ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေး

HPS1

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်နယ်အလုပ်အမှုဆောင် ဒေါ်တင်မေထွန်း၊ မကာဟိုခမ်းရပ်ကွက် စည်းရုံးရေးမှူး ဦးစိုးကျော်အောင်၊ ရန်အောင်မြေ (ပါလျံ-၁)စည်းရုံးရေးမှူး ဦးဘိုဘိုမောင် တို့သည် မေလ (၅) ရက်နေ့ နံနက် (၉) နာရီအချိန်က တာလေမြို့နယ်ခွဲသို့ သွားရောက်၍ မြို့နယ်ပါတီကော်မတီဝင် ဦးခင်မောင်လတ်နှင့် ကျေးရွာ စည်းရုံးရေးမှူးများအား တွေ့ဆုံကာ ပါတီရှေ့ဆက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အထွေထွေအတွင်းရေးမှူး မကွေးတိုင်း/ခရိုင်/မြို့နယ်ပါတီ ကော်မတီဝင်များအား တွေ့ဆုံ

13178637_229185064125950_5239223601658359807_n

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်းနှင့် အတွင်းရေးမှူးများဖြစ်ကြသော ဦးပိုက်ထွေး၊ ဒေါက်တာဦး မောင်မောင်ဌေးတို့သည် မေလ (၄) ရက် နေ့လည် (၁) နာရီအချိန်က နာရီတွင် မကွေတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး ထို့နောက် (၁၃းဝဝ)နာရီတွင် တိုင်းဒေသကြီးပါတီရုံး အစည်းအဝေးခမ်းမတွင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဘုန်းမော်ရွှေနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီး(ငြိမ်း)များ၊ လွှတ်တော်ကိုယ်စားလှယ်(ငြိမ်း)များ၊ တိုင်းပါတီကော်မတီဝင်များ စုစုပေါင်း  (၁၅ဝ) ဦးနှင့် တွေ့ဆုံခဲ့သည်။

တွဲဖက်အထွေထွေအတွင်းရေးမှူး ကရင်ပြည်နယ်/ခရိုင်/မြို့နယ်ပါတီ ဥက္ကဋ္ဌများ၊ ကော်မတီဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ဗဟို) တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း သည် မေလ (၃) ရက် နံနက် (၉) နာရီအချိန်က ကရင်ပြည်နယ်၊ ဘားအံမြို့သို့ ရောက်ရှိလာပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ပါတီရုံး ဒေါနခန်းမ၌ ပြည်နယ်/ခရိုင်/မြို့နယ် ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ပါတီကော်မတီဝင်များနှင့် တွေ့ဆုံကာ ပါတီအဆင့်ဆင့် မျက်နှာစုံညီအစည်းအဝေးနှင့် ဗဟိုအဆင့် ပါတီညီလာခံတို့တွင် ပါတီ၏မူဝါဒနှင့် ရှေ့ဆက်ဆောင် ရွက်ရမည့် စည်းရုံးရေးဆိုင်ရာကိစ္စရပ်များကို အသေးစိတ် ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြရန် မွန်ပြည်နယ်ပါတီဥက္ကဋ္ဌ မှာကြား

MUDONTHAR112

မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ၌ မေ(၄) ရက်နေ့၊ နံနက် (၁၀) နာရီချိန်တွင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအုန်းမြင့် မှ ပြည်နယ်ပါတီအတွင်းရေးမှူး၊ ပြည်နယ်ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ် (၁၀)မြို့နယ်မှ ပါတီ ဥက္ကဋ္ဌ များ၊ အတွင်းရေးမှူးများနှင့် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ၍ အစည်းအဝေးပြုလုပ်ခဲ့သည်။

ကြံခင်းပြည်ခိုင်ဖြိုး အမာခံပါတီကေဒါများ တာဝန်ပေးအပ်ပွဲကျင်းပ

JoyIn Joy5

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် မြို့မတိုက်နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၇) စုမှ အမာခံပါတီကေဒါများအား တာဝန်ပေးအပ်ပွဲ အခမ်းအနားကို မေလ (၄) ရက်နေ့က ကြံခင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခမ်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ပါတီဗဟိုကော်မတီဝင် ဒေါက်တာဌေးဝင်းနှင့် တိုင်း/ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးမျိုးမင်းထွဋ်တို့ တက်ရောက်ခဲ့ကြပြီး မြို့မတိုက်နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၇) အုပ်စုမှ အမာခံကေဒါများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီနှင့် MCC ပူးပေါင်းဖွင့်လှစ်သော နွေရာသီ ရက်တိုကွန်ပျူတာသင်တန်း ဆင်း

ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် MCC တို့ ပူးပေါင်းဖွင့်လှစ်သော ကလေးများအတွက် နွေရာသီရက်တို ကွန်ပျူတာ သင်တန်းဆင်းပွဲကို မေလ (၄) ရက်နေ့ နံနက် (၉) နာရီက ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပခဲ့သည်။

ဗဟန်းပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေး မျက်နှာစုံညီ အစည်းအဝေးစတင်

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေး မျက်နှာစုံညီ အစည်းအဝေးပွဲကို မေလ (၄) ရက် မွန်းလွဲပိုင်းက မြို့နယ်ပါတီရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကျောက်တန်းပြည်ခိုင်ဖြိုး ကျေးရွာအတွင်း သောက်သုံးရေဖြန့်ဝေရာတွင် လိုအပ်နေသော ရေပိုက်များ လှူဒါန်း

ကျောက်တန်းမြို့နယ် ပုတ္တလုပ်ကျေးရွာတွင် သောက်သုံးရေများ ကျေးရွာအတွင်း ဖြန့်ဝေရာ၌ ၂ လက်မပိုက်များ လိုအပ်နေပါကြောင်း ကျေးရွာ ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးမှူးမှ တင်ပြလာသဖြင့် ကျောက်တန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူး ဦးမောင်မောင်တာ နှင့် မြို့နယ်ပါတီကော်မတီဝင်များမှ မေလ (၄) ရက်နေ့ နံနက် (၉)နာရီ အချိန်က ၂ လက်မရေပိုက် (၅) ခွေအား သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

အပြုံးမပျက် ပြည်သူ့အတွက်

Soe Aung8

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ သဲကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင် ဦးရဲလင်းအောင်၊ ဦးစောထွဋ်နှင့် အုပ်ဖိုအုပ်စု ပါတီခေါင်းဆောင် ဦးဝင်းသိန်း၊ ဦးခင်စိုးတို့ ပါဝင်သော လူငယ်များသည် မေလ (၃) ရက်နေ့က သဲကုန်းမြို့ နှောကုန်းကျေးရွာသို့ သွားရောက်၍ သောက်ရေသန့်ဘူး (၁၀၄) ဘူး လုပ်အားဒါန ကုသိုလ်ယူ လှူဒါန်းခဲ့ကြောင်း သိရသည်။

လေဘေးဒဏ်ကြောင့် ပျက်စီးသွားသောအိမ်များသို့ ပြည်ခိုင်ဖြိုးပါတီမှ ထောက်ပံ့ငွေများ ပေးအပ်

 

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင်းရေးမှူး ဦးသိန်းထွန်းဦးနှင့် ပါတီကော်မတီဝင်များဖြစ်ကြသော ဒေါ်စောမြိုင်၊ ဒေါ်ဇာလီထွန်း၊ ဦးဇော်အောင်ထက် တို့သည် လေဘေးဒဏ်သင့်မှုကြောင့် အိမ်များပျက်စီးဆုံးရှုံးသွားခဲ့သော မကျည်းကိုင်းကျေးရွာမှ ပြည်သူများထံသို့ မေလ (၂) ရက် နံနက် (၁၁) နာရီအချိန်က အိမ်တိုင်ယာရောက် သွားရောက်၍ တိုင်းဒေသကြီးပါတီမှ ပေးအပ်သော ထောက်ပံ့ငွေများအား ပေးအပ်ခဲ့ကြသည်။