ဖီဖာ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ်ကို ရာထူးမှ ထုတ်ပယ်

FIFA's acting secretary general Markus Kattner attends a news conference after a meeting of the Executive Committee at FIFA's headquarters in Zurich, Switzerland December 3, 2015. REUTERS/Arnd Wiegmann/Files

ဖီဖာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က လက်ထောက် အထွေထွေအတွင်းရေးမှူးချုပ် မာကက်စ် ကတ်နာကို တာဝန်ကနေ ချက်ချင်းထွက်ဖို့ ကြေညာချက် ထုတ်ပြန်လိုက် ပါတယ်။

ဘောလုံးအဖွဲ့ချုပ်အတွင်းမှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး လက်ထောက် အထွေထွေအတွင်းရေးမှူးချုပ်ဟာ အလုပ်စာချုပ်ပါ တာဝန်ဝတ္တရားတွေကို ပျက်ကွက်တယ်ဆိုပြီး ကြေညာချက်မှာ ဖော်ပြပါတယ်။

နောက်ထပ် အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်သွားမှာမဟုတ်ဘဲ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ပဲ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ဖီဖာရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲတွင် ဒဏ်ရာရသွားသော ဆွာရက်ဇ် ကိုပါဖလားရာပြည့်လွဲချော်နိုင်

FC-Barcelona-vs-Sevilla

ကိုပါဒယ်ရေး (စပိန်ဘုရင့်ဖလား) ဗိုလ်လုပွဲတွင် ကြွက်သားဒဏ်ရာရရှိခဲ့ပြီး မျက်ရည်လည်ရွဲဖြစ်ကျန်ခဲ့သော ဥရုဂွေးတိုက်စစ်မှူးလူဝစ်ဆွာရက်ဇ်၏ နှစ်ပေါင်း ၁၀၀ပြည့် ကိုပါအမေရိကပြိုင်ပွဲ၌ပါဝင်ရေး မရေမရာဖြစ်သွားသည်။

ဆီဗီလာကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သော ပွဲဒုတိယပိုင်းတွင် အနားယူခဲ့ရသည့် ဆွာရက်ဇ်သည် ဆေးစစ်မှု ခံယူပြီးမှာသာ ညာဘက်ခြေထောက်ဒဏ်ရာ မည်မျှပြင်းထန်ကြောင်း သိရ မည်ဖြစ်သည်။

နည်းပြ ဗန်ဂါးလ်ကို မန်ယူအသင်းထုတ်ပယ်

Vanga

နည်းပြ လူးဝစ်ဗန်ဂါးလ် အသင်းကနေ ထွက်ခွာသွားပြီလို့ မန်ချက်စတာယူနိုက်တက်က တရားဝင် ဖော်ပြပါတယ်။

ဗန်ဂါးလ်ဟာ မန်ယူအသင်းကို ၂ နှစ် ကိုင်တွယ်ခဲ့ပြီး ပြီးခဲ့တဲ့ မေ ၂၁ ရက်နေ့က အက်ဖ်အေဖလားရရှိအောင် ဦးဆောင်မှုပေးခဲ့ပါတယ်။

ဒါပေမယ့် အသင်းအတွက် ချန်ပီယံလိဂ်ဝင်ခွင့် မစွမ်းဆောင်နိုင်လို့ ထုတ်ပယ်ခံလိုက်ရတာပါ။

ချယ်လ်ဆီးအသင်းတွင် အကြံပေးအဖြစ် ဟစ်ဒင့်ဆက်ရှိနေမည်

3435E3DC00000578-0-image-a-86_1463920966371

မေ ၂၃၊ လန်ဒန် ။              ။ ချယ်လ်ဆီးအသင်းကာလတိုနည်းပြအဖြစ်တာဝန်ယူခဲ့သော ဟစ်ဒင့်က ၎င်းသည်ခြေစွမ်း တက်လာသည့်လူငယ်များအသင်းကြီးသို့ ရောက်ရှိရေးကဏ္ဍကို အာရုံစိုက်ရမည့် အကြံပေးတစ်ဦး အဖြစ် အသင်းတွင်ဆက်ရှိနေမည်ဟု အတည်ပြုသည်။

ပရီးမီးယားလိဂ်သမိုင်းတွင် ချန်ပီယံဆုကာကွယ်နိုင်စွမ်းအညံ့ဆုံးဖြစ်ခဲ့ရသည့်ရာသီတွင် မော်ရင်ဟိုထုတ်ခံရပြီးနောက် ဟစ်ဒင့်သည် ချယ်လ်ဆီးအသင်းကို ဒုတိယအကြိမ်မြောက်အဖြစ် ကာလတိုကိုင်တွယ်ခဲ့ခြင်းဖြစ်သည်။

ပီအက်စ်ဂျီအတွက် နောက်ဆုံးပွဲတွင် မိုဗစ် နှစ်ဂိုးသွင်းယူပြီး ဖလားရယူပေး

epa05306848 Zlatan Ibrahimovic (C) of Paris Saint Germain flanked by teammates celebrates with the French Ligue 1 title after their soccer match against FC Nantes at the Parc des Princes stadium in Paris, France, 14 May 2016. Zlatan Ibrahimovic plays his last Ligue 1 match with PSG.  EPA/YOAN VALAT

ပါရီ- ပြင်သစ်ဖလားဗိုလ်လုပွဲတွင် ပီအက်စ်ဂျီအသင်းမှ ဆွီဒင်တိုက် စစ်မှူး အီဗရာဟီမိုဗစ်၏ သွင်း ဂိုးနှစ်ဂိုးနှင့်အတူ မာဆေးလ်အ သင်းကို အနိုင်ရပြီး ၂ နှစ်ဆက်တိုက် ပြင်သစ်ဖလား ရယူနိုင်ခဲ့ သည်။

ပီအက်စ်ဂျီအတွက် မာတူဒီသွင်းယူသော ဗွေဆော်ဦးဂိုးကို  မာဆေးလ်မှ ဖလော်ရီယန် သော်ဗင်က ချေဖျက်ခဲ့ ပြီးနောက် အီဗာရာဟီမိုဗစ်က ပင်နယ်တီမှ တစ်ဆင့် ဂိုးသွင်းယူခဲ့သည်။

မိုင်ပေါင်း ၃၅၀ ကို မရပ်မနား ပြေးနိုင်သူ မာရသွန်သမား

341AA15F00000578-3588109-image-m-10-1463103200985

အမေရိကန်မှာနေထိုင်တဲ့ မာရသွန်အပြေးသမားတစ်ဦးဟာ ထူးဆန်းတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံကြောင့် မိုင်ပေါင်း ၃၅၀ ကို မရပ်မနား ပြေးလွှားနိုင်သူ ဖြစ်ပါတယ်။

စီအက်စ်ကေအေ ရုရှားလိဂ်ချန်ပီယံဆုဆွတ်ခူး

347BE68D00000578-0-image-a-30_1463909558604

ကာဇန် –  စီအက်စ်ကေအေအသင်းသည် မထင်မှတ်ဘဲ ချန်ပီယံ ဆုစိန်ခေါ်သူဖြစ်လာသော ရော့ စကော့အသင်းအား ကျော်ဖြတ် ၍ ရုရှားပရီးမီးယားလိဂ်သရဖူကို ခြောက်ကြိမ်မြောက် ဆွတ်ခူးသွားသည်။

ထိုအတောအတွင်း ဆိုဗီယက်ခေတ်အင်အားကြီးအသင်း ဖြစ်ခဲ့သော ဒိုင်နမိုမော်စကိုသည် ပထမဆုံးအကြိမ် တန်းဆင်းသွားသည်။

ဆီဗီလာသည် ၁၀ နှစ်အတွင်း ယူရိုပါလိဂ်ဖလား ငါးကြိမ်ရသည့် တစ်ခုတည်းသောအသင်း ဖြစ်လာ

13239290_1716624038617643_5316331727781031189_n

ဥရောပချန်ပီယံဆီဗီ လာအသင်းသည် လီဗာပူးကို အနိုင်ယူကာ ၂၀၁၆  ယူရိုပါလိဂ် ဖလား ရရှိခဲ့ပြီးနောက် ဆယ်စုနှစ် တစ်ခုအတွင်း ဖလားငါးကြိမ်ရရှိ သည့် ပထမဆုံးအသင်းဖြစ်လာ သည်။ သို့သော်ဆီဗီလာအသင်း အနေဖြင့် ချန်ပီယံလိဂ်တွင် ခြေ စွမ်းပြကစားနိုင်ရန် လိုအပ်သည် ဟု ဘောလုံးလေ့လာသူများက ထောက်ပြပြောဆိုသည်။

ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲမှ ရော်ဂျာဖက်ဒါရာ နုတ်ထွက်

13235131_1717413685178182_8348560130262494670_o

ဆွစ်ဇာလန်နာမည်ကျော်တင်းနစ်သမား ရော်ဂျာဖက်ဒါရာသည် မကြာမီစတင်တော့မည့် ပြင်သစ်အိုးပင်းပြိုင်ပွဲမှ နုတ်ထွက်ခဲ့ကြောင်း သိရှိရသည်။

ပြင်သစ်အိုးပင်းပြိုင်ပွဲမှာ မေလ(၂၂)ရက်နေ့မှ ဇွန်လ(၅)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး အမျိုးသားတစ်ဦးချင်း ပြိုင်ပွဲ၏ လက်ရှိချန်ပီယံမှာ ဆွစ်ဇာလန် တင်းနစ်သမား စတန်ဝေါ်ရင်ကာဖြစ်သည်။

အသက်(၃၄)နှစ်ရှိပြီဖြစ်သည့် ရော်ဂျာဖက်ဒါရာသည် နောက်ကျောဒဏ်ရာ သက်သာလာခြင်းမရှိသည့်အတွက် ပြိုင်ပွဲမတိုင်မီ နုတ်ထွက်ကြောင်း ကြေညာခဲ့ခြင်းလည်း ဖြစ်သည်။

ကစားသမားသစ် သုံးလေးဦးခန့် ၀ယ်ယူမည်ဟု လက်စတာအသင်း ဒုဥက္ကဋ္ဌ ပြော

44464169498498

မေ ၂၀၊ ဘန်ကောက်

လာမည့်ရာသီသစ်တွင် ချန်ပီယံလိဂ်ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရမည် ဖြစ်သည့်အတွက် ကစားသမားသစ် သုံးလေးဦးခန့် ခေါ်ယူသွားမည် ဖြစ်ကြောင်း လက်စတာ အသင်း၏ ဒုတိယဥက္ကဋ္ဌ အီရာဝက် ဆရီဗက်ဟာနာ ပရက်ဟာက ပြောဆိုလိုက်သည်။

လက်စတာအသင်းသည် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိခဲ့သောကြောင့် လာမည့်ရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲကို အုပ်စုအဆင့်မှ စတင် ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။ လာမည့်နွေရာသီတွင်လည်း အင်တာနေရှင်နယ်ချန်ပီယံဖလားပြိုင်ပွဲကို ကစားရမည်ဖြစ်ပြီး အက်ဖ်အေဖလားချန်ပီယံနှင့် ကွန်မြူနတီဒိုင်းပွဲစဉ်ကိုလည်း ကစားရမည် ဖြစ်သည်။