ကျောက်ဆည်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီကေဒါဖွဲ့စည်းမျက်နှာစုံညီအစည်းအဝေးကွင်းဆင်းဆောင်ရွက်`

မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှအဖွဲ့ (၁)ခေါင်းဆောင် ပြည်ခိုင်ဖြိုး အတွင်းရေးမှူး ဦးသန်းထွန်းနှင့် အဖွဲ့ဝင်သုံးဦးတို့သည် ယခုလ ၄ ရက် နံနက် ၈ နာရီတွင် ရဲယမန်း သမန်းသာ၊ ရဲရွာ၊ ကြောင်ရွာ၊ သရက်ပင်ကျေးရွာ တောင်တန်း ဒေသများသို့ ပါတီဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းအခန်း(၄) အပိုဒ်(၆)အရ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ပါတီ ကေဒါဖွဲ့စည်းခြင်း မျက်နှာစုံညီ အစည်းအဝေးကျင်းပခြင်းများ ပြု လုပ်ခဲ့ကြကြောင်းသိရသည်။

လစဉ်ပုံမှန်စည်းဝေး ရွေးချယ်ခံရသော ရပ်ကွက် ပါတီကော်မတီဝင်များ ကတိသစ္စာပြု

ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် လစဉ်ပုံမှန်အစည်းအဝေးနှင့် ရပ်ကွက်များမှ ရပ်ကွက်ပါတီ ကော်မတီဝင်အဖြစ် ရွေးချယ်ခံရသောပုဂ္ဂိုလ်များက ကတိသစ္စာပြုအခမ်းအနားကို ဇွန်လ (၅) ရက် နံနက် (၉) နာရီတွင် စုစုပေါင်း အင်အား (၁၄ဝ) ဖြင့် ကျင်းပခဲ့သည်။

ပဲခူးတိုင်းဒေသကြီး သဲကုန်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင်များကို ဘီပိုးကာကွယ်ဆေးအခမဲ့ထိုးပေး

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့နယ် ပြည်သူ့ဆေးရုံ တွင် ယမန်နေ့က မြို့နယ်ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဒေါ်ဥမ္မာ မို့မို့ဇော် ဦးဆောင်အဖွဲ့သည် ပါတီဝင်နှင့်မိသားစုများ ထာဝရ ကျန်းမာကြံ့ခိုင်ကျန်းမာနေစေရန်အတွက် ဘီပိုးကာကွယ်ဆေးများကို ပါတီဝင်နှင့်မိသားစု ၆၅ဦးတို့အား အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆေးထိုးနှံခြင်းလုပ်ငန်းကို သဲကုန်းမြို့နယ် ဆရာဝန်ကြီး ဒေါက်တာထွန်းထွန်းစိုး၊ ဆရာဝန်၊ သူနာပြုနှင့်ဆေးရုံဝန်ထမ်းများက အားဖြည့်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုးတင်မြင့်(ရွှေကြို့မြေ)

ဇီးကုန်းပြည်ခိုင်ဖြိုးပါတီ ပါတီကေဒါများရွေးချယ်

ပဲခူးတိုင်းဒေသကြီးသာယာဝတီခရိုင် ဇီးကုန်းမြို့နယ်ပါတီရုံးတွင် ယခုလ ၃ ရက်တွင် တိုင်းဒေသ ကြီး အတွင်းရေးမှူးဦးအောင်ချိုဦး၊ တိုင်းဒေသကြီးကော်မတီဝင် ဦးသန်းဇော်ထွန်း၊သာယာဝတီခရိုင် အတွင်းရေးမှူးဦးသိန်းဇော်၊ ခရိုင်ကော်မတီဝင်များနှင့် မြို့နယ်ကော်မတီဝင်များ အစည်းအဝေးပြုလုပ် ခဲ့သည်။ အစည်းအဝေးတွင် ပါတီကေဒါများရွေးချယ်မှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးအတွင်းရေးမှူးက အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

မျိုးဇော်ထွန်း(ဇီးကုန်း)


ပြည်နယ်ပါတီကော်မတီဝင်နှင့်အဖွဲ့ ကျောင်းသား/သူများအတွက် စာရေး ကရိယာနှင့် ထီးများ သွားရောက်လှူဒါန်း

 

ရှမ်းပြည်နယ် (အရှေ့ ပိုင်း) တာချီလိတ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်နယ် အလုပ်အမှုဆောင် ကော်မတီဝင် ဒေါ်တင်မေထွန်း၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးစိုင်းရွှေထွန်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ စည်းရုံးရေးမှူးများနှင့် အဖွဲ့သည် ဇွန်လ (၅) ရက်က တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စုအတွင်းရှိ ဝမ်မုံရွာ၊ ဆီလီမွန်းရွာ၊ မော်တီရွာများရှိ ကျောင်းသား/သူ (၁၉)ဦးတို့အား စာရေးကရိယာများ နှင့် ထီးများ သွားရောက် လှူဒါန်းပေးခဲ့ကြသည်။

ပေါင်းတည်ပြည်ခိုင်ဖြိုးမှ အသည်းရောင်အသားဝါ (ဘီ) ပိုးကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေးသွားမည်

ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်သည်ဆိုသော ကျန်းမာရေး ဆောင်ပုဒ်နှင့်အညီ ပေါင်းတည်မြို့နယ်အတွင်းရှိ မိဘပြည်သူများ အသည်းရောင် အသားဝါ (ဘီ) ပိုးကာကွယ်ဆေးများကို သတ်မှတ်အကြိမ်ရေ (၄)ကြိမ်လုံး အခမဲ့ထိုးနှံပေးသွားမည့် အစီအစဉ်အား ပေါင်းတည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒါနပြု ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး ဆေးထိုးခြင်းများအား တတ်ကျွမ်းပညာရှင်များမှ လုပ်အားဒါနဖြင့် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
ပထမအကြိမ်အဖြစ် လူဦးရေ (၁၀၀) ထိသာ ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ် ပါသဖြင့် ပေါင်းတည်မြို့ မင်းကွက် (၃) ရပ်ကွက် ရွှေတောင်လမ်းရှိ မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးသို့ ဇွန်လ (၇) ရက်နေ့ နံနက် (၈) နာရီအရောက် လာရောက်စာရင်းပေးသွင်း၍ အခမဲ့ ကာကွယ်ဆေးထိုးနိုင်ပါကြောင်း လေးစားစွာဖြင့် အသိပေးကြေငြာထားကြောင်း သိရသည်။
‪#‎MyoMinZaw‬

ပေါင်းတည်ပြည်ခိုင်ဖြိုးမှ အသည်းရောင်အသားဝါ (ဘီ) ပိုးကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေးသွားမည်

ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်သည်ဆိုသော ကျန်းမာရေး ဆောင်ပုဒ်နှင့်အညီ ပေါင်းတည်မြို့နယ်အတွင်းရှိ မိဘပြည်သူများ အသည်းရောင် အသားဝါ (ဘီ) ပိုးကာကွယ်ဆေးများကို သတ်မှတ်အကြိမ်ရေ (၄)ကြိမ်လုံး အခမဲ့ထိုးနှံပေးသွားမည့် အစီအစဉ်အား ပေါင်းတည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒါနပြု ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး ဆေးထိုးခြင်းများအား တတ်ကျွမ်းပညာရှင်များမှ လုပ်အားဒါနဖြင့် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

ကျောက်မဲပြည်ခိုင်ဖြိုး ပြင်ဆင်ဖွဲ့စည်းခြင်းဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြင်ဆင်ဖွဲ့စည်းခြင်းကို ယနေ့ (ဇွန်လ ၆) ရက် နံနက် (၉) နာရီအချိန်တွင် မြို့နယ်ပါတီရုံး ခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ပါတီကော်မတီဝင် ဦးစိုင်းနော်ခမ်းဦး၊ ခရိုင်ပါတီအတွင်းရေးမှူး နှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ မြို့နယ်ပါတီနာယကများနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကျေးစည်းမှူးများ တက်ရောက်ကြကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ခရိုင် မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့လုပ်ငန်းညှိနှိုင်းဆွေးနွေး

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမအတွင်း ဇွန်လ (၄) ရက်နေ့ နံနက် (၁၁) နာရီက တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်ချိုဦး၊ ခရိုင်အတွင်းရေးမှူး ဦးသိန်းဇော်တို့သည် ကော်မတီဝင်များ၊ အဖွဲ့ဝင်များ လိုက်ပါလျက် လက်ပံတန်းမြို့နယ်မှ ခရိုင်ပါတီကော်မတီဝင် ဒေါ်အေးအေးခိုင်(မြို့နယ်ပါတီ ယာယီ အတွင်းရေးမှူး) နှင့် မြို့နယ်ပါတီကော်မတီဝင်များအား တွေ့ဆုံကာ ပါတီတွင်း လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

သဲကုန်းပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ခရိုင်ကော်မတီဝင်များ အမာခံကေဒါများနှင့်တွေ့ဆုံ

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ဇွန်လ (၅) ရက် နံနက် ၁ဝနာရီခွဲက ပြုလုပ်သောတွေ့ဆုံပွဲ၌ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးစိုးအောင် နှင့် ခရိုင်ပါတီကော်မတီဝင် ဦးသန်းဇော်တို့ သည် သဲကုန်းမြို့နယ်အတွင်း အသစ်ပြန်လည် ဖွဲ့စည်းပြီးသော အမာခံ(ကေဒါ)များနှင့်တွေ့ဆုံကာ လုပ်ငန်းညှိနှိုင်းအကြိုဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရ၏။