ကျိုက်ပေါလော မှဲ့ရှင်တော်ဘုရား ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျိုက်ထိုပြည်ခိုင်ဖြိုးပါဝင် ဆင်နွှဲ

usdp KTO1

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရားတွင် ဧပြီလ (၁၇) ရက်နေ့က ကျင်းပ ပြုလုပ်သော ဆွမ်းဆန်တော် လောင်းလှူပွဲ၌ ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် လူငယ်များမှ  သံဃာတော် အပါး(၁၀၀၀)အား ဆွမ်းဆန်တော်များ သွားရောက် လောင်းလှူဒါန်းခဲ့ကြကြောင်း သိရသည်။

Usdp Kyaikhto

ဒဂုံအရှေ့ ပြည်ခိုင်ဖြိုး အန္တရာယ်ကင်း ပရိတ်တရားတော်နာကြား

DG3

မြန်မာနှစ်ဆန်းတစ်ရက်နေ့ (ဧပြီလ ၁၇) ရက်နေ့ ညနေ(၅) နာရီ (၂၀) မိနစ်အချိန်က ဒဂုံမြို့သစ် (အရှေ့ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးဝန်းအတွင်း အန္တရာယ်ကင်း ပရိတ် တရားတော်များနာကြားခဲ့ကြသည်။

ဘိုကလေးပြည်ခိုင်ဖြိုးရဲ့ နှစ်သစ်ကူးကုသိုလ်ပြု ဆောင်ရွက်မှု

12998578_761681100633051_6956497180526025956_n

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ  အတွင်းရေးမှူး ဦးမြသိန်းနှင့် ရပ်မိရပ်ဖ ဦးသိန်းအောင် ဦးဆောင်၍ ပါတီဝင် အမျိုးသမီးရေးရာ အဖွဲ့များနှင့် လူငယ်အမာခံများ စုပေါင်းကာ ဧပြီလ (၁၉) ရက်နေ့က ဘိုးဘွားချမ်းမြေ့ဓမ္မရိပ်သာ၌ အဘိုအဘွား (၃၃)ဦး အတွက် တကိုယ်ရည် သန့်ရှင်းမှုနှင့် တစ်နေ့တာ အစားအသောက် အချိုပွဲများ၊ ရိပ်သာအတွက် တရက်စာ လျှပ်စစ်မီးအလှူဒါနပြုလုပ်ခဲ့ကြောင်း သိရသည်။

ပါတီရှင်သန်ခိုင်မာရန် “ကိုယ်တိုင်ယုံကြည်မှု၊ ယုံကြည်သည့်အတိုင်း လက်တွေ့ လုပ်ဆောင်သည့် ခံယူမှုနှင့် မိမိတို့ယုံသလို ခံယူသလို ပြည်သူများ လိုက်ပါဆောင်ရွက်ရန် လုပ်ဆောင်သည့် စည်းရုံးရေး” တို့သည် အဓိကကျ

“မိမိတို့ ပါတီဝင်များသည် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲအနိုင်ရရှိရေး အတွက် အင်တိုက်အားတိုက် ကြိုးစား ခဲ့ကြကြောင်း၊ မိမိတို့တတ်စွမ်းသရွေ့ အတတ်နိုင်ဆုံး ဆောင်ရွက်ခဲ့ကြကြောင်း၊ ထိုသို့ဝိုင်းဝန်း ဆောင်ရွက်ခဲ့ ကြ သည့်အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း၊

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကိုယ်စား အသိအမှတ်ပြုပါကြောင်း၊ ရွေးကောက်ပွဲ နှင့်ပတ်သက်၍ မိမိတို့၏ အားနည်းချက်များကို လေ့လာသုံး သပ်ပြီး ပြုပြင်သွားရမည် ဖြစ်ကြောင်း၊ မိမိတို့ပါတီဝင်များသည် ကိုယ်တိုင် ယုံကြည်မှု၊ ခံယူမှုများဖြင့် ပါတီဝင်အဖြစ် ခံယူထားကြသူများ ဖြစ်ကြောင်း၊

မယ်ယန်းဘုရားကြီးကျောင်းတိုက် ပရ၀ုဏ်အတွင်းမြေဖို့ရန်လိုအပ်နေသည့် မြေများအားလှူ ဒါန်း

၂၃-၉-၂၀၁၄ ရက်နေ့တွင် တာချီလိတ်ခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ခရိုင်ကော်မတီ
ဝင် ဦးဘိုစံ၊ ဦးလွန်းသူ၊ ခေတ္တမြို့နယ်အတွင်းရေးမှူး ဦးကျဒေါလော် ဦးဆောင်သည့် မြို့နယ်ပါတီကော်မတီဝင်များ၊စည်းရုံးရေးမှူးများ၊ လူငယ်-မောင်မယ် အင်အား(၆၀)ဦးတို့သည်၊မယ်ယန်းဘုရားကြီးကျောင်းတိုက် ပရ၀ုဏ်အတွင်းမြေဖို့ရန်လိုအပ်နေသည့် မြေများအားလှူ ဒါန်းခြင်း နှင့် စုပေါင်းလုပ်အားဒါနများဆောင်ရွက်ခဲ့ကြပါသည် ။

10710621_724867144248511_3580549088023974181_n

ကျောက်တံခါးပြည်ခိုင်ဖြိုးပါတီ မီးဘေးသင့်ပြည်သူများ အားကူညီထောက်ပံ့လှူဒါန်း

ယခုလအတွင်းရန်ကုန်-မန္တလေးအမြန်လမ်းမအနီးရှိကျောက်တံခါးမြို့နယ် မြို့ချောင်းကျေးရွာအတွင်းမီးလောင်ခဲ့မှူသောကြောင့်မီးဘေးသင့်ပြည်သူများအားမတ်လ၂၀ရက်နေ့နေ့လည်၁နာရီခန့်ကကျောက်တံခါးမြို့နယ်ပြည်ခိုင်ဖြိုးပါတီမြို့်အတွင်းရေးမှူးဦးကျော်ဆန်းဦးနှင့်ပါတီဝင်များမှစုပေါင်း၍စောင် ဆန် ဆီစသည့်ပစ္စည်းများသွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

အဆိုပါလှူဒါန်းပွဲသို့မြို့ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးဦးထွန်းထွန်းနိုင်နှင့်သက်ဆိုင်ရာတာဝန်ရှိဒေသခံပြည်သူများတက်ရောက်ခဲ့ကြပြီးနောက်မီးဘေးသင့်ပြည်သူများကိုယ်စားကျေးရွာအုပ်ချုပ်ရေးမှူးမှပစ္စည်းများအားလက်ခံရယူခဲ့ပြီးနောက်မြို့နယ်ပါတီအတွင်းရေးမှူးနှင့်ပါတီဝင်များမှမီးဘေးသင့်ပြည်သူများအား ရင်းနှီးနှုတ်ဆက်အားပေးခဲ့ကြောင်းသိရပါသည်။

“ကျမတို့ဒေသက၂၀၁၅ရွှေးကောက်ပွဲတုန်းကခြင်္သေ့ကိုမဲမထည့်ခဲ့တာများပါတယ်ဒါပေမဲ့ယခုလိုမီးဘေးသင့်ဒုက္ခရောက်နေချိန်မှာကြံ့ခိုင်ရေးပါတီကလာလှူတယ်ဆိုတော့စိတ်ထဲမှာတမျိုးပဲမီးလောင်လောင်ခြင်းနာရီပိုင်းမှာလဲသူတို့ပါတီဥက္ကဌဆိုတဲ့ပဲခူးတိုင်းကဝန်ကြီးချုပ်ကြီးကလည်းချက်ခြင်းလာရောက်ပြီးကျမတို့နဲ့ ရင်းရင်းနှီးနှီးအားပေးစကားလာပြောပြီးကူညီပေးခဲ့တယ်လေကျေးဇူးတင်ပါတယ်ပဲပြောတက်တော့တယ်”ဟုမီးဘေးသင့်ပြည်သူတဦးမှပြောကြားခဲ့ပါသည်။
ဖြိုးကိုလင်း(ညောင်ဝိုင်း)