မိုးကောင်းပြည်ခိုင်ဖြိုး ကျောင်းသား/သူများအတွက် စာရေးကိရိယာများ လှူါးန်း

Moe Kaung2

ကချင်ပြည်နယ်၊ မိုးကောင်းမြို့၌ မေလ (၃၀) ရက်နေ့ နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သော ၂၀၁၆-၂၀၁၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနားတွင် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးနှင့်အဖွဲ့မှ သွားရောက်၍ ဆင်းရဲနွမ်းပါးသော ကျောင်းသား/သူများအား ဗလာစာအုပ် (၆၅) ဒါဇင်၊ ဘောပင် (၁၅) ဒါဇင် တန်ဖိုးငွေ ၁၇၁၅၀၀ ကျပ် အား ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။

စက်ရေတွင်းတူးဖော်ရန် ပန္နက်တင်မင်္ဂလာကျင်းပ

MGW3

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနာယက ဦးသိန်းထွန်း ဦးဆောင်မှုဖြင့် အလှူရှင်များ ပူးပေါင်းပြီး ပခုက္ကူမြို့နယ် ကန်ရပ်ကြီးကျေးရွာအုပ်စု၊ ကန်ရပ်ကြီးရွာရှိ ရွာဦးဘုန်တော်ကြီးကျောင်းဝန်းအတွင်း (၄)လက်မ စက်ရေတွင်းတူးဖော်ရန်အတွက် ပခုက္ကူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးနှင့် မြို့နယ်ပါတီကော်မတီဝင်များမှ စက်ရေတွင်းတူးဖော်မည့် နေရာတွင် မြေသန့်ပရိတ်တရားတော်နာယူခြင်းနှင့် ပန္နက်တင်မင်္ဂလာအခမ်းအနားကို မေလ (၃၀) ရက်က စက်ရေတွင်းတူးဖော်မည့် မြေနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။

မအူပင်ခရိုင်/မြို့နယ် ပါတီကော်မတီဝင်များ တွေ့ဆုံ

13332817_185477061852355_3114418229596484789_n

ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တွဲဘက်အတွင်းရေးမှူး ဒေါ်နွယ်နွယ်ဦး၊ မအူပင်ခရိုင်ပါတီနာယက ဦးသန်းထွန်း၊ ခရိုင်ပါတီ အတွင်းရေးမှူး ဦးသက်လင်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မအူပင်မြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံကို မေလ (၂၉) ရက် ညနေ (၃) နာရီအချိန်က မအူပင်ခရိုင် ပြည်ခိုင်ဖြိုးအစည်းဝေးခန်မ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။


နွားထိုးကြီး ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေး

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အောက်ခြေ မျက်နှာစုံညီအစည်းအဝေးနှင့် မြို့နယ်အဆင့် ညီလာခံ ကိုယ်စားလှယ်ရွေးပွဲကို မေလ (၃၀) ရက်နေ့မှ စ၍ အမှတ် ၂၊ အမှတ် ၃၊ အမှတ် ၄ ရပ်ကွက်များ၌ စတင်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ နှစ်ကျိပ်ရှစ်ဆူ ဘုရားများအတွက် ငွေလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး (ပါတီ ဗဟိုကော်မတီဝင်) ဦးအောင်တင်မြင့် သည် တိုင်းဒေသကြီး ပါတီကော် မတီဝင်များ၊ ပုသိမ်နှင့် ကန်ကြီးထောင့်မြို့နယ် ပါတီကော်မတီဝင်များနှင့်အတူ ယမန်နေ့ မွန်းလွဲ (၃) နာရီက ကန်ကြီးထောင့်မြို့နယ် ဆပ်ကွင်းရွာရှိ ဣစ္ဆာသယ ဆပ်ကွင်းကျောင်းတိုက်သို့ သွားရောက်ခဲ့ကြသည်။

ပြည်ခိုင်ဖြိုးပါတီ web site တွင် post တင်ခြင်းနှင့် လူမှုကွန်ယက်များတွင် သတင်းရေးသားခြင်း သင်တန်းဖွင့်လှစ်

_DSC6181

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဖွင့်လှစ်သော web site တွင် post တင်ခြင်းနှင့် လူမှုကွန်ယက်များတွင် သတင်းရေးသားခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ (မေလ ၃၀)  ရက်နေ့ နံနက် ၈ နာရီခွဲက ပါတီဌာနချုပ်ရုံး သင်တန်းကျောင်းရှိ ပြည်ထောင်စုခန်းမကြီးတွင် ပြုလုပ်ခဲ့သည်။

_DSC6196

“လက်ရှိတာဝန်ယူထားကြသူများအားအခြေခံပြီး မျိုးဆက်သစ်များကို အတွေ့အကြုံရှိသူများက လက်တွဲဆောင်ရွက် သွားရန်” ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦး လမ်းညွှန်မှာကြား

082df3c8-f4b5-41ce-b136-5c8cd2f8494c

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် ယခုလ (၂၆) ရက် နံနက် (၉) နာရီက ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်/မြို့နယ်ပါတီ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ရပ်/ကျေး စည်းရုံး ရေးမှူးများ နှင့် မြို့မိမြို့ဖများနှင့်တွေ့ဆုံသည်။

 66409e66-ba49-463e-a2d1-c02f64d6b2b3 6ffd2003-507d-4bc8-9ed4-fa3de5731e73

ခရိုင်ပါတီအတွင်းရေးမှူးး အမာခံကေဒါများနှင့် တွေ့ဆုံ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးတွင် ခရိုင်ပါတီအတွင်းရေးမှူး ဦးသိန်းဇော်သည် ရပ်/ကျေးများမှ အသစ်ပြန်လည်ဖွဲ့စည်းပြီးသော အမာခံ (ကေဒါ) များနှင့် မေလ (၂၈) ရက် နံနက် (၁ဝ) နာရီ မိနစ် (၂ဝ)က တွေ့ဆုံ၍ မကြာမီ ကာလအတွင်းကျင်းပတော့မည့် မြို့နယ်ပါတီမျက်နှာစုံညီ (အကြို) စည်းဝေးအတွက် သိသင့်သိထိုက် သည်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့သည်။

ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦး စက္ခုပါလာဒိဖောင်ဒေးရှင်း၏ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ဝေဒနာရှင်များအား တတိယအကြိမ် အခမဲ့စမ်းသပ် ခွဲစိတ်ကုသရေး ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

IMG_3390 IMG_3388

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် မေလ (၂၅) ရက် မွန်းလွဲ (၂) နာရီတွင် ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ် ကြီးရုံးခန်း၌ပြုလုပ်သော ဟင်္သာတခရိုင် စက္ခုပါလာဒိဖောင်ဒေးရှင်း၏ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်များကို ကိုရီးယားနိုင်ငံမှ ကျွမ်းကျင်သူအထူးကုဆရာ ဝန်ကြီးများနှင့်ပူးပေါင်း၍ တတိယအကြိမ်မြောက် အခမဲ့စမ်းသပ်ခွဲ စိတ်ကုသရေးညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

IMG_3392  IMG_3397

ပါတီအဆင့်ဆင့် ပြန်လည်ရွေးချယ် ဖွဲ့စည်းမှု ကြိုဆိုထောက်ခံသောအားဖြင့် မလှိုင်ပြည်ခိုင်ဖြိုး ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်

viber image

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီအဆင့်ဆင့်ပြန် လည်ရွေးချယ်ဖွဲ့စည်းမှုကို ကြိုဆို ထောက်ခံသောအားဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် ခြင်ဆေးဖျန်းခြင်းနှင့် ယင်ဆေးဖျန်းခြင်း လုပ်ငန်းများကို မေလ (၂၇) ရက် နံနက်ပိုင်းက မလှိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များ စုပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။