ကျေးလက်ဒေသများအရောက် ပြည်ထောင်စုနေ့စဉ် သတင်းစာဖြန့်ချနိုင်ရေး မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ပံ့ပိုးကူညီပေးမည်

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးလက်ဒေသများတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီဌာနချုပ်မှ နေ့စဉ်ထုတ်ဝေလျက်ရှိ သော ပြည်ထောင်စုနေ့စဉ်သတင်းစာကို ကျေးလက်ဒေသများ အရောက် ဖြန့်ချိနိုင်ရေးကို မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း မေလ (၁၈) ရက်က နံနက် (၁၀) နာရီအချိန်က တိုင်းဒေသကြီး ပါတီရုံးအစည်းအဝေးခန်းမတွင် ကျင်းပသည့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပါတီစုံညီအစည်းအဝေးမှ သိရသည်။

ရေစကြိုပြည်ခိုင်ဖြိုးရဲ့ အိမ်တိုင်ယာရောက် ရေအလှူဒါန

f933e0009f4b91ac92d8ba13585f05bdf73e49849b95daad3987b29fc9c7e9a3_full

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်​ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ​သောက်​သုံး​ရေ Light Track ကားတစ်​စီးလျှင်​ (၅)ဂါလံဝင်​ပုံး (၅၀) ပုံး နှင့်​ ကားနှစ်​စီး စုစု​ပေါင်း​​ ရေဂါလံ (၅၀၀) အား သပြေပင်အုပ်စု၊ သိမ်ကုန်းကျေးရွာသို့ မေလ (၁၉) ရက်က သွား​ရောက်​လှူဒါန်းခဲ့ပြီး သက်ကြီးရွယ်အိုများထံ အိမ်တိုင်ယာ​​ရောက်လိုက်လံပို့​ဆောင်​​ပေးခဲ့ကြောင်း သိရသည်။

သံတွဲပြည်ခိုင်ဖြိုး ကျေးရွာဘုန်းတော်ကြီးကျောင်းသို့ သောက်သုံးရေများ သွားရောက်လှူဒါန်း

သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးစန်းနိုင် ဦးဆောင်၍ မြို့နယ်ပါတီ ကော်မတီဝင်များသည် မေလ (၁၈) ရက် ညနေ (၄) နာရီခွဲအချိန်က သောက်သုံးရေလှူဒါန်း သံတွဲမြို့နယ် တောင်ညိုကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်းသို့ သောက်သုံးရေများ သွားရောက် လှူဒါန်းခဲ့ကြကြောင်း သိရသည်။


သာကေတမြို့နယ် ရပ်/ကျေးပါတီကော်မတီများ ပြန်လည်ပြင်ဆင်ရွေးချယ်

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေးပါတီ ကော်မတီများ ပြန်လည်ပြင်ဆင်ရွေးချယ်ခြင်းကို မေလ (၁၈) ရက် ညနေ (၅) နာရီခွဲအချိန်က (၁၀/မြောက်) ရပ်ကွက်တွင်လည်းကောင်း၊ မေလ (၁၉) /က်နေ့ ညနေ (၆) နာရီ (၄၅) မိနစ်အချိန်က (၄/တောင်) ရပ်ကွက်တွင်လည်းကောင်း အသီးသီး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

Zaw

မိုးမိတ်၊ သီပေါမြို့နယ်များတွင် အမာခံပါတီကေဒါများ ရွေးချယ်ပြီးစီး

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုးမိတ်မြို့နယ် လက်ခုပ်ပင်အုပ်စု၊ လယ်ကြီးအုပ်စု၊ မန်ကျည်းပင်အုပ်စုများတွင်လည်းကောင်း၊ သီပေါမြို့နယ် မြန်မာရပ်တွင် လည်းကောင်း၊ မေလ (၁၈) ရက်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမာခံပါတီကေဒါများရွေးချယ်ပြီးစီးခဲ့ကြောင်း သိရသည်။


ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌကြီး ဦးသိန်းစိန် သည် စင်္ကာပူနိုင်ငံ နိုင်ငံခြားရေးရာဝန်ကြီး Dr. Vivian Balakrishnan အား လက်ခံတွေ့ဆုံ

_DSC6106

_DSC6113 _DSC6114

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌကြီး ဦးသိန်းစိန်က စင်္ကာပူနိုင်ငံ နိုင်ငံခြားရေးရာ ၀န်ကြီး Dr. Vivian Balakrishnan အား ယနေ့ (မေလ ၁၉ ရက်) နံနက် (၉) နာရီအချိန်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

????????????????????????????????????

 

ဂိုဏ်းဂဏဖွဲ့မှုများကို ရှောင်ရှားရန် ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦး သတိပေး

အချင်းချင်းစည်းလုံးညီညွတ်မှု ပြိုကွဲစေမည့် ဂိုဏ်းဂဏဖွဲ့မှုများကို ရှောင်ရှားရမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက သတိပေးပြောကြားလိုက်သည်။

မေလ (၆) ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ပြည်ခိုင်ဖြိုးဧည့်ရိပ်သာ၌ ကျင်းပပြုလုပ်သော ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပါတီ အတွင်းရေးမှူးများ၊ ပါတီကော်မတီဝင်များ တွေ့ဆုံပွဲအခမ်းအနားတွင် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက အထက်ပါအတိုင်း သတိပေး ပြောကြားခဲ့ခြင်းဖြစ်သည်။

တပ်နယ်မိသားစုနှင့် ရေစကြိုပြည်ခိုင်ဖြိုးတို့ ပူးပေါင်းရေလှူဒါန်းမှုပြု

0e8508630fc444b418b6c3c274101de644afd09542f103db72fd4da2d5f22fae_full ee6674f46d9a1505d61f01dd024df2787ff3bbf7d80fcf2210ea6924be11e9a6_full

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုတပ်နယ်မိသားစုနှင့် ရေစကြိုမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ပူးပေါင်း၍ (၁၈) ရက်နေ့က ရေစကြိုမြို့နယ် ဗြိဘ(ဗျည်းဘ)ကျေးရွာ အုပ်စုသို့ ​သောက်​​ရေသန့််​ဗူး ၂၀ လီတာဝင်​ဗူးကြီး (၅၁၀) ဗူး သွား​ရောက်​လှူဒါန်းခဲ့သည်။

ထိုသို့သွားရောက်လှူဒါန်းရာတွင် ပခုက္ကူ တပ်မမှူး၊ရေစကြိုတပ်နယ် တပ်ရင်းမှူးများ၊ အရာရှိစစ်သည်များနှင့် ရေစကြိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးသိန်းလွင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေး စည်းရုံးရေးမှူးများ ပူးပေါင်းပါဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ တိုင်း/ခရိုင်/မြို့နယ်ပါတီကော်မတီများနှင့်တွေ့ဆုံ

13221507_493915057472902_827175927289217300_n

မန္တလေးတိုင်းဒေသကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်ပါတီကော်မတီများ တွေ့ဆုံပွဲကို မေလ (၁၈) ရက် နံနက်ပိုင်းက တိုင်းဒေသကြီးပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ပါတီအဆင့်ဆင့် ပြန်လည်ရွေးချယ်တင်မြှောက်ရေးအတွက် ညှိနှိုင်း ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

Credit –Zaw Aung Htet


လယ်ဝေးမြို့နယ်တွင် ပါတီပြန်လည်ရွေးချယ်ဖွဲ့စည်းရေး ကွင်းဆင်းဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ခရိုင်၊ လယ်ဝေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ  ပြန်လည်ပြင်ဆင် ရွေးချယ်ဖွဲ့စည်းရေးအဖွဲ့ (၂) ခေါင်းဆောင် ဦးဇော်အောင်၊ ဦးဝင်းနိုင်ဦး ဒေါ်နွယ်နွယ် ဝင်းတို့သည် မေလ (၁၈) ရက် နံနက်ပိုင်းက အောင်သာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အလားတူ မေလ (၁၇) ရက်ကလည်း လယ်ဝေးမြို့နယ် သစ်ကြိမ်းကျေးရွာအုပ်စု ပါတီပြန်လည် ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေးအတွက် ကြို့ကုန်းကျေးရွာ ဦးဝင်းမြင့်နေအိမ်၌ အဖွဲ့ (၂) က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။