ဇေယျာသီရီမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေသခံများလိုအပ်ချက် ဖြည့်ဆည်းဆောင်ရွက်

U Hla Htay Win5

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးဝင်း သည် မေလ (၂၁) ရက်နေ့ နံနက် (၇) နာရီခွဲအချိန်က နေပြည်တော်ခရိုင်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ပြည်စံအောင်ရပ်ကွက်၊ နန်းသြကျေးရွာ၊ ဥယျာဉ်ကွက်သစ်၊ ဒိုးပင်ခုံ ကျေးရွာများသို့ ရောက်ရှိရာ ကျေးရွာအုပ်ချုပ်ရေးမှူးများက ဒေသခံပြည်သူလူထု၏ရေရှားပါးမှု လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။

တနိုင်းပြည်ခိုင်ဖြိုး ရပ်/ကျေးအုပ်စု ပါတီပြန်လည်ပြင်ဖွဲ့စည်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၊ မကေါကျေးရွာအုပ်စုတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီဝင် ဦးမြင့်ကို၊ ဦးငွားစီးနှင့် ရပ်မိရပ်ဖ (၃) ဦး ဦးဆောင်၍ မကော၊ လမုံ၊ ကျောင်းကုန်းကျေးရွာများ၌ စည်းရုံးရေးမှူးနှင့် အဖွဲ့ဝင်များ ပြန်လည်ပြင်ဆင်ဖွဲစည်းခြင်းကို မေလ (၂၂) ရက် နံနက် (၁၀) နာရီအချိန်က စတင်ပြုလုပ်ခဲ့ပြီး ညနေ (၄) နာရီအချိန်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

မိုးညှင်းပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာ လှုပ်ရှားမှု

13267958_179154679151260_9064290748016412635_n

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအကြံပေး (ကချင်ပြည်နယ်တာဝန်ခံ) သီရိပျံချီ ဦးသိန်းဇော်၏လမ်းညွန်မှုကို ခံယူကာ မိုးညှင်းခရိုင်တာဝန်ခံ ဦးကျော်စိုးလေး စီမံမှုဖြင့် ဟိုပင်မြို့နယ် တွဲဘက်တာဝန်ခံ ဦးဌေးဝင်း ရွာသစ်ကြီးကျေးရွာ ပါတီကေဒါ ဦးကျော်လင်းအောင် ဦးအောင်တင်ဝင်း တို့ဦးဆောင်သော ပါတီဝင်လူငယ်များသည် မေလ (၂၁) ရက်က ဟိုပင်မြို့ ရွာသစ်ကြီးကျေးရွာတွင် ကဆုန်ညောင်ရေသွန်လောင်းပွဲကို ဂန္ဓာမာတောကျောင်း၌ပြုလုပ်ခဲ့ပြီး ရွာသစ်ကလေးရွာ ဆရာတော် အား ဖူးမျှော်ကန်တော့ကာ သက်ကြီးရွယ်အိုများအား တစ်ဦးချင်းစီ ကန်တော့ခဲ့ကြသည်။

ထားဝယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရေရှားပါးသည့်ကျေးရွာများတွင်ရေလှူဒါန်း

Hta We`

တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်ခရိုင်တွင် နွေရာသီရောက်တိုင်း သောက်သုံးရေရှားပါးသော ကျေးရွာများသို့ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် စေတနာရှင်များက နေ့စဉ်နီးပါး သောက်သုံးရေ သွားရောက်လှူဒါန်းပေးလျက်ရှိရာ ထားဝယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လည်း ကျေးရွာငါးရွာသို့ ရေလှူဒါန်းပေးလျက်ရှိသည်။

ကြံခင်းပြည်ခိုင်ဖြိုး မြို့နယ်ကော်မတီဝင်များ ပြန်လည်ရွေးချယ်တင်မြှောက်ရေး အကြိုလုပ်ငန်းညှိနှိုင်း ဆွေးနွေး

Kyan Khin

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မြို့နယ်ပါတီကော်မတီဝင်များ ပြန်လည်ရွေးချယ်တင်မြှောက်ရေး အကြိုလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယခုလ (၁၈) ရက် နံနက် (၉) နာရီက မြို့နယ်ပါတီရုံး စုဝေးခန်းမ၌ကျင်းပခဲ့ရာ ဟင်္သာတခရိုင်အတွင်း မြို့နယ်ပါတီကော်မတီဝင်များ ပြန်လည်စိစစ်ရေး အဖွဲ့ ခေါင်းဆောင် ဗဟိုပါတီကော်မတီဝင် ဦးခင်မောင်ရီနှင့် စိစစ်ရေးအဖွဲ့ဝင်များဖြစ်သည့် တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမြတ်စိုး၊ ဟင်္သာတခရိုင် ပါတီ ကော်မတီဝင် ဒေါက်တာသန်းထွဋ်၊ ဒေါ်ထားထားလှိုင်တို့ တက်ရောက်ကြသည်။

ပုဇွန်တောင်ပြည်ခိုင်ဖြိုးရဲ့ ကဆုန်လပြည့်နေ့ ညောင်ရေသွန်းလောင်း ကုသိုလ်တော်

Aye3

ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းလောင်း ကုသိုလ်တော်အဖြစ် ပုဇွန်တောင်မြို့နယ် (၇) ရပ်ကွက် ဦးရွှေဂွန်းလမ်းရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၏ ပရိဝုဏ်အတွင်းရှိ ပရိဘောဂစေတီမြတ်ဖြစ်သည့် “မဟာဗောဓိပင်” ၌ ပုဇွန်တောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကုသလဝါယာမ ဆွမ်းလောင်းအသင်းမှ နံနက် (၇) နာရီမှ(၈) နာရီအထိ ညောင်ရေသွန်းလောင်း လုပ်အားဒါန ကုသိုလ်ယူခဲ့ကြသည်။
ကဆုန်ညောင်ရေသွန်းပွဲတော်သို့ ပုဇွန်တောင်မြို့နယ် ပါတီအတွင်းရေးမှူးဦးထွန်းအောင်ကြည်၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်စည်းခေါင်းဆောင်များ၊ ပါတီဝင်များ စုစုပေါင်း (၂၀)ဦးက လုပ်အားဒါန ကုသိုလ်ယူခဲ့ကြသည်။

ပုဇွန်တောင် (၉)ရပ်ကွက် ပြည်ခိုင်ဖြိုး ပြန်လည်ဖွဲ့စည်း

AAWin2

ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီ အဆင့်ဆင့် ပါတီပြန်လည်ဖွဲ့စည်းမှုကို မေလ ( ၁၉ ) ရက် ညနေ ၅ နာရီက ပုဇွန်တောင်မြို့နယ် (၉)ရပ်ကွက် နှင်းပန်းလမ်း၌ ဆောင်ရွက်ခဲ့သည်။

ဒဂုံမြို့သစ်မြောက်ပိုင်း ပြည်ခိုင်ဖြိုးပါတီ ကဆုန်ညောင်ရေသွန်း

ကဆုန်လပြည့် (ဗုဒ္ဓနေ့) ကဆုန်ညောင်ရေသွန်းလောင်းပွဲ အခမ်းအနားကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒဂုံမြို့သစ် (မြောက်ပိုင်း) ရှိ မြို့ဦးစေတီတော်တွင် ကဆုန်လပြည့်နေ့ (မေလ ၂၁ ရက် ) ညနေ ၄ နာရီအချိန်က ကျင်းပခဲ့ကြသည်။

မြောင်းမြပြည်ခိုင်ဖြိုး ကျေးရွာများသို့ ရေလှူဒါန်း

မြောင်းမြမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် မြောင်းမြမြို့နယ် ပါတီကော်မတီဝင်များသည် မေလ (၁၉) ရက်နေ့က ပိုးလောင်းအုပ်စု၊ ညောင်ချောင်း လေးကျေးရွာ၊ ကျောက်တန်းလေးကျေးရွာ၊ စမ်းချောင်းလေးရွာများသို့ ရေဂါလံ (၂၀၀၀) သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်

Ayar Thar Ayar Thar 

ကျိုက်ထိုပြည်ခိုင်ဖြိုး ကျေးရွာဆရာတော်အား တံတားဆောက်လုပ်ရန် ငွေလှူဒါန်း

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြိုနယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နာယက ဦးဌေးလွင် ဦးဆောင်သော မြို့နယ်ပါတီကော်မတီများနှင့် ပါတီဝင်ပါတီဝင်များသည် မေလ (၁၈) ရက် နံနက် (၉) နာရီအချိန်က မရမ်းချောင်းကျေးရွာဆရာတော်အား တံတားဆောက်လုပ်ရန် အလှူငွေ ၃၀၀၀၀၀ိ/- (ကျပ်သုံးသိန်း) အား သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။