လက်စတာစီးတီး ပရိသတ်များပေးအပ်သည့် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို မာရက်ဇ် ရရှိ

Leicester-Citys-Riyad-Mahrez-poses-with-his-PFA-Player-of-the-year-award

လက်စတာစီးတီးအသင်း၏ ပရိသတ်များက ရွေးချယ်ပေးအပ်သော တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို အယ်လ်ဂျီးရီးယားတောင်ပံကစားသမား မာရက်ဇ်က ရရှိခဲ့သည်။

မာရက်ဇ်သည် လက်စတာအသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာစေရန် အဓိက ခြေစွမ်းပြခဲ့သူ တစ်ဦးဖြစ်ပြီး ၁၇ ဂိုးသွင်းယူကာ ၁၁ ဂိုး ဖန်တီးပေးနိုင်ခဲ့သူ ဖြစ်သည်။ တစ်ရာသီလုံး   ခြေစွမ်းပြနိုင်မှုကြောင့်  ပီအက်ဖ်အေ၏ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့သည်။

မော်ရင်ဟိုကို နည်းပြချုပ်အဖြစ် အင်ဒိုနီးရှားခန့်အပ်လို

3032312_heroa

ချယ်ဆီးနည်းပြဟောင်း မော်ရင်ဟိုကို  အင်ဒိုနီးရှားလက်ရွေးစင်ဘောလုံးအသင်းရဲ့နည်းပြချုပ်အဖြစ် ခန့်အပ်ဖို့ အလိုရှိနေတယ်လို့ အင်ဒိုနီးရှားအားကစားဝန်ကြီးက နိုင်ငံပိုင် အန်တာရာသတင်းအေဂျင်စီကို ပြောပါတယ်။

မော်ရင်ဟိုကို တနှစ် စတာလင်ပေါင် ၁၃ သန်းလောက်နဲ့ ခေါ်ယူခန့်ထားဖို့  အစီအစဉ်နဲ့ ပတ်သက်ပြီး သမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ အင်ဒိုနီးရှားအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အဲရစ်ဟိုဟိုင်ယာတို့ ဆွေးနွေးနေတဲ့အကြောင်း ဒါပေမယ့်  သိပ်တော့ လွယ်မယ်မထင်ဘူးလို့  အင်ဒိုအားကစားဝန်ကြီး အီမမ်နာရာဝီက ပြောပါတယ်။

ဘာစီလိုနာအသင်းသားအားလုံး ရီးရဲလ်ကို ဖလားလက်မဲ့ဖြစ်စေလိုဟု မက်ဆီ ပြော

52365345345

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ငါးကြိမ်ရရှိ ထားသော ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက ၎င်းတို့အသင်းသား အားလုံးသည် ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ရီးရဲလ်က အက်သလက်တီကိုကို ရှုံးနိမ့်မည်ဟု မျှော်လင့်ထားကြောင်း ပြောကြားသည်။

လာလီဂါ လက်ရှိချန်ပီယံ ဘာကာသည် ကွာတားဖိုင်နယ်တွင် အက်သလက်တီကိုကို ရှုံးနိမ့်ခဲ့ပြီး အက်သလက် တီကိုက ဘိုင်ယန်ကို ကျော်ဖြတ်ကာ ဗိုလ်လုပွဲသို့ ရောက်ရှိလာခြင်းဖြစ်သည်။

Upton Parkကွင်းရဲ့ နောက်ဆုံးပွဲမှာ မန်ချက်စတာယူနိုက်တက် ရှုံးနိမ့်ခဲ့

13133098_1025190457536839_4210593379238071254_n

၁၁၂နှစ်ကြာကစားခဲ့တဲ့ ၀က်စ်ဟမ်းအသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ Upton Park ကွင်းရဲ့ နောက်ဆုံးပွဲမှာ အိမ်ရှင် ၀က်စ်ဟမ်းက ချန်ပီယံလိဂ်ဝင်ခွင့်ကြိုးစားနေတဲ့ မန်ချက်စတာယူ နို်က်တက်ကို အနိုင်ရသွားခဲ့ပါတယ်။ ဘီလစ်ရဲ့ ၀က်စ်ဟမ်းမှာ အန်ဒီကားရိုးလ်၊ ဆာခို၊ နိုဘယ်လ်၊ ပါယတ်၊ လန်ဇီနီတို့နဲ့ လူစုံပါဝင်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းမှာ လည်း ရူနီ၊ မာတာ၊ ရပ်ရှ်ဖို့ဒ်၊ မာရှယ်လ်၊ စမောလင်းတို့နဲ့လူစုံပါဝင်ခဲ့ကြပါတယ်။

လီဗာပူးလ်အသင်းက လာမယ့် ဘောလုံးရာသီမှာ ဝတ်ဆင်မယ့် အိမ်ကွင်းဝတ်စုံသစ်ကို မိတ်ဆက်

13420160510143730946_o

လီဗာပူးလ်အသင်းကတော့ လာမယ့် ၂၀၁၆-၂၀၁၇ ခုနှစ် ဘောလုံးရာသီအတွက် အိမ်ကွင်းဝတ်စုံသစ်ကို မိတ်ဆက် ပြသလိုက်ပါတယ်။

ကြိုးကြာနီတွေရဲ့ အောင်မြင်ခြင်းတွေ ပြန်လည်ယူဆောင်လာပေးမယ့် ဝတ်စုံသစ်ကိုတော့ အသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆန် ၊ ကော်တင်ဟို ၊ ဂိုးသမား မစ်ဂ်နိုလက်နဲ့ နောက်ခံလူ ဖလာနာဂန်တို့အပြင် လီဗာပူးလ် အမျိုးသမီးဘောလုံး ကစားသမားတွေဖြစ်ကြတဲ့ ဂမ်မာဘွန်နာနဲ့ နာတာရှာဟာဒင်းတို့က ဝတ်ဆင် ပြသခဲ့တာပါ။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ပဏာမ လူစာရင်းထုတ်ပြန်

4182852482824

မကြာခင်ယှဉ်ပြိုင်ကစားဖို့ရှိနေတဲ့ နိုင်ငံတကာပွဲတွေအတွက်   မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းရဲ့ ပဏာမကစားသမား ၂၆ ဦးစာရင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်လိုက်ပါတယ်။

လာမယ့် မေလ ၂၈နေ့ မလေးရှား လက်ရွေးစင် အသင်းနဲ့ ကစားမယ့် ပွဲစဉ်နဲ့ ဇွန်လဆန်း ကျင်းပမယ့်  AYA BANK CUP 2016 ပြိုင်ပွဲတွေအတွက်  ပဏာမ လက်ရွေးစင် ကစားသမားစာရင်းကို ထုတ်ပြန်လိုက်တာပါ။

ဘိုင်ယန်နှင့် ပီအက်စ်ဗီ လိဂ်ဖလားများဆွတ်ခူး၊ အောက်ဆုံးအသင်းများ တန်းမဆင်းရရေး ရုန်းကန်ရဦးမည်

မြူးနစ်− ဘိုင်ယန်မြူးနစ်အသင်း သည် စံချိန်တင်လေးနှစ်ဆက်တိုက် ဘွန်ဒက်စ်လီဂါဖလားကို ရရှိခဲ့ပြီး ပီအက်စ်ဗီ အသင်းသည်လည်း နယ်သာလန်လိဂ်ဖလားကို ထပ်မံရရှိခဲ့သည်။ သို့သော် စပိန်တွင် အဓိက ပြိုင်ဘက်များဖြစ်သော ဘာကာနှင့် ရီးရဲလ်တို့၌ လောလောဆယ် ဘာကာက အသာစီးရထားသော်လည်း ရီးရဲလ်က အမီလိုက်နိုင်သေး၍ နှစ်သင်းစလုံး နောက်ဆုံးမိနစ်အထိ စောင့်ကြည့်ရမည်ဖြစ်သည်။

ယူအီးအက်ဖ်အေ ဥက္ကဋ္ဌ ပလာတီနီ ရာထူးမှ နုတ်ထွက်မည်

ဘောလုံးလောကမှ ခြောက်နှစ်ကြာ ပိတ်ပင်ခံရမှု ရင် ဆိုင်ရပြီးနောက် ဥရောပဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌပလာတီနီ ရာထူး မှ နုတ်ထွက်မည်ဖြစ်သည်။

အားကစားဆိုင်ရာ အငြင်း ပွားမှု ဖြေရှင်းရေးရုံး (CAS) က ဖီဖာ၏ ခြောက်နှစ် ပြစ်ဒဏ်ကို  လေးနှစ်အထိသာ လျှော့ချပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်ထွက် ပေါ်ခဲ့ပြီးနောက် ရာထူးမှ နုတ်ထွက်မည်ဟု ပြောကြားသည်။

မေဝဲလ်သာ နောက်တစ်ပွဲ ထပ်မံ ထိုးသတ်ရန် နီးစပ်နေ

လက်ဝှေ့သမားဘဝက အနားယူပြီလို့ ကြေညာထားတဲ့ ရှုံးပွဲမရှိစံချိန်သမား မေဝဲလ်သာက ကြိုးဝိုင်းထဲ ပြန်ဝင်ပြီး နောက်ထပ်တစ်ပွဲ ထိုးသတ်ဖို့ အရိပ်အမြွက် ပြောကြားလိုက်ပါတယ်။

ဒါပေမဲ့ မေဝဲလ်သာရဲ့ ပြိုင်ဘက်ဟာ လက်ဝှေ့သမားစစ်စစ် တစ်ဦးမဟုတ်ဘဲ MMA တိုက်ခိုက်ရေးသမားတစ်ဦး ဖြစ်လာမှာပါ။ ပက်ကွီယိုကို နောက်ဆုံးပွဲမှာ အနိုင်ယူပြီး ကြိးဝိုင်းထဲကနေ ပျောက်ကွယ်နေတဲ့ မေဝဲလ်သာနဲ့ တိုက်ခိုက်ရေးသမား မက်ဂရီဂါတို့ အတွက် အထူးပွဲတစ်ပွဲကို နှစ်ဖက်တာယန်ရှိသူတွေ ကြိတ်ပြီး စီစဉ်နေတယ်လို့ သတင်းထွက်နေပါတယ်။

လက်စတာဘောလုံးသမား တစ်ဦးလျှင် မာစီးဒီးကားတစ်စီးရမည်

33CB8D0300000578-3574048-image-m-4_1462397114208

လက်စတာစီးတီးအသင်း ယခုနှစ်ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ခြင်းကြောင့် အသင်းပိုင်ရှင် ထိုင်းလူမျိုးသူဌေးကြီး ၀ီချိုင်ဆိရိဗက်ဟန်နာပရာဘာ က ဘောလုံးသမား ၃၀ ဦးအား မာစီးဒီးကားတစ်စီးစီ ဆုချီးမြှင့်မည်ဖြစ်သည်။

တန်ဖိုး စတာလင်ပေါင် ၃၂,၆၇၀တန်ကြေးရှိ မာစီးဒီး B.class လျှပ်စစ်ကားတစ်စီးကို လက်စတာ ဘောလုံးသမားများအား  ဆုချီးမြှင့်မည်ဖြစ်၍ ထိုင်းစီးပွားရေးလုပ်ငန်းရှင် ၀ီချိုင်အနေဖြင့် ပေါင်တစ်သန်းခန့်ကုန်ကျ မည်ဖြစ်သည်။