ပြည်နယ်ပါတီနှင့် ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ တွေ့ဆုံ

SN4

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ် ပါတီနှင့် ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲကို မေလ (၂) ရက် မွန်းလွဲ (၁) နာရီခွဲအချိန်က  ခရိုင်ပါတီအစည်းအဝေးခန်မတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ပါတီအတွင်းရေးမှူး ဒေါက်တာလဆိုင်းနှင့် တွဲဖက်ပါတီအတွင်းရေးမှူး ဦးစိုင်းခမ်းကော်၊ ဗဟိုကော်မတီဝင် ဦးစိုင်းနော်ခမ်းဦး ခရိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ကြသည်။

ပါတီမှ အနားယူခွင့်ပြုသူများကိစ္စနှင့် ရှုပ်ထွေးအောင် လက်မှတ်အဟောင်းများဖြင့် ဗဟိုကော်မတီ အစည်းအဝေး ကျင်းပရေး တောင်းဆိုခြင်းသာဖြစ်

24779696-01052016

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဒုတိယဥက္ကဋ္ဌဦးဌေးဦး ပဲခူးတိုင်းဒေသကြီး(အရှေ့) ပါတီအတွင်းရေးမှူးနှင့်အလုပ်အမှုဆောင်များနှင့်တွေ့ဆုံ

13087511_380413142133819_2111344492800710008_n

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် ယနေ့ နေ့လည် ၁နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး(အရှေ့) ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ပဲခူးတိုင်း ဒေသကြီး (အရှေ့) ပါတီ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ပဲခူးခရိုင် ပြည်ခိုင်ဖြိုး ပါတီအတွင်းရေးမှူးနှင့် အလုပ်အမှုဆောင် များ၊ ပဲခူး၊ သနပ္ပင်၊ ဝေါ၊ ဒိုက်ဦးနှင့် က၀ မြို့နယ်များမှ ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ပဲခူးမြို့ပေါ်ရှိ ရပ်ကွက်များမှ ရပ်ကျေးစည်းရုံးမှူးများနှင့် တွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာ တွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်လည်း တက်ရောက် သည်။

 သဘာဝဘေးအန္တရာယ်ဒဏ်ခံစားခဲ့ရသည့် သာစည် ရမည်းသင်း ပျော်ဘွယ်မြို့နယ်များအတွင်း ပြည်ခိုင်ဖြိုးပါတီမှ ထောက်ပံ့ကူညီမှုများဆောင်ရွက်

96617644-01052016

မန်စီမြို့ ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူး၍နွေရာသီ ကွန်ပျူတာအခြေခံသင်တန်း ဖွင့်လှစ်ပွဲ

13092007_380058042169329_6236737355234393605_n

မန်စီမြို့ ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူး၍နွေရာသီ ကွန်ပျူတာအခြေခံသင်တန်း ဖွင့်လှစ်ပွဲ ကျင်းပနိုင်ရန် ပြင်ဆင်နေသည်။ အဆိုပါ သင်တန်းတွင် ရပ်ကွက်/ကျေးရွာများမှ သင်တန်းသူ/သား ၄၂ ဦး တက်ရောက် မည်ဖြစ်ပါသည်။


၂ဝ၁၆ ခုနှစ် မေလ ၁ ရက် မေဒေးနေ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန် ကပေးပို့သောသဝဏ်လွှာ

 

လုပ်သားထုအပေါင်းတို့ခင်ဗျား-
ယနေ့ မေဒေးနေ့ဟာ ကမ္ဘာတစ်ဝန်းလုံးရှိ အလုပ်သမားထုကြီးအား အမှတ်တရဂုဏ်ပြုသော နေ့ထူး နေ့မြတ်ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း လုပ်သားထုကြီး တစ်ရပ်လုံးကို ကိုယ်စားပြုပြီး မေဒေးနေ့ကို အခုလိုကျင်းပကြတဲ့အတွက် ဝမ်းသာဂုဏ်ယူမဆုံးဖြစ်ခဲ့ရပါတယ်။ ကျွန်တော်တာဝန်ယူခဲ့တဲ့ အစိုးရ လက်ထက်မှာ အလုပ်သမား သမဂ္ဂအဖွဲ့ ၁၈၈၉ဖွဲ့ ဖွဲ့စည်းခွင့်ရရှိခဲ့၍ အလုပ်သမားအဖွဲ့ချုပ်ခုနစ်ဖွဲ့လည်း ပေါ်ထွန်းလာခဲ့ပါတယ်။ နိုင်ငံတွင်းမှာအလုပ်သမားသမဂ္ဂအဖွဲ့အစည်း ပေါင်းများစွာ ပေါ်ထွန်းလာပြီး အလုပ်သမားရေးကိစ္စများကို စွမ်းစွမ်းတမံဆောင်ရွက်နေကြသည်များကိုလည်း တွေ့မြင်နေရပါတယ်။ အဓိကအဖွဲ့အစည်းများ ပေါ်ပေါက်လာတဲ့အပေါ် ကျွန်တော့်အနေဖြင့် အကြံပြုလမ်းညွှန်မှုပေးရပါလျှင် အချင်းချင်းစည်းလုံးညီညွတ်စွာ အတူတူပူးပေါင်းလုပ်ကိုင်နိုင်ရန် အပြန်အလှန် ယုံကြည်မှု၊ လေးစားမှုကို အဓိကထားသင့်ကြောင်း အကြံပြုလို ပါတယ်။

1.5.2016ကန်ကြီးထောင့်မြို့နယ်ရေတွင်းဆိပ်အုပ်စုရေတွင်းဆိပ်

13076723_380057738836026_2807695554039157514_n 13096364_380057725502694_4610234514563581665_n 13118919_380057752169358_4140027737217072737_n

ရွှေဂဲဆက်သွယ်ရေး လမ်းဖောက်လုပ်နေသော ဒေသခံပြည်သူများအား မြိုနယ်ပြည်ခိုင်ဖြိုးပါတီက အအေးမုန့်များလှုဒါန်းခြင်းဖြင့်ပါဝင်လုပ်အားပေးခဲ့ကြပါသည်။


ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌဦးဌေးဦး စဥ့်ကိုင်မြို့နယ်အတွင်း မိုးသီးကြွေလေပြင်းတိုက်ခတ်ခြင်းများကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ပြည်သူများအတွက် အလှူငွေနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်

43755835-29042016