ပုဇွန်တောင်(၄)ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီပြန်လည်ဖွဲ့စည်း

Pa Zon Taung

ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ (၄)ရပ်ကွက် ကော်မတီအဆင့်ဆင့် ပါတီပြန်လည်ဖွဲ့စည်းမှုကို ယခုလ ၂၂ ရက် ညနေ ၅နာရီခွဲက ဆောင်ရွက်ခဲ့သည်။

ယင်းပါတီဖွဲ့စည်းမှု ဆောင်ရွက်ရာသို့ ပါတီအဆင့်ဆင့် ပြန်လည်ရွေးချယ်ရေး တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင် စိုး၊ မြို့နယ်ပါတီအဆင့်ဆင့် ပြန်လည်ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းအောင်ကြည်တို့က ဦးဆောင်ကာ ပါတီဝင်စုစုပေါင်း ၃၄ ဦး တက်ရောက်သည်။ ရွေးချယ်ပွဲကို အောင်မြင်စွာကျင်းပပြီး ညနေ ၆ နာရီတွင် ရပ်နားခဲ့ကြောင်း သိရသည်။

“ပါတီကို ပြန်လည်ပြုပြင်ကာ လာမယ့်ရွေးကောက်ပွဲမှာ ပြန်လည်အနိုင်ရအောင် ကျွန်တော်တို့ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရပါမယ်”

13254479_598561530313362_2818076783190216826_n

”အကြောင်းတွေ များစွာရှိသော်လည်း အဓိက အကြောင်းကတော့ ကျွန်တော်တို့ ပါတီရဲ့ အားနည်း ချက်ကြောင့်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီမှာ ဗဟိုက အားနည်းချက်တွေရှိသလို အောက်ခြေ မှာလည်း အားနည်းချက်တွေ ရှိနေပါတယ်။ ဒီအားနည်းချက်တွေကို ကျွန်တော်တို့ မှန်မှန်ကန်ကန်နဲ့ ပြန်လည်ရှုမြင်သုံးသပ်ပြီး ပါတီကို ပြန်လည်ပြုပြင်ကာ လာမယ့်ရွေးကောက်ပွဲမှာ ပြန်လည်အနိုင် ရအောင် ကျွန်တော်တို့ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရပါမယ်။

ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး ပါတီ၏လမ်းညွှန်ချက်များ ရှင်းလင်း

7cae51ff7b1d3288c0c92ee2db56db6ca6d02c942f8969e9d62a29be5a7c42de_full

တနင်္သာရီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အဆင့်ဆင့်ပြန်လည် ပြင်ဆင် ဖွဲ့စည်းရေးနှင့် ပါတီ၏လမ်းညွှန်ချက်များ ရှင်းလင်းတွေ့ဆုံပွဲ အခမ်းအနားကို ထားဝယ်မြို့ တိုင်း ဒေသကြီး ပါတီအစည်းအဝေးခန်းမ၌ မေလ (၂၃) ရက် နံနက် (၉) နာရီက ကျင်းပခဲ့ပြီး အခမ်းအနား တွင် ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးက ပါတီပြန်လည်ပြင်ဆင် ဖွဲ့စည်းရေးစီမံချက်၊ လုပ်ထုံးလုပ်နည်းများကို ဦးစွာရှင်းလင်း ပြောကြားပြီး ရပ်ကွက်ကျေးရွာများတွင် အခြေခံမှစ၍ အမာခံပါတီကေဒါများကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ရေး၊ မြို့နယ်၊ ခရိုင်၊ တိုင်း ဒေသကြီး ပါတီ များကိုလည်း ပါတီအပေါ် စိတ်ကောင်း၊စေတနာကောင်းဖြင့် ဆောင်ရွက်ကြမည့်ပုဂ္ဂိုလ်များကို ရွေးချယ်ပေးကြရန် ရှင်းလင်းမှာကြားခဲ့သည်။

ပါတီဗဟိုအတွင်းရေးမှူးဦးပိုက်ထွေး နယ်မြေကွင်းဆင်းဆောင်ရွက်

UPHtwe (24-5)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည် သရက်ခရိုင်ပါတီ အတွင်းရေးမှူး ဦးဝင်းကျော်နှင့်အတူ ယခုလ ၂၁ ရက်က ကံမမြို့နယ်အတွင်း လေဘေးသင့် ကျေးရွာများသို့ သွားရောက်၍ ပြန်လည် ပြင်ဆင်ဆောက်လုပ်နိုင်ရန် ငွေကြေးပစ္စည်းများ ထောက်ပံ့ ပေးအပ်ပြီး ကျောင်းထိုင်ဆရာတော်များအား ဖူမြော်ကြည်ညိုခြင်း၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ အားပေးစကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့သည်။ 

ရှေ့ဆက်ဆောင်ရွက်မည့် ပါတီလုပ်ငန်းစဉ်များ အောင်မြင်ရေး ညှိနှိုင်းဆွေးနွေး

13248570_241447889564378_8756658967207340609_o

ပုသိမ်ခရိုင်အတွင်းရှိ (၇) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေးပါတီ အမာခံကေဒါ ဖွဲ့စည်းရေးကြီးကြပ်မှုကော်မတီ ဒေါက်တာထိန်ဝင်း ခေါင်းဆောင်သော ခရိုင်ပါတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ရေကြည်မြို့နယ် ပါတီအတွင်းရေးမှူးးနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ခေါင်းဆောင်များနှင့် ညှိနှိုင်းတွေ့ဆုံပွဲကို မေလ (၂၃) ရက် နံနက် (၁၀) နာရီအချိန်က  ရေကြည်မြို့နယ် ပိတောက်ချောင်း ပြည်ခိုင်ဖြိုးပါတီတီခန်းမ၌ ပြုလုပ်ခဲ့ကြပြီး ရှေ့ဆက်ဆောင်ရွက်မည့် ပါတီလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်မြေသာစံပြည်ခိုင်ဖြိုး ပြန်လည်ဖွဲ့စည်းရေး ညှိနှိုင်းဆွေးနွေး

KHtay1

မန္တလေတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီအဆင့်ဆင့် ပြန်လည်ဖွဲ့စည်းရေးအတွက် မြို့နယ်ပါတီ နယ်မြေတာဝန်ခံ ဦးကျော်စန်းနှင့် မြို့နယ် ပါတီအတွင်းရေးမှူးတို့မှ မေလ (၂၃) ရက်နေ့က မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ရပ်/ကျေးပါတီဝင်များနှင့် ဆွေ့ဆုံ၍ ဆွေးနွေး ညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

Credit – Ko Htay

ဇေယျာသီရိမြို့နယ် ကျေးရွာအုပ်စု ပါတီခေါင်းဆောင်များ ရွေးချယ်

ZayaThiri1

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ခရိုင်၊ ဇေယျာသီရိမြို့နယ် ရေဆင်းအုပ်စု၊ ရေဆင်းကျေးရွာ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင် ဒေါ်ဝင်းယုအေး နေအိမ်၌ မေလ (၂၃) ရက်နေ့ နံနက် (၉) နာရီအချိန်က ကျေးရွာအုပ်စု ခေါင်းဆောင် ရွေးချယ်ပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျုံပျော်ပြည်ခိုင်ဖြိုး အမာခံကေဒါများရွေးချယ်ဖွဲ့စည်း

13227727_241441056231728_751780057305031387_o

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီဝင် (ကျုံပျော်-ရေကြည် တာဝန်ခံ) ဦးမြင့်ကြိုင် ဦးဆောင်၍ မြို့မတိုက်နယ်အတွင်းရှိ သောင်ကြီးကျေးရွာ နှင့် ငါးကျီးထူ ကျေးရွာများသို့ အမာခံကေဒါ စိစစ်ရွေးချယ်ဖွဲ့စည်းခြင်းနှင့် ပါတီ၏ ရှေ့လုပ်ငန်းစဉ် များအား ရှင်းလင်းဟောပြောဆွေးနွေးခြင်းကို မေလ (၂၃) ရက်က ပြုလုပ်ခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသိန်းစိန် ရန်ကုန်တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

YGN3

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန်နှင့် ရန်ကုန်တိုင်းဒေသကြီး တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်များ တွေ့ဆုံပွဲကို ယနေ့ (မေလ ၂၃ ရက်) န့နက် (၁၀) နာရီအချိန်က တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

YGN5

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ပါတီအဆင့်ဆင့်ဖွဲ့စည်းရေးနှင့် လမ်းညွှန်ချက်များ ရှင်းလင်း

UPH

မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပါတီအဆင့်ဆင့်ပြန်လည် ပြင်ဆင်ဖွဲ့စည်းရေးနှင့်ပါတီ၏လမ်းညွှန်ချက်များ ရှင်းလင်းပွဲအခမ်းအနားကို တိုင်းဒေသကြီးပါတီ အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁ဝ နာရီတွင်ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးကြည်ထွန်းနှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီး (ငြိမ်း)များနှင့် ခရိုင်/မြို့နယ်ပါတီအတွင်းရေးမှူးများနှင့် ကော်မတီဝင်များ (၈ဝ) ဦးခန့် တက်ရောက်ခဲ့ကြသည်။