ပြင်ဦးလွင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းစည်းဝေး

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီဝင်များ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၁၇/၂၀၁၆) ကို ဇွန်လ (၂) ရက် နံနက် (၁၀) နာရီအချိန်က မြို့နယ်ပါတီ ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ပါတီလုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

Credit – Khin Mg Aye

ဘုန်းတော်ကြီးကျောင်းသန့်ရှင်းရေး ကုသိုလ်ပြုဆောင်ရွက်

နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသမီးပါတီဝင်များသည် ယနေ့ (ဇွန်လ ၃ ရက်) နံနက်ပိုင်းက သဒ္ဒမ္မဝေပုလ္လဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ကုဋီများဆေးခြင်း၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးဆောင်ရွက်ခြင်းများကို ကုသိုလ်ယူ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

Credit – Thida Htwe


တနိုင်းပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ကျေးရွာအမကအတွက် စာသင်ခုံ လှူဒါန်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်ဦးမြင့်ကို မိသားစုမှ မိုင်းခွန်းကျေးရွာအုပ်စု ရေနံကုန်းကျေးရွာ အမကတွင် လိုအပ်လျှက်ရှိသော စာသင်ခုံတန်းရှည် (၆ ယောက်ထိုင်) (၄) ခုံအား ယနေ့ (ဇွန်လ ၃ရက်) နံနက်ပိုင်းက သွားရောက် လှူဒါန်းရာ တာဝန်ခံ ဆရာမနှင့် ကျောင်းအကျိုးတော်ဆောင်များမှ လက်ခံရယူခဲ့ကြကြောင်း သိရသည်။

ရပ်ကွက်ပါတီအဖွဲ့များ မျက်နှာစုံညီအစည်းအဝေးနှင့် ပြင်ဆင်ရွေးချယ် တင်မြှောက်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်ကွက် ပါတီအဖွဲ့များ မျက်နှာစုံညီအစည်းအဝေးနှင့် ပြင်ဆင်ရွေးချယ်တင်မြောက်ခြင်း အခမ်းအနားကို ယနေ့ (ဇွန်လ ၃ ရက်) နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ကြီးကျက်သရေ အရှေ့ရပ်ကွက်ကြီး ရပ်ကွက်စိတ် (၈)စိပ်ဖြင့် ပြင်ဆင်ဖွဲ့စည်းရာ စည်းရုံးရေးမှူး အဖြစ် ဒေါ်စပယ်ဖြူ ရရှိခဲ့ကြောင်း သိရသည်။

Credit -Dawsaw Shwe

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ Website တွင် Post တင်ခြင်းနှင့် လူမှုကွန်ရက်များတွင်သတင်းရေးသားခြင်းသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဖွင့်လှစ်သော Website တွင် Post တင်ခြင်းနှင့် လူမှုကွန်ရက်တွင်သတင်းရေးသား ခြင်းသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ ညနေ၄နာရီခွဲတွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရုံး သင်တန်းကျောင်းရှိ ပြည်ထောင်စုခန်းမကြီးတွင် ပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းဆင်းပွဲအခမ်း အနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာ ကျော်ကျော်ဌေး၊ ဦးသန်းထွန်း၊ ဗဟိုအလုပ်အမှုဆောင် ဦးမြတ်ဟိန်း၊ ဦးမြညိမ်း၊ ဦးစိုး နိုင်နှင့် သူရဦးမြင့်မောင်တို့ တက် ရောက်ကြပြီး ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်မှ တာဝန်ရှိသူများနှင့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ သင်တန်း သားသင်တန်းသူ ၄၂ ဦးတို့ တက် ရောက်ကြသည်။

မြို့နယ်အတွင်းရေးမှူးနှင့်အဖွဲ့ ကျေးရွာပါတီကေဒါများနှင့်တွေ့ဆုံ

မကွေးတိုင်းဒေသကြီး၊ မင်းဘူး/စကုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး နှင့် ပါတီကော်မတီဝင်များသည် ဇွန်လ (၂) ရက်နေ့က ပေါင်းရွာကျေးရွာအုပ်စု ကျေးရွာပါတီဝင် ကေဒါများနှင့်တွေ့ဆုံ၍ အောက်ခြေပါတီခေါင်းဆောင်အဖွဲ့များ ရွေးချယ်တာဝန်ပေးအပ်ပြီးရှေ့ဆက် ရမည့် မူဝါဒလမ်းစဉ်များ ဆွေးနွေးပြောကြားကာ ပြည်ခိုင်ဖြိုးပါတီ ကျစ်လစ်
ခိုင်မာစွာ ဆက်လက် ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပါတီ၏နိုင်ငံရေးပုံရိပ်ကိုထိခိုက်အောင်မမှန်မကန်ပြောဆိုရေးသားနေသော လူပုဂ္ဂိုလ်နှင့်ဂျာနယ်များအားဥပဒေနှင့်အညီအရေးယူဆောင်ရွက်မည်

သမ္မတဟောင်း ဦးသိန်းစိန်နှင့်အဖွဲ့ အလွဲသုံးသည့်ကန်ဒေါ်လာသန်း ၈ဝကျော်ဖော်ထုတ်အရေးယူပေးရန် ကျောက်မျက်လုပ်ငန်းရှင်များ တောင်းဆိုခေါင်းစဉ်ဖြင့် သတင်းရေးသားဖော်ပြခဲ့ပြီး အဆိုပါသတင်းထဲတွင် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်ရန်ပုံငွေ ထဲမှ အမေရိကန်ဒေါ်လာသန်း ၈ဝ ကျော်အား ယခင်သမ္မတဟောင်းဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝင်ဟောင်းများမှ အသင်းချုပ်တာဝန်ရှိသူများနှင့် ပူးပေါင်း ကာ အလွဲသုံးစားမှုပြုလုပ်ခဲ့ကြောင်း၊ အသင်းဖွံ့ဖြိုးရေးနှင့်မဆိုင်သော အနုပညာဦးစီးဌာနအတွက်ဟုဆိုကာ သမ္မတဟောင်းဦးသိန်းစိန်ကို အမေရိကန်ဒေါ်လာ ခုနစ်သန်းထုတ်ပေးလိုက်ရကြောင်း အသင်းချုပ် ၏အလုပ်အမှုဆောင်ဦးကျော်ကျော်ဦးက ဥပဒေရေးရာနှင့်အထူးကိစ္စ ရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်သို့တိုင်ကြားခဲ့ကြောင်း ကို ၂၈-၅-၂ဝ၁၆ ရက်နေ့ထုတ် မြန်မာသံတော်ဆင့်ဂျာနယ်မှ ဖြစ်စဉ် အား သေချာစွာစိစစ်မှုမရှိဘဲ မဟုတ်မမှန်ရေးသားဖော်ပြခဲ့ကြောင်း တွေ့ရှိရပါသည်။

အသိအမြင်ဗဟုသုတတိုးပွားလာစေရေး တိုင်းပါတီဥက္ကဋ္ဌ စီစဉ် ဆောင်ရွက်ပေး

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးရဲမြင့်မှ တိုင်းဒေသကြီး အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် အများပြည်သူများ စာဖတ်ရှိန် မြင့်မားလာစေရန် နှင့် အသိအမြင်ဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်ပြီး ပြည်ထောင်စု နေ့စဉ် သတင်းစာကို ဇွန်လ (၁) ရက်မှစတင်၍ နေ့စဉ်တစ်ရက်လျှင် စောင်ရေ (၁၈ဝဝ) မှာယူပြီး တိုင်း ဒေသကြီးအတွင်းရှိ ရပ်ကွက်၊ ကျေးရွာ အုပ်စုများသို့ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ၏ အစီအစဉ်ဖြင့် ဝယ်ယူဖြန့်ချိ ပေးလျှက်ရှိကြောင်း သိရသည်။

ကျောက်မျက်ရန်ပုံငွေဒေါ်လာခုနစ်သန်းကို သမ္မတဟောင်းဦးသိန်းစိန် ထုတ်ယူခဲ့သည်ဟုမီဒီယာ၌အမျိုးမျိုးရေးသားနေခြင်းမှာ မဟုတ်မှန်ကြောင်း သတ္တုတွင်းဝန်ကြီးဟောင်းပြော

မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းချုပ်ရန်ပုံငွေမှ ဒေါ်လာသန်း၈ဝကျော်သည် ယခင် သတ္တုတွင်းဝန်ကြီးဟောင်းအပါအဝင် သက်ဆိုင်ရာအဖွဲ့ခေါင်းဆောင်များ အကြား အဂတိလိုက်စားမှုများတွင် ပါဝင်ကာစာရင်းကွာနေပြီးထိုရန်ပုံ ငွေမှ သမ္မတဟောင်းဦးသိန်းစိန်က လည်း ဒေါ်လာခုနစ်သန်းထုတ်ယူ ခဲ့သည်ဟု လူမှုကွန်ရက်နှင့်မီဒီယာ တချို့တွင်အမျိုးမျိုးရေးသားဖော်ပြ နေမှုမှာမမှန်ကန်ကြောင်းသတ္တုတွင်း ဝန်ကြီးဟောင်းဒေါက်တာမြင့်အောင် ကပြောသည်။
နေပြည်တော်ရှိ ကျောက်မျက် အချောထည်ဈေးခြံဝင်းအတွင်း၌ ကျောက်မျက်ရတနာရန်ပုံငွေနှင့် ပတ်သက်၍ ယနေ့နံနက် ၉နာရီခွဲ က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ ရာတွင် ဝန်ကြီးဟောင်းဒေါက်တာ မြင့်အောင်က ယင်းကဲ့သို့ရှင်းပြခဲ့ ခြင်းဖြစ်သည်။
”မီဒီယာတချို့က အခုလို သေသေချာချာမစုံစမ်းဘဲ ကိုယ်ယူ ဆချင်သလိုယူဆပြီး ပေါ်ပြူလာ ဖြစ်ရင်ပြီးရော ရေးသားဖော်ပြတာ တွေဟာ သမ္မတဟောင်းဦးသိန်းစိန် ရဲ့သိက္ခာကိုလည်း ထိခိုက်တယ်။ ဦးသိန်းစိန်ဥက္ကဋ္ဌအဖြစ် တာဝန်ယူ တဲ့ ပါတီကိုပါထိခိုက်စေပါတယ်။ သမ္မတကြီးကို ဒေါ်လာခုနစ်သန်း ထုတ်ပေးလိုက်တယ်ဆိုတာလည်း မဟုတ်ပါဘူး”ဟု ဒေါက်တာ မြင့်အောင်ကပြောသည်။
သံတော်ဆင့်သတင်းဂျာနယ် အတွဲ ၅၊ အမှတ် ၁၁ တွင် မျက်နှာ ဖုံးစာမျက်နှာတွင်ပါရှိသော သမ္မတ ဟောင်းဦးသိန်းစိန်နှင့်အဖွဲ့ အလွဲသုံး သည့် အမေရိကန်ဒေါ်လာသန်း ၈ဝ ကျော် ကျောက်မျက်လုပ်ငန်းရှင် များတောင်းဆိုဟူ၍ ဖော်ပြသော ခေါင်းစဉ်ပါကိစ္စမှာ မဟုတ်မမှန် သည့်အတွက်ဥပဒေအကြောင်းအရ အရေးယူတုံ့ပြန်သင့်ကြောင်းသတ္တု တွင်းဝန်ကြီးဟောင်း ဒေါက်တာ မြင့်အောင်က၄င်း၏ပုဂ္ဂိုလ်ရေးအမြင် အရ ထုတ်ဖော်ပြောကြားသည်။

ကျောင်းသားကျောင်းသူများအန္တရာယ်ကင်းစွာစာသင်ကြားနိုင်ရေး မြက်ရိတ်ခြင်း လုပ်ငန်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် မြို့သစ်ရပ်ကွက် အမှတ် (၂)အခြေခံပညာအလယ်တန်း ကျောင်းဝင်းအတွင်းရှိ မြက်ပင်နှင့် ချုံနွယ် များကို မြက်ရိတ်စက်များဖြင့် ရှင်းလင်းခြင်းကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။

အဆိုပါ မြက်ရိတ်ခြင်းနှင့် ချုံနွယ်များရှင်းလင်းခြင်းကိုပြည်ခိုင်ဖြိုး ပါတီမှ မြို့နယ်ပါတီအတွင်းရေးမှူး ဦးလှမြင့်ဦးဆောင်၍ မြို့နယ်ပါတီ ကော်မတီဝင်များ၊ မြို့သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးစိုးလှိုင်ဦးနှင့် အဖွဲ့ ဝင်များ၊ ရပ်ကွက်ပါတီကော်မတီဝင်များ၊ အမာခံပါတီဝင်များလိုက်ပါ၍ ကျောင်းသားကျောင်းသူများ အန္တရာယ်ကင်းစွာစာသင်ကြားနိုင်ရေး အတွက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။