နွားထိုးကြီးပြည်ခိုင်ဖြိုးပါတီနှင့် တိုင်းဒေသကြီး အလုပ်အမှုဆောင်တွေ့ဆုံ

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အလုပ်အမှုဆောင် နယ်မြေတာဝန်ခံ ဦးအောင်ဇံသည် ဧပြီ (၂၅) ရက်နေ့က နွားထိုးကြီး ပြည်ခိုင်ဖြိုးပါတီရုံးသို့ ရောက်ရှိလာပြီး မြို့နယ်ပါတီအတွင်းရေးမှူး ဦးစိုးနိုင်ဝင်းနှင့် စည်းရုံးရေးနယ်မြေ ၁၂ ခုမှ စည်းရုံးရေးကော်မတီဝင် မြို့နယ် အလုပ်အမှုဆောင် များနှင့် တွေ့ဆုံသည်။

မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်ဦးအောင်ဇံက ပြည်သူ့အကျိုးပြုလုပ်ငန်းများနှင့် စည်းရုံး လှုပ်ရှားရေး၊ စည်းရုံးရေးလုပ်ငန်းများ ပိုမိုအရှိန်မြှင့်တင် ဆောင်ရွက်သွားကြရန်မှာကြားခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီ (၂၆)ကြိမ်မြောက်၊ အပြည်ပြည်ဆိုင်ရာ အာရှနိုင်ငံရေး ပါတီများ ကွန်ဖရင့်တက်ရောက်ပြီး အင်ဒိုနီးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီနှင့် ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း တို့သည် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ၂ဝ၁၆ခုနှစ် ဧပြီလ(၂၂)ရက်နေ့မှ (၂၄)ရက်နေ့ အထိ ကျင်းပပြုလုပ်သည့် (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အာရှနိုင်ငံရေးပါတီများကွန်ဖရင့် အမြဲတမ်းကော်မတီ ( ICAPP Standing Committee)နှင့် ပထမအကြိမ် ICAPP COPPAL နှင့် CAPP အဖွဲ့အစည်းများ၏ (၃)ပွင့်ဆိုင် အစည်းအဝေးအခမ်းအနားသို့ တက်ရောက်ရန်အတွက် ဧပြီလ(၂၁)ရက်နေ့၊ ညနေ (၅)နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဘန်ကောက်လေကြောင်း လိုင်းအမှတ် SQ-962N ဖြင့် ထွက်ခွာသွားခဲ့ပြီး အစည်းအဝေးကို အောင်မြင်စွာ ကျင်းပပြီးစီးပြီး ဧပြီလ(၂၅)ရက်နေ့ နေ့လည် (၁၁း၁၅) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဘန်ကောက်လေကြောင်း လိုင်းအမှတ် SQ-957N ဖြင့် ပြန်လည်ရောက်ရှိလာရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရုံး နိုင်ငံခြားရေးရာဌာနမှ ဒုတိယဌာနမှူး ဦးဆွေဝင်းနှင့် တာဝန်ရှိသူများမှ သွားရောက် ကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။

တာဝန်ပေးအပ်ရုံဖြင့် ခေါင်းဆောင် မဖြစ်နိုင်

Thi Haa Zaw 2

“ခေါင်းဆောင်ဟူ၍ အကြီးအကဲဟူ၍ တာဝန်ပေးခန့်အပ်လိုက်ရုံဖြင့် ခေါင်းဆောင်မဖြစ်နိုင်သေး ကြောင်း၊ တာဝန်အရ ၀တ်ကျေတန်းကျေ ထမ်းဆောင်မည့် ခေါင်းဆောင်မျိုးမဟုတ်ဘဲ မိမိတွင် တာဝန်ရှိသည်ဟူသော အသိစိတ်ဓာတ်ဖြင့် စေတနာပါပါ၊ ကျွမ်းကျွမ်းကျင်ကျင်၊ ထိထိရောက် ရောက်၊ ရည်မှန်းချက်တာဝန်ကို ပြတ်ပြတ်သားသား ပြီးမြောက်အောင် ဆောင်ရွက်နိုင်တဲ့ စွမ်းပကားရှိရန် အထူးလိုအပ်ကြောင်း” ဧပြီ(၂၅)ရက်က မိုးညှင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ကျင်းပပြုလုပ်သော မိုးညှင်းပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ နယ်မြေတာဝန်ခံ ဦးကျော်စိုးလေးက ပြောကြားခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် သောက်သုံးရေရရှိရေးလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောမူသည် ဧပြီလ (၂၄) ရက် နံနက်ပိုင်းက ကန်ကြီးထောင့်မြို့နယ် ကန်ရွာတွင် နွေရာသီကာလအတွင်း သောက်သုံးရေ ရှားပါးမှုအတွက် ရေရရှိရေးဆောင်ရွက်ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လှူဒါန်းငွေ ကျပ် (၁၃) သိန်း ကျေးရွာတာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့သည်။

ထိုသို့သွားရောက်လှူဒါန်းရာတွင် လွှတ်တော်ကိုယ်စားလှယ်အား ကျေးရွာသူ ကျေးရွာများအား လှိုက်လှဲစွာကြိုဆိုကြပြီး ပြည်ခိုင်ဖြိုးပါတီအား ကျေးဇူးတင်လျှက် ရှိကြောင်း သိရသည်။

ဘိုကလေးပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ပါတီကေဒါများနှင့် တွေ့ဆုံ

Bogalay2

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးမြသိန်းနှင့် တွဲဘက်အတွင်းရေးမှူး ဦးလှဌေး၊ နယ်မြေတာဝန်ခံ ဦးသိန်းထိုက်၊ ဒေါ်မေသန်းဦး၊ ကော်မတီဝင် ဒေါ်တိုးတိုးလှိုင်၊ ဦးဇော်လွန်းတို့သည် ဧပြီလ (၂၅) ရက်နေ့က ဆူးပဒေါင်းကုန်း ကျေးရွာနှင့် ရွာသစ်ကျေးရွာ ပါတီကေဒါများအား တွေဆုံ၍ ရွေးကောက်ပွဲတွင် မိမိကျေးရွာများ အား အနိုင်ရရှိအောင် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးခဲ့သည့်အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း မြို့နယ်ပါတီအနေဖြင့်လည်း ဒေသဖွံ့ဖြိုးရေးကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆက်လက်ဆောင်ရွက်မည့် ပါတီလုပ်ငန်းစဉ်များအကြောင်းကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

သံဃာတော်များအား အချိုပွဲများ ဆက်ကပ်လှူဒါန်း

KKM3

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ အရှေ့ကျောင်းပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်းတွင် ၁၃၇၈ ခုနှစ်၊ နှစ်ဆန်း ၁ ရက်နေ့မှ နှစ်ဆန်း ၁၁ ရက်နေ့အထိ ကျင်းပသော ၃၇ ကြိမ်မြောက် အသံမစဲ မဟာပဌာန်းပွဲ ရွတ်ဖတ်ပူဇော်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မိုးညှင်း ခရိုင်တာဝန်ခံ ဦးကျော်စိုးလေး၏ ဦးဆောင်စီမံမှုဖြင့် ခရိုင်ပါတီအတွင်းရေးမှူး ဦးစိန်ဝင်း၊ မြို့နယ် ပါတီအတွင်းရေးမှူး ဦးစိန်ဝင်းထွန်း၊ ခရိုင်နှင့် မြို့နယ်ပါတီကောင်မတီဝင်များ၊ ရုံးအဖွဲ့ဝင်များမှ ဧပြီလ (၂၄) ရက် နံနက် (၁၀) နာရီခွဲအချိန်တွင် သံဃာတော်များအား အချိုပွဲများ ဆက်ကပ်လှူ ဒါန်းခဲ့ကြောင်း သိရသည်။

ရေသယောက်ကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ပြည်ခိုင်ဖြိုးပါတီမှ စားသောက်ကုန် ခေါက်ဆွဲခြောက်များ ထောက်ပံ့ပေးအပ်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် လေပြင်းဒဏ်နှင့် မိုးသီးများ အပြင်းအထန်ကျရောက်ပျက်စီးခဲ့သည့် အိမ်ခြေ ၁၈၄ အိမ်ထောင်ရှိ ရေသယောက်ကျေးရွာပြည်သူများသို့ ဧပြီလ (၂၅) ရက် နံနက် ၁ဝ နာရီခွဲတွင် သွားရောက်၍ စားသောက်ကုန် ခေါက်ဆွဲခြောက်ထုပ် (၉ဝဝ) ကို ကူညီထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

လေပြင်းဒဏ်သင့် မွေတော်ကက္ကူ စေတီတော်နှင့် ပတ်ဝန်းကျင်ရှိ အပျက်အစီးများအား သန့်ရှင်းရေးဆောင်ရွက်

13051484_970522633069070_5593173537476158802_n

 

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင် တောင်ကြီးမြို့နယ်တွင် ဧပြီ (၂၂) ရက် ညပိုင်းတွင် တိုက်ခတ်သည့် လေပြင်းမုန်တိုင်းဒဏ်ကြောင့် ရှေးဟောင်း မွေတော်ကက္ကူ စေတီတော် ၂၄၇၈ ဆူရှိရာမှ စေတီတော် ၉၀၀ ၀န်းကျင်ခန့်မှာ ထီးတော်များ ပျက်စီးပြိုကျခြင်း၊ ဖောင်တော်ဆိုက် စေတီတော်မှာ ငှက်မြတ်နားတော်၊ ထီးတော်များ ပြိုကျပျက်စီးခြင်း၊ မွေတော်ကက္ကူစေတီတော် ပတ်ဝန်းကျင်ရှိ အိမ်များပြိုခြင်း၊ အိမ်ခေါင်မိုးများ ပြုတ်လန်ထွက်ခြင်း စသည့်အပျက်အစီးများ ဖြစ်ပွားခဲ့ရာ ယနေ့ ဧပြီ (၂၅) ရက်နေ့တွင် မွေတော်ကက္ကူဘုရား ရင်ပြင်တော် နှင့် ဘေးပတ်ဝန်းကျင်ရှိ အပျက်အစီးများအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ၊  ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများ ပူးပေါင်း၍ သန့်ရှင်းရေးလုပ်အားဒါနပြု ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌသူရဦးအေးမြင့် သက်တော်ရစေတီတော် ရွှေထီးတော်တင်လှူပွဲ အခမ်းအနားတက်ရောက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ (စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ) သူရဦးအေးမြင့်သည် ယနေ့ နံနက် ၈နာရီတွင် ခင်ဦးမြို့နယ် လက်ပန် ကြီးကျေးရွာ အောင်သုခ ကျောင်း တိုက်ပရိဝုဏ်အတွင်း တည်ထားကိုးကွယ်သည့် သက်တော်ရဘုရား ရွှေထီးတော်တင်လှူပွဲ အခမ်းအနား သို့ တက်ရောက် အားပေးသည်။
အခမ်းအနားသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို ကော်မတီဝင်များ၊ မန္တလေးမြို့ စန်းမြတ်ရောင်ခြည်သင်္ကန်းတိုက် ပိုင်ရှင် ဦးဇော်မင်းဦး၊ ရွှေဘိုခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီအတွင်းရေးမှူး ဦးမြတ် မျိုးညွန့်နှင့်ခရိုင်ပါတီကော်မတီ ဝင်များ၊ ခင်ဦးမြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးအောင်မျိုးငြိမ်းနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ဒေသခံမိဘ ပြည်သူများ အင်အား ၅ဝဝ ကျော် တက်ရောက်သည်။
လက်ပန်ကြီးကျေးရွာ အောင် သုခပရိယတ္တိစာသင်တိုက်အတွင်း တွင် ဆုတောင်းပြည့်စေတီတော်၊ သက်တော်ရှည်စေတီတော်၊ ရွှေဘုံ သာစေတီတော်၊ ကိုးတောင်ပြည့် စေတီတော်များတည်ထားကိုးကွယ် ထားရာယခုသက်တော်ရစေတီတော် ကို ဆက်လက်တည်ထားကိုးကွယ် ခဲ့ပြီးပါတီဒုတိယဥက္ကဋ္ဌသူရဦးအေး မြင့်က လိုအပ်သော ဘိလပ်မြေအိတ် ၁ဝဝနှင့် အရှေ့မုခ်ဦးတွင်ကိုး ကွယ်ရန် ဥာဏ်တော်အမြင့်သုံးပေ ရှိ လာဘမုနိရုပ်ပွားတော်မြတ်အား လှူဒါန်းခဲ့ကြောင်း သိရသည်။

တိုင်းဧရာပြည်ခိုင်ဖြိုးပါတီရုံး၌ ပြုလုပ်သည့် ၁၃၇၈ခုနှစ် မင်္ဂလာ အရုဏ်ဆွမ်းကပ် အလှူတော်

ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး၌ ဧပြီလ (၂၂) ရက် နံနက်ပိုင်း က ၁၃၇၈ ခုနှစ် နှစ်သစ်မင်္ဂလာ အရုဏ်ဆွမ်းကပ် လှူဒါန်းပွဲအခမ်းအနားကျင်းပခဲ့ရာ နိုင်ငံတော် သြဝါဒါစရိယ ကုန်းသာကျောင်း တိုက်ဆရာတော် အမှူးပြုသော ပင့်သံဃာကိုးပါးက နမောတဿ သုံးကြိမ်ရွတ်ဆိုပူဇော်ပြီး ပရိသတ်များက ဆရာတော်များထံမှ ရှစ်ပါး သီလခံယူဆောက်တည်ခဲ့ပါသည်။ ဆက်လက်၍ ဆရာတော်ကြီးများက ပရိတ်တရားတော်များ ချီးမြှင့်ပေးပါသည်။
ထို့နောက် တိုင်းဒေသကြီး အတွင်းရေးမှူး ဦးအောင်တင်မြင့် နှင့် ကော်မတီဝင်များက လှူဖွယ် ဝတ္ထုများဆက်ကပ်လှူဒါန်းသည်။ ဆက်လက်၍ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် တိုင်းဒေသကြီး ပါတီအတွင်းရေးမှူးတိုင်းဒေသကြီး သာသနာ့နုဂ္ဂဟဥက္ကဋ္ဌ ဦးအောင် တင်မြင့်က သာသနာရေးဆိုင်ရာ များ လျှောက်ထားသည်။
ဆက်လက်၍ မောင်းထောင် ကျောင်းတိုက်ဆရာတော်ထံမှ ရေစက်ချတရားနာယူကာ အမျှပေးဝေခဲ့သည်။ ဆရာတော်နှင့် ဧည့်ပရိသတ်များက ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုပူဇော်ကာ အခမ်း အနားကို ရုပ်သိမ်းခဲ့သည်။
ယနေ့အခမ်းအနားသို့ တိုင်း ဒေသကြီး ပါတီအတွင်းရေးမှူး ဦးအောင်တင်မြင့်နှင့်တိုင်းဒေသ ကြီး၊ ခရိုင်၊ ပုသိမ်မြို့နယ်မှ ကော် မတီဝင်များ တက်ရောက်ခဲ့သည်။ သံဃာတော်များနှင့်ဧည့်သည်တော် များကို မုန့်ဟင်းခါးဆွမ်းများ ကပ်လှူခဲ့ကြောင်း သိရသည်။