အတွင်း ကြမ်း တမ်းသော လုပ်ရပ်အတွက် စွဲ ချက်တင်လိုက်သည်။

အိမ်ကွင်းအားကိုးဖြင့် ဗီလာရီးရဲလ်ကို ကျော်ဖြတ်ရန် လီဗာပူးမျှော်လင့်

epa05281844 Villarreal CF's Congolese striker Cedric Bakambu (R) fights for the ball with Brazilian midfielder Lucas Leiva (L) of Liverpool during the UEFA Europa League semi final, first leg soccer match between Liverpool and Villarreal CF played at El Madrigal stadium in Villarreal, eastern Spain, 28 April 2016.  EPA/JUAN CARLOS CARDENAS

လီဗာပူးသည် ယနေ့ညတွင် အန်းဖီးလ်ကွင်း၌ ကစားမည့် ဗီလာရီးရဲလ်နှင့် ယူရိုပါလိဂ် ဒုအကျော့တွင် အိမ်ကွင်း အားသာချက် အားကိုးမည်ဖြစ်သည်။ ပထမအကျော့က ဗီလာရီးရဲလ်ကွင်းတွင် စည်းကမ်းအပြည့် ကစားခဲ့သော လီဗာပူးသည် ပွဲ ပြီးခါနီး၌ အက်ဒနီယန်လိုပဇ်စ်၏ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ပရီးမီးယားလိဂ်ကို လက်စတာဗိုလ်စွဲမှုမျိုး နောက်တစ်ကြိမ်ထပ်ဖြစ်ရန် ခက်ခဲဟု ရာနီရေရီ ပြော

33CA58FA00000578-0-image-a-17_1462310529568

မေ ၄၊ လက်စတာ

လက်စတာအသင်း ချန်ပီယံဖြစ်ပြီးနောက် အင်္ဂလန်၏ ချမ်းသာသောကလပ်များသည် ပရီးမီးယားလိဂ်ကို နှစ် ၂၀ ခန့် လွှမ်းမိုးထားလိမ့်မည်ဟု နည်းပြ ရာနီရေရီက ပြောသည်။

ပေါင် ၅၇ သန်းသာတန်ဖိုးရှိသည့် လက်စတာအသင်းလူစာရင်းသည် ပရီးမီးယားလိဂ်အမှတ်ပေးဇယားတစ်ဝက်လောက်မှ အသင်းတိုင်းထက် တန်ဖိုးနည်းလွန်းသည့် ပမာဏဖြစ်သည်။

မန်ချက်စတာစီးတီးကိုနိုင်ပြီး ရီးယဲယ်မက်ဒရစ်ဖိုင်နယ်တက်”

13173085_1175930519108518_776422132062328934_o13151621_1712192982366919_3754704313862379033_n

“ရီးယဲယ်မက်ဒရစ် 1 – 0  မန်ချက်စတာစီးတီး” 

ညပိုင်းမှာကစားတဲ့ ရီးယဲယ်မက်ဒရစ်နဲ့ မန်ချက်စတာစီးတီးတို့ရဲ့ပွဲမှာ ၁၀ကြိမ်ချန်ပီယံ ရီးယဲယ်မက်ဒရစ်က ပထမပိုင်းမှာသွင်းတဲ့ တစ်လုံးတည်သေားဂိုးနဲ့ဖိုင်နယ်တက်နိုင်ခဲ့ပါတယ်။ ရီးယဲယ်အသင်းမှာ ဘန်ဇီမာဒဏ်ရာက မသက်လို့ မပါနိုင်ပေမယ့် ရော်နယ်လ်ဒိုပြန်ပါလာခဲ့သလို မန်ချက်စတာစီးတီးဖက်မှာလည်း ယာယာတိုရေးပါဝင်ခဲ့ပါတယ်။

ဧရာဝတီဖလားလေးနိုင်ငံဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ပထမဆု ဒေါ်လာနှစ်သောင်းချီးမြှင့်မည်

13162280_576282699215544_1662071011_n

လေးနိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲအတွက် ဧရာဝတီဘဏ်က စပွန်ဆာစာချုပ်ချုပ်ဆိုပွဲကျင်းပနေစဉ် (ဓာတ်ပုံ − MFF)

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် ဧရာဝတီဘဏ်ဖလား နိုင်ငံတကာ လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲတွင် ပထမဆုကို ဒေါ်လာနှစ်သောင်းနှင့် ဆုဖလား ချီးမြှင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

၂၀၁၆ ဇွန်လ ၃ ရက်မှ ၆ ရက်အထိ ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ကျင်းပမည့် အဆိုပါပြိုင်ပွဲတွင် အိမ်ရှင်မြန်မာအသင်း အပါအ၀င် စင်ကာပူ၊ ဟောင်ကောင်၊ ဗီယက် နမ်အသင်းတို့ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

အသင်း၏ ထိပ်သီးကစားသမားတွေကို ရောင်းချမည်မဟုတ်ဟု လက်စတာအသင်းပိုင်ရှင်များ ဆို

TITLE_main_2838119a

မေ ၃၊ လက်စတာ ။             ။ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာပြီးနောက်တွင် လက်စတာအသင်းပိုင်ရှင်များက အသင်းမှ ထိပ်သီးကစားသမားများကို ရောင်းချမည် မဟုတ်ကြောင်း ပြောဆိုလိုက်သည်။

လက်ရှိတွင် ပီအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သည့် မာရက်ဇ်အား ဘာစီလိုနာနှင့် ပီအက်စ်ဂျီ အသင်းတို့က စိတ်ဝင်စားနေသလို ကွင်းလယ်လူ ကန်တီကိုလည်း ဥရောပထိပ်သီးအသင်းကြီးများက စိတ်ဝင်စားလျက် ရှိနေကြသည်။

ယူနိုက်တက်တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ဒီဂီယာသုံးနှစ်ဆက် ရရှိ

David-de-Gea

မေ ၃၊ မန်ချက်စတာ ။           ။ မန်ချက်စတာယူနိုက်တက်အသင်း၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဂိုးသမားဒီဂီယာက သုံးနှစ်ဆက်အဖြစ် ရရှိသွားသည်။

ပြီးခဲ့သည့်နွေရာသီက ရီးယဲလ်မက်ဒရစ်အသင်းသို့ပြောင်းရွှေ့လုနီးပါးဖြစ်ခဲ့သည့် ဂိုးသမားသည် တနင်္လာနေ့က အိုးထရက်ဖို့ဒ်တွင် ပြုလုပ် သောတစ်နှစ်တာ အကောင်းဆုံး ဆုပေးပွဲတွင် ယင်းဆုကိုရရှိခဲ့ခြင်းဖြစ်သည်။

ဂွါဒီယိုလာလက်ထက် ချန်ပီယံလိဂ်နောက်ဆုံး (၃)နှစ်ဆက် ဆီမီးဖိုင်နယ်ကို မကျော်လွန်နိုင်ခဲ့တဲ့ ဘိုင်ယန်

13151722_1020641351325083_544709294737460600_n

ဒီနေ့ပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းဟာ အက်သလက်တီကိုအသင်းကို အိမ်ကွင်းမှာ အနိုင်ကစားနိုင်ခဲ့ပေမယ့် အဝေးဂိုး စည်းမျဉ်းကြောင့် ပြိုင်ပွဲကထွက်ခွာခဲ့ရပါတယ်။ ဒါကြောင့်လည်း ဂွါဒီယိုလာလက်ထက်မှာ ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ် နောက်ဆုံး (၃)နှစ်ဆက်တိုက် ဆီမီးဖိုင်နယ်အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာပါ။

ဘိုင်ယန်မြူးနစ်ရဲ့ လူစာရင်းမှာ ပထမအကျော့တုန်းက ပွဲထွက်လူစာရင်းမှာ မပါဝင်ခဲ့တဲ့ မူလာ၊ ရစ်ဘာရီတိြု့ ပန်လည် ပါဝင်လာခဲ့ပြီး ဗီဒယ်လ်၊ အလွန်ဆို၊ ဒေါက်ဂလပ်ကော်စတာနဲ့ တိုက်စစ်မှာ လီဝန်ဒေါ့စကီးတို့ကိုပဲ ပွဲထွက် စေခဲ့ပါတယ်။ တီကိုကတော့ နောက်ခံလူဂိုဒင် တစ်ဦးတည်းသာ ပြန်လည်အသုံးပြုခဲ့ပြီး ပထမအကျော့က လူစာရင်းအတိုင်းပဲ ပွဲထွက်ခဲ့တာပါ။