ကျောက်ဆည်ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေး ၉၆ ခုအား မျက်နှာစုံညီအစည်းအဝေးနှင့် ပ၊ ဒု ခေါင်းဆောင် ကွင်းဆင်းရွေးချယ်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ယခုလ ၂၂ ရက် နံနက် ၉ နာရီခွဲမှ စတင်၍ ရပ်/ကျေး ၉၆ ခုသို့ ကော်မတီဝင်ကိုးဦးဖြင့် အဖွဲ့သုံးဖွဲ့ခွဲ၍ ကွင်းဆင်းဆောင်ရွက် ရွေးချယ်ရာ ၂၇ အုပ်စုဖွဲ့စည်းမှုကို မေလ (၂၅) ရက် နံနက် ၁ဝ နာရီတွင် ကျောက်ဆည်မြို့နယ် တောင်နောက်အုပ်စု စည်းရုံးရေးမှူးနေအိမ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အမရပူရပြည်ခိုင်ဖြိုး ယင်အန္တရာယ် လျော့ပါးရေး ဆေးဖျန်းဆောင်ရွက်

13232889_496393957225012_4870746431977924771_n

အမရပူရမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မိုးဦးရာသီ၌ ယင်အန္တရာယ် လျော့ပါး ရေးအတွက် ဆေးဖျန်းခြင်းကို မေလ (၂၅) ရက် နေ့လည် (၂) နာရီအချိန်က နန်းရတနာဈေးတွင် ဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီး ပါတီကော်မတီဝင်များဖြစ်ကြသော ဦးသောင်းဝေ၊ ဒေါ်မြင့်မြင့်ဦး၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးဘိုသင်း၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးသိန်းထွန်းဦး၊ မြို့နယ်ပါတီ ကော်မတီဝင်များဖြစ်ကြသော ဦးစိုးဦး၊ ဦးဇော်အောင်ထက်၊ ရပ်ကွက်ပါတီ ကော်မတီများ၊ အမာခံ လူငယ်များနှင့် ဈေးကော်မတီများ၊ ဈေးသူ/ဈေးသားများ ပူးပေါင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး ပြည်ခိုင်ဖြိုးက ဆောင်ရွက်ပေး

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဦးဆောင်၍ ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေးအတွက် ချမ်းမြသာစည်မြိုနယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေး မှူးနှင့် မြို့နယ်ပါတီကော်မတီဝင်များမှ မေလ (၂၅) ရက်က မြို့သစ်(၂) ရပ်ကွက်၊ မြနန္ဒာဈေးနှင့် အောင်ပင်လယ်ရပ်ကွက် အောင်သာယာဈေးတို့တွင် ယင်နှိမ်နင်းရေး ဆေးဖျန်းခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

Ko Htay


၂၀၂၀ ရွေးကောက်ပွဲတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးတာဝန်များ ပြန်လည်ထမ်းဆောင်နိုင်ရန် လုပ်ဆောင်မည်ဟု ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးသိန်းစိန်ပြော

13230057_238063149897444_705950588521212151_n

၂၀၂၀ ရွေးကောက်ပွဲတွင် ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေး တာဝန်များ ပြန်လည်ထမ်းဆောင်နိုင်ရန် လုပ်ဆောင်မည်ဟု ဆုံးဖြတ်ထားကြောင်း ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်က မေလ ၂၄ ရက် နေ့လယ်က ရန်ကုန်မြို့ ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယခင်အစိုးရအဖွဲ့ဝင် ၀န်ကြီး ဟောင်းများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန်က ယခင်ဝန်ကြီး (ငြိမ်း)၊ ဒုဝန်ကြီး (ငြိမ်း) များနှင့် တွေ့ဆုံ၍ လူမှု အကျိုးစီးပွား တိုးတက်ရေး ဝိုင်းဝန်းဆောင်ရွက်ရန်မှာကြား

13227115_264674343882392_8011469810668050463_n 13267959_264674383882388_7818363774003358735_n

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ (ယခင်သမ္မတဟောင်း) ဦးသိန်းစိန်နှင့် ပြည်ထောင်စု ဝန်ကြီး (ငြိမ်း)၊ ဒုတိယဝန်ကြီး (ငြိမ်း) များနှင့် တွေ့ဆုံကာ လူမှုအကျိုးစီးပွားတိုးတက်ရေးများကို ဝိုင်ဝန်းလုပ်ဆောင်ကြရန် မှာကြားခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ဦးအုန်းမြင့်က ဆင်ဟွာသို့ ပြောကြားသည်။

“အရင် တာဝန်ထမ်းခဲ့တဲ့လုပ်ငန်းကဏ္ဍအသီးသီးမှာ သိပညာအတတ်ပညာပိုင်းနဲ့ အတွေ့အကြုံပိုင်း အခြေခံပြီး မိမိတို့ တတ်စွမ်းသမျှ နိုင်ငံရေးအပြင်ကနေ ဝိုင်းလုပ်ဖို့ ဒီနေ့တွေ့ပြီး ဆွေးနွေးဖြစ်တယ် ” ဟု ၎င်းကဆိုသည်။

ဘင်္ဂါလီကိစ္စကြောင့် တရားဥပဒေစိုးမိုးရေး ယိမ်းယိုင်သည့်အဆင့်အထိ ဖြစ်လာနိုင်ဟု ဗဟို အလုပ်အမှုဆောင် ဦးခင်ရီဆို

U Khin Yi

မြန်မာနိုင်ငံတွင် မည်သည့်အစိုးရလက်ထက်တွင်မဆို ဘင်္ဂါလီအရေးကြောင့် တရားဥပဒေစိုးမိုးရေး ယိမ်းယိုင်သည့်အဆင့်အထိ ဖြစ်လာနိုင်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြောရေး ဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီက ပြောကြားသည်။

မေလ (၂၃) ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ပြုလုပ်သည့် ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်နှင့် တိုင်းဒေသကြီး ပါတီဝင်များ တွေ့ဆုံပွဲအပြီး The Voice နှင့် တွေ့ဆုံစဉ် ဦးခင်းရီက ယင်းသို့ ပြောဆို ခြင်းဖြစ်သည်။

တာချီလိတ်ပြည်ခိုင်ဖြိုး ဒေသအကျိုးပြူလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေး

HPSoe1

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်နယ်ပါတီကော်မတီ အလုပ်အမှုဆောင် ဒေါ်တင်မေထွန်း၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးဘိုစံ၊ ခရိုင်ပါတီကော်မတီဝင် ဒေါ်နန်းဝိုးလှိုင် နှင့် စည်းရုံးရေးမှူး ဦးဘိုဘိုမောင် တို့အဖွဲ့သည် ယနေ့ (မေလ ၂၅ ရက်) နံနက်ပိုင်းက တာလေ/ကျိုင်းလပ်မြို့နယ်ခွဲများသို့ ကွင်းဆင်း၍ တာလေမြို့နယ်ခွဲပါတီရုံးတွင် ပါတီဝင်ကေဒါများနှင့်တွေ့ဆုံခဲ့ကာ မြို့နယ်ခွဲများ၌ ဒေသအကျိုးပြု လုပ်ငန်း များ ဆက်လက်ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြဝတီပြည်ခိုင်ဖြိုး Online Media On Job Training ဆင့်ပွားသင်တန်း ဖွင့်လှစ်ပြီးစီး

13254354_242766546090536_5106046861802054773_n

မြ၀တီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဖွင့်လှစ်ခဲ့သော OnlineMediaOn Job Training ဆင်ပွားသင်တန်းအား သင်တန်းသား (၄၆) ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီး အဆိုပါ သင်တန်းဆင်းပွဲကို မေလ (၂၄) ရက်က ခရိုင်ပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

13260021_242766486090542_4821635828593248489_n

သင်တန်းဆင်းပွဲတွင် မြ၀တီပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့်ဦးမှ သင်တန်းဆင်းအမှာစကား ပြောကြားပြီး သင်တန်းဆင်းလက်မှတ်များကို မြ၀တီပြည်ခိုင်ဖြိုးပါတီ နာယက ဦးစောအယ်ဝါးမှ ပေးအပ်ခဲ့သည်။

အောင်မြေသာစံ ပြည်ခိုင်ဖြိုး ပြည်သူ့ကျန်းမာရေး ဆောင်ရွက်ပေး

13254026_1749763388633729_5526213187047819795_n

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူများ ဝမ်းရောဂါမဖြစ်ပွား စေရေးအတွက် ကြိုတင်ဆောင်ရွက်သော ယင်နှိမ်နင်းရေးစီမံချက်ကို ယနေ့ (မေလ ၂၅ ရက်) နံနက် (၁၀) အချိန်မှ စတင်၍ ညောင်ကွဲရပ်ကွက်အတွင်းရှိ ယင်ပေါများ သောနေရာများဖြစ်သည့် အမှိုက်ပုံများ၊ စိုစွတ်သောနေရာများ နှင့် အိမ်သာများအား ယင်နှိမ်နင်းရေး ဆေးပုံး (၂)ပုံးဖြင့် ခရိုင်ပါတီ အတွင်းရေးမှူး ဦးဘိုသင်း၊ မြို့နယ်နယ်မြေတာဝန်ခံ ဦးကျော်စန်း၊ မြို့နယ်ပါတီအတွင်းရေးမှူးနှင့် ပါတီကော်မတီဝင်များ၊ ညောင်ကွဲရပ်ကွက် စည်းရုံးရေးမှူးနှင့် ပါတီဝင်များမှ ကွင်းဆင်း၍ ဆေးဖျန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရေကြည်ပြည်ခိုင်ဖြိုး ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်

Ray Kyi1

ရေကြည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီအတွင်းရေးမှူး၏ လမ်းညွန် မှုဖြင့် ရပ်/ကျေးပါတီအမာခံကေဒါများ ဖွဲ့စည်းခြင်းကို ရပ်ကွက်များ ကျေးရွာများအထိ ကွင်းဆင်း ဆောင်ရွက်ခြင်း၊ ပါတီ၏လူထုအခြေပြုလုပ်ဆောင်မည့် လုပ်ငန်းများကို ချပြဆွေးနွေးခြင်း၊
ပြည်ခိုင်ဖြိုးပါတီကို ယုံကြည်စွာဖြင့် အမာခံအင်အားရရှိရေးအတွက်တို့အတွက်  ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။