မြန်အောင်ပြည်ခိုင်ဖြိုးပါတီ အမာခံပါတီကေဒါများ ဆွေးနွေးပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး မြန် အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ကော်မတီဝင်များ အစည်းအဝေး ခန်းမတွင် ဇွန်လ (၃) ရက်နေ့က မြို့နယ် ပါတီကော်မတီများနှင့် တိုက်နယ် အလိုက် အမာခံပါတီကေဒါများ ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ပါတီဝင် အင် အားများတိုးပွားရေးအတွက်ဆောင် ရွက်နိုင်မည့်နည်းလမ်း များကို ဆွေးနွေးခြင်း၊ပါတီဝင်များ၏အခက်အခဲများကို ကူညီပေးနိုင်မည့်အစီအစဉ်များ ဆွေးနွေးခြင်း၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအလိုက် ပုံမှန်အစည်းအဝေးများ လစဉ် ပြုလုပ်၍ ပါတီဝင်များနှင့် စဉ်ဆက်မပြတ် ထိတွေ့နိုင်ရေး ဆွေးနွေးခြင်းနှင့် ပြည်သူများ၏ အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရေးတို့ကို ဆွေးနွေးပွဲတက်ရောက်လာသူများ ကအပြန်အလှန်ဆွေးနွေးခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ် Social Media On-Job Training သင်တန်းအမှတ်စဉ်(၁)ဖွင့်လှစ်

မြောက်ဥက္ကလာပမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီရုံးခန်းမတွင် ဇွန်လ (၄) ရက် နံနက် ၉ နာရီက Social Media On-Job Training သင်တန်း အမှတ်စဉ်(၁)ဖွင့်ပွဲ ကျင်းပရာ ပါတီဗဟိုကော်မတီဝင် ဦးတင်အောင်၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ပါတီအတွင်း ရေးမှူး ဦးစိန်မြင့်နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြောက်ဥက္ကလာပမြို့နယ် ပါတီ အတွင်းရေးမှူး ဦးခင်မောင်မြင့်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်များမှ စည်းရုံးရေးမှူးနှင့် ကော်မတီဝင် များတက်ရောက်သည်။

တနင်္သာရီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဖားချောင်းကျေးရွာအုပ်စု ပါတီကေဒါများရွေးချယ်ပွဲတက်ရောက်

တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံ ပေါက်ဒေသ ဖားချောင်းကျေးရွာ အုပ်စု တောင်ရင်းအင်းကျေးရွာရှိ ပါတီဝင် ဦးတင်အေးနေအိမ်၌ ဇွန်လ (၃) ရက် နံနက် (၁ဝ ) နာရီတွင် ကျေးရွာအုပ်စုအမာခံပါတီကေဒါ များရွေးချယ်တင်မြှောက်ပွဲကျင်းပရာ ရှေးဦးစွာ ပါတီဗဟိုကော်မတီဝင် တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးဦးကျော်ဝင်း (၁) တက်ရောက်အားပေးကာ ပါတီ ဌာနချုပ်၏လမ်းညွှန်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ၏ (၂၃)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ၏ (၂၃)ကြိမ်မြောက် သွေး လှူဒါန်းပွဲကို ဇွန်လ (၄) ရက် နံနက် (၉) နာရီက ရန်ကုန်ပြည်သူ့ဆေးရုံကြီး အမျိုးသားသွေးလှူဌာန၌ ကျင်းပခဲ့ရာ သွေးလှူဒါန်းပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးသာဝင်း တက်ရောက် အမှာစကား ပြောကြားပြီး ကျန်းမာ ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ရန်ကုန်အမျိုးသားသွေး ဌာနတာဝန်ခံဆရာဝန်ကြီး ဒေါက်တာ ဒေါ်သီတာအောင်က သွေးလှူဒါန်းသည့် ပြည်ခိုင်ဖြိုးပါတီဝင်များအား ကျေးဇူးတင်စကားပြန် လည်ပြောကြားခဲ့သည်။

မြန်အောင်ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးတွေ့ဆုံပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တိုက်နယ်များရှိ ပါတီဝင် အမျိုးသမီးများ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ဇွန်လ (၃) ရက်က မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပ ခဲ့ရာ ဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးသူ များအဖြစ် ဖျာပုံခရိုင် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဒေါ်နန့်ဥမ္မာမြနှင့် မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် ဒေါ်ယဉ်မြတ်သူတို့က ဆောင်ရွက်ခဲ့ကြသည်။

ပြည်ခရိုင်/ မြို့နယ်ပါတီကော်မတီဝင်များ ရပ်/ကျေးအုပ်စုမှ အမာခံများနှင့် တွေ့ဆုံ

ပြည်မြို့နယ် ပြည်ခိုင်ဖြိုးရုံးခန်းမတွင် ဇွန်လ (၅) ရက် မွန်းလွဲ (၁) နာရီက ကျင်းပသော တွေ့ဆုံပွဲ၌ ပြည်ခရိုင်ပါတီကော်မတီဝင် ဒေါ်ဆွေဆွေသင်း၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဒေါ်ဇွန်မွန်မြင့်တို့သည် မြို့နယ်ပါတီကော်မတီဝင်များနှင့်အတူ အသစ်ပြန်လည် ဖွဲ့စည်း ပြီးသော ရပ်/ကျေး (၆၉) အုပ်စုမှ အမာခံ၊ ဒုအမာခံများနှင့် တွေ့ဆုံခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးနှင့် တိုင်းကော်မတီဝင်များ ပြန်လည် ပြင်ဆင် ရွေးချယ်ရေး ကော်မတီအဖွဲ့ဝင်များတွေ့ဆုံ

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးနှင့် ပြန်လည်ပြင်ဆင်ရေး ကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲကို ဇွန်လ (၃) ရက် နံနက် (၈) နာရီခွဲအချိန်က မိတ္ထီလာခရိုင် ပြည်ခိုင်ဖြိုး ပါတီရုံး ရိပ်သာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး ခြင်ဆေးဖျန်းခြင်းဆောင်ရွက်ပေး

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီမှ အတွင်းရေးမှူး ဦးသိန်းထွန်းဦး၊ မြို့နယ်ပါတီ ကော်မတီဝင်များဖြစ်ကြသော ဒေါ်စောမြိုင်၊ ဦးဇော်အောင်ထက်၊ မှန်တန်းရပ်ကွက် ပါတီ ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ သည် ဇွန်လ (၅) ရက် နေ့လည်ပိုင်းက မှန်တန်းရပ်ကွက်၊ စံပြကွက်သစ် အလယ်တန်းကျောင်း(ခွဲ)ရှိ စာသင်ကျောင်းဆောင်များ၊ ရေဆိုးမြောင်းများ၊ ခြုံပုတ်များအား သွေးလွန် တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်းဆောင်ရွက်ခဲ့ပါသည်။

ပြင်ဦးလွင်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေး ဆောင်ရွက်

ပြင်ဦးလွင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ် ပါတီ ကော်မတီဝင်များ ဖြစ်ကြသော ဦးခင်မောင်ဝင်း၊ ဦးသိန်းဆွေ၊ ဦးခင်မောင်အေး၊ ဒေါ်ဝင်းဝင်းမွန်တို့သည် ယနေ့ ဇွန်လ (၃) ရက် နံနက် (၁၀) နာရီအချိန်က ပန်းတိုင်ဓမ္မာရုံတွင် ပြုလုပ်သော ရပ်ကွက်ကြီး (၁) ပြန်လည် ပြင်ဆင်ဖွဲ့စည်းရေးအစည်းအဝေးသို့ တက်ရောက်၍ ပြင်ဆင်ဖွဲ့စည်းရေးဆောင်ရွက်ပေးခဲ့သည်။

တိုင်းပါတီအတွင်းရေးမှူးနှင့် မိတ္ထီလာမြို့နယ် ပါတီကော်မတီဝင်များ ပါတီလုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေး

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးနှင့် တိုင်းပါတီ ကော်မတီဝင်များ၊ ပါတီပြန်လည်ပြင်ဆင် ရွေးချယ်ရေးကော်မတီအဖွဲ့ဝင်များသည် ယနေ့ ( ဇွန်လ ၃ ရက်) နံနက်ပိုင်း က မိတ္ထီလာမြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ၍ ရပ်ကျေးညီလာခံများ ဆောင်ရွက်မှုပြီးစီးမှု အခြေအနေတို့ကိုလည်းကောင်း၊ မြို့နယ်အဆင့် ခရိုင် အဆင့်တို့အား ရွေးချယ်သွားမည့် လုပ်ငန်းရပ်များအားလည်းကောင်း အသေးစိပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။