ကချင်ပြည်နယ်ပြည်ခိုင်ဖြိုး လုပ်ငန်းညှိနှိုင်းစည်းဝေး

Kachin2

ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ပြည်နယ်ပါတီရုံး၌ မေလ (၁၀) ရက် နံနက် (၉) နာရီအချိန်က မြစ်ကြီးနားမြို့ရှိ ပြည်နယ်ပါတီရုံးတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးလဂျွန်ငန်ဆိုင်း မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်များမှ ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

မြင်းခြံပြည်ခိုင်ဖြိုး ကျေးရွာများသို့ သောက်သုံးရေများ သွားရောက်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင် ဦးအောင်ဇံ၊ ခရိုင်ပါတီ ကော်မတီဝင် ဦးကျော်ဆန်းဦး၊ မြင်းခြံမြို့နယ်ပါတီ အတွင်းရေးမှူး ဦးမိုးဇော်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များစုပေါင်း၍  မေလ (၈) ရက်နေ့က မြင်းခြံမြို့နယ်အဆုံး ငါန်းဇွန်မြို့နယ်နှင့် ထိစပ် နေသည့် ညောင်ဝန်းကျေးရွာသို့ သွားရောက်၍ သောက်သုံးရေများ လှူဒါန်းခဲ့ကြကြောင်း သိရသည်။

Credit – Myo Kyaw Zin

မြောင်းမြခရိုင်ပါတီအတွင်းရေးမှူး မြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေး

မြောင်းမြမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲကို မေလ (၁၀) ရက် နံနက် (၁၀) နာရီအချိန်က မြောင်းမြခရိုင်ပါတီရုံးတွင် ပြုလုပ်ရာ မြောင်းမြခရိုင် ပါတီအတွင်းရေးမှူး ဒေါက်တာဌေးနိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ကယားပြည်နယ် ပြည်ခိုင်ဖြိုါ် ပါတီအဆင့်ဆင့် ပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေး လုပ်ငန်း ကွင်းဆင်း ဆောင်ရွက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်း၏ ဧပြီလ (၂၇)ရက်နေ့ ကယားပြည်နယ် စည်းရုံးရေးခရီးစဉ်အတွင်း လမ်းညွှန်ခဲ့မှုများကို အကောင်အထည် ဖော်သည့်အနေဖြင့် ပြည်နယ်ပါတီဗဟိုကော်မတီဝင် ဦးလူရယ်ဘိုးလူ ဦးဆောင်၍ ပြည်နယ် ပါတီဝင်များ၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ရှားတောမြို့နယ် အတွင်းရေးမှူးများ ပါတီအဆင့်ဆင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေး ကော်မတီဝင်များသည် ယခုလ (၅)ရက်နေ့နှင့် (၉)ရက်နေ့တို့တွင် ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ပါတီအဆင့်ဆင့် ပြန်လည် ပြင်ဆင်ဖွဲ့စည်းရေးတွင် အဓိကကျသော အောက်ခြေရပ်ကွက်နှင့် ကျေးရွာအဆင့် ပါတီကေဒါ ပြင်ဆင် ဖွဲ့စည်းရေးကို ဆွေးနွေးခဲ့ကြသည်။

မြ၀တီပြည်ခိုင်ဖြိုး လုပ်ငန်းညှိနှိုင်းစည်းဝေး

13219690_241322012892795_188500556_n

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ နှင့် ပါတီကော်မတီဝင်များ၊ ရွေးချယ်ဖွဲ့စည်းထားသော ရပ်/ကျေး ပါတီစည်းရုံးရေးမှူးနှင့် ပါတီကေဒါများ လပတ် လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို မေလ (၉) ရက်နေ့က မြို့နယ်ပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးရာ၌ ပါတီဗဟိုတွဲဘက်အထွေထွေအတွင်းရေးမှူး၏ လုပ်ငန်းလမ်းညွန် မှာကြားချက်များကို ပါတီကေဒါများ သိရှိလိုက်နာ ကျင့်သုံးစည်းရုံး ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်ပါတီဥက္ကဋ္ဌမှ ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသော ပါတီဝင်များမှ အပြန်အလှန် တင်ပြဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

“ပါတီဝင်တိုင်းသည် ပါတီစည်းမျဉ်း/စည်းကမ်းများကို လိုက်နာကြရန်လိုကြောင်း” ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ပုသိမ်ခရိုင်/မြို့နယ်ပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံစဉ်ပြောကြား

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မဟာဗန္ဓုလလမ်းနှင့် ထောင်ကုန်းလမ်းထောင့်ရှိ တိုင်းဒေသကြီး ပါတီ ရုံးခန်းမ၌ မေလ (၉) ရက်နေ့ နံနက် (၉) နာရီက ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့် ပုသိမ်ခရိုင်အတွင်းရှိ ပုသိမ်၊ ကန်ကြီးထောင့်၊ ကျောင်းကုန်း၊ ရေကြည်၊ ကျုံပျော်၊ ငပုတော၊ သာပေါင်း ခုနစ်မြို့နယ်မှ ပါတီအတွင်းရေးမှူးများနှင့် ကော်မတီဝင်များ တွေ့ဆုံပွဲ ကျင်းပခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးတာဝန်ခံများ တွေ့ဆုံပွဲပြုလုပ်

Woman3

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် မေလ (၈) ရက် နေ့က အမျိုးသမီးထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီ ၀င်များဖြစ်ကြသော ဒေါက်တာစန်းစန်းနွယ်နှင့် ဒေါ်စန်းစန်းဝင်းတို့တက်ရောက်၍ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင် အမျိုးသမီးများနှင့်တွေ့ဆုံကာ မြို့နယ်အတွင်းရှိ အမျိုးသမီး များ ဘ၀လုံခြုံရေးနှင့် စားဝတ်နေရေး/အလုပ်အကိုင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ ဆွေးနွေး ညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

သောက်သုံးရေများ စဉ်ဆက်မပျက် လှူဒါန်းပေး

13151637_1723478157939993_2418376820908246890_n

မွန်ပြည်နယ် သထုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် သဒ္ဒါဖြုစင်အဖွဲ့တို့ ပူးပေါင်းကာ သထုံမြို့နယ်အတွင်း သောက်သုံးရေရှားပါးသော ကျေးရွာများသို့ သောက်သုံးရေများ ပေးဝေလှူဒါန်း လျှက်ရှိရာနွေရာသီကာလတွင် သထုံမြို့နယ်အတွင်း ကျေးရွာနေပြည်သူများ သောက်ရေ၊ သုံးရေများ အဆင်ပြေစေရန် အတွက် သထုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ၊ သဒ္ဒါဖြုစင်အဖွဲ့တို့ ပူးပေါင်းကာ ကျေးရွာနေ ပြည်သူများထံ နေရော၊ ညပါ နေ့စဉ်မပျက် လှူဒါန်းပေးဝေနေကြောင်း သိရှိရသည်။

မိုးညိုပြည်ခိုင်ဖြိုးပါတီမှ အမာခံ(ကေဒါ)များ ဖွဲ့စည်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မိုးညိုမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ အမာခံ (ကေဒါ) များကို ရပ်/ကျေးအုပ်စု ၄၂ အုပ်စုအတွင်း လိုက်လံဖွဲ့စည်းရာ ခရိုင် ပါတီကော်မတီဝင် ဦးမြတ်ထင်ကျော်က အနီးကပ်ကြီးကြပ်ပြီး မြို့နယ် ပါတီအတွင်းရေးမှူး ဦးနန်းဦးက လမ်းညွှန်စီစဉ်၍ ဧပြီ (၂၆) ရက်မှစတင်ကာအဖွဲ့နှစ်ဖွဲ့ခွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြပြီး ယနေ့ထိ ရပ်/ကျေး (၃၁) အုပ်စုကို ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရသည်။

ချောင်းဆုံပြည်ခိုင်ဖြိုး သောက်သုံးရေများ နေ့စဉ် ပေးဝေလှူဒါန်း

13164329_1723520297935779_9058960404694877320_n

ပူပြင်းသော ရာသီဥတုဒဏ်ကြောင့် ကျေးလက်ဒေသရှိ ကျေးရွာအများစုတွင် သောက်သုံးရေများ ခန်းခြောက်ကာ ပြည်သူများ သောက်သုံးရေအတွက် အခက်အခဲ ကြုံတွေ့နေရလျှက်ရှိသည်။

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကျေးလက်ပြည်သူများလည်း သောက်သုံးရေများ လိုအပ်လျှက်ရှိရာ ချောင်းဆုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌနှင့် မြို့နယ်ပါတီကော်မတီဝင်များ မှ ချောင်းဆုံမြို့နယ် ကျေးလက်နေပြည်သူများ သောက်သုံးရေအဆင်ပြေစေရေးအတွက် နေ့စဉ် အလှည့်ကျ လှူဒါန်းပေးလျှက်ရှိရာ မေလ (၉) ရက်နေ့က ကော့မုပွန်၊ ကရိုက်ဒူး၊ ဆယ်ပလာ၊ ခရိုက်နှီး၊ ကမာကေး၊ ကညော်ကျေးရွာများရှိ ကျေးလက်နေ ပြည်သူများထံသို့ သွားရောက်လှူဒါန်းခဲ့ကြောင့် သိရသည်။