ဗီလာကိုဝယ်သည့် တရုတ်သူဋ္ဌေး ကစားသမားဝယ်ရန် ပေါင် သန်း ၅၀ သုံးမည်

Aston-Villa-new-boss-Xia-Jiantong-Reuters

အင်္ဂလန် ပရီးမီးယားလိဂ်က တန်းဆင်းသွားရတဲ့ အက်စ်တွန်ဗီလာအသင်းကို ၀ယ်ယူတဲ့ တရုတ်သူဋ္ဌေး ဒေါက်တာ တိုနီဇီက မန်နေဂျာသစ်အနေနဲ့ ကစားသမားတွေ ၀ယ်ယူဖို့ ပေါင်သန်း ၅၀ ပေးသွားမယ်လို့ ဆိုပါတယ်။

ကလပ်အသင်းအတွက် ပေါင်သန်း ၂၀ ကနေ ၃၀၊ ၃၀ ကနေ သန်း ၄၀၊ ၄၀ ကနေ သန်း ၅၀ အထိ အသုံးစာရင်း ရှိသလို နည်းပြသစ်ရောက်လာမှ ဒါကို အတည်ပြုမယ်လို့ ဇီက ပြောပါတယ်။

အက်စ်တွန်ဗီလာကို ပေါင်သန်း ၆၀ ဖြင့် ၀ယ်ယူရန် တရုတ်စီးပွားရေးသမား သဘောတူ

89724639_hi032810998

အင်္ဂလန် ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားတဲ့ အက်စ်တွန်ဗီလာကို ပေါင်သန်း ၆၀နဲ့ ၀ယ်ယူဖို့ တရုတ်စီးပွားရေး သမားက သဘောတူညီလိုက်ပါတယ်။

ဘောလုံးလိဂ်ရဲ့ အတည်ပြုချက် ရယူရမယ့် သဘောတူညီချက်က တရုတ်စီးပွားရေးသမား ဒေါက်တာ တိုနီဇီကို ၁၀၀ ရာခိုင်နှုန်း ပိုင်ဆိုင်ခွင့် ရရှိမှာ ဖြစ်ပြီး ဥက္ကဋ္ဌ ဖြစ်လာမှာ ဖြစ်ပါတယ်။

အက်သလက်တီကို ကွင်းလယ်ကစားသမား ဆော ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်းတိုး

4538783385565

တစ်ရာသီလုံး ခြေစွမ်းပြကစားခဲ့သော ကွင်းလယ်လူ ဆောနီဂွတ်စ်ကို အက်သလက်တီ ကိုမက်ဒရစ်က တစ်နှစ် သက်တမ်းတိုး၍ ၂၀၂၁ အထိ စာချုပ် ချုပ်ဆိုလိုက်သည်။

အသက် (၂၁) နှစ်အရွယ် ကစားသမားသည် ချန်ပီယံလိဂ် ပ-အကျော့တွင် ကစားခဲ့သည့် ဘိုင်ယန်မြူးနစ်နှင့် ပွဲ၌ ရင်သပ် ရှုမောဖွယ် တစ်ကိုယ်တော်ဂိုး သွင်းယူခဲ့ပြီး စပိန်လက်ရွေးစင်အသင်းသို့ ပထမဆုံးအကြိမ် ခေါ်ယူခံရကာ ဒဲလ်ဘော့စကေး၏ ယူရို ၂၀၁၆ အသင်း၌ ပါဝင်လာသည်။

စင်္ကာပူနဲ့ ပွဲဦးထွက်တွေ့မယ့် မြန်မာအသင်း

13233055-693084040830411-7647008089556537350-n

ရန်ကုန်မြို့မှာ ကျင်းပမယ့် လေးနိုင်ငံ ဖိတ်ခေါ်ဖလားပြိုင်ပွဲမှာ မြန်မာအသင်းဟာ ပွဲဦးထွက်အဖြစ် အိမ်ရှင်စင်္ကာပူ အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

လီဗာပူးနှင့် ဆီဗီလာ ယနေ့ည ယူရိုပါလိဂ်ဖလား ဗိုလ်လုမည်

516464949

ဘေဆယ်−ယူရိုပါလိဂ်ဖလားကို သုံးနှစ်ဆက်တိုက် ရယူရန် ကြိုး စားမည့် ဆီဗီလာနှင့် လီဗာပူးအ သင်းတို့သည် ဘေဆယ်မြို့ စိန်ဂျာကော့ဘ်ပက်ခ်ကွင်းတွင် ယနေ့ည ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ဆီဗီလာသည် ၂၀၁၄ က ဘင်ဖီကာ၊ ၂၀၁၅ က ဒီနီပရိုအ သင်းတို့ကို အနိုင်ယူပြီး ယူရိုပါ လိဂ်ဖလားများ ရရှိခဲ့သည်။

အီဗရာဟီမိုဗစ်ခ်ျကို ခေါ်ယူရန် မန်ယူဆွေးနွေး

342D5DCF00000578-3593633-image-a-1_1463433630111

မန်ယူအသင်းသည် ပီအက်စ်ဂျီအသင်းမှ ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျကို ခေါ်ယူရန် ဆွေးနွေး နေကြောင်း  ဒေးလီးမေးလ်သတင်းစာက   ဖော်ပြခဲ့သည်။

လာမည့် အောက်တိုဘာလတွင် အသက် ၃၅ နှစ်ပြည့်တော့မည့် အီဗရာဟီမိုဗစ်ခ်ျနှင့် ပီအက်စ်ဂျီအသင်းတို့ ချုပ်ဆို ထားသော စာချုပ်မှာ ယခုနှစ်ရာသီအကုန်တွင် ပြည့်မြောက်ပြီ ဖြစ်သည့်အတွက် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်မည် ဖြစ်သည်။

ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ဟယ်ရီကိန်း ရရှိ

Harry-Kane_3184457k

ယခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံးရွှေဖိနပ်ဆုကို စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက သွင်းဂိုး ၂၅ ဂိုး ဖြင့် ရရှိသွားသည်။

ယင်းတိုက်စစ်မှူးသည် သွင်းဂိုး ၂၄ ဂိုးစီသွင်းယူထားကြသည့် လက်စတာတိုက်စစ်မှူး ဗာဒီနှင့် မန်စီးတီးတိုက်စစ်မှူး အဂူရိုတို့ကို ကျော်ကာ ရွှေဖိနပ်ဆု ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

အပြေးချန်ပီယံ အူစိန်ဘော့ ဒဏ်ရာကြောင့် ဂျာမနီတွင် ဆေးကု

Usain-Bolt-Reuters

ပိုမိုဆိုးဝါးလာတဲ့ တံကောက်ကြောဒဏ်ရာကြောင့် ဂျမေကာအပြေးသမား အူစိန်ဘော့ဟာ ဂျာမနီမှာ ဆေးကုသမှု ခံယူနေတယ်လို့ နည်းပြကို ကိုးကားပြီး ဒေသခံ ရေဒီယိုတွေက ထုတ်ပြန်ပါတယ်။

မေ ၁၄ ရက် ကေမန်းကျွန်းက နိုင်ငံတကာဖိတ်ခေါ် အပြေးပြိုင်ပွဲမှာ မီတာ ၁၀၀ နဲ့ ၂၀၀ အိုလံပစ်ချန်ပီယံ အူစိန်ဘော့ဟာ တံကောက်ကြောဒဏ်ရာကို ရရှိခဲ့တာလို့ အူစိန်ဘော့ရဲ့ နည်းပြ ဂလန်းမေးလ်က ပြောပါတယ်။

တနှစ်တာ အကောင်းဆုံး နည်းပြဆု လက်စတာနည်းပြရ

Claudio-Ranieri-Reuters

လိဂ်နည်းပြများအစည်းအရုံး LMA တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို လက်စတာနည်းပြ ရေနီယာရီက ရရှိသွားသည်။

အသက် ၆၄ နှစ်အရွယ် အီတာလျံနည်းပြကြီးသည် ပထမဆုံးစတင်တာဝန်ယူသည့် ရာသီမှာပင် လက်စတာအသင်း ကို ပရီးမီးယားလိဂ် ဖလားရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

ရေနီရာရီသည် ပရီးမီးယားလိဂ်အကောင်းဆုံး နည်းပြဆုကိုလည်း ရရှိခဲ့ပြီး ဘရိုက်တန်နည်းပြ ခရစ္စဟုခ်ျတန်က ချန်ပီယံရှစ် နည်းပြဆုကို ရရှိခဲ့ သည်။