သံတွဲခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးရဲ့ အလှူဒါန

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်နှင့် သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌနှင့် ပါတီဝင်များ အလှူရှင်များ စုပေါင်း၍ ဒုတိယအကြိမ် လှူဒါန်းမှုအဖြစ် ဇွန်လ (၁၄) ရက် နေ့လည် (၃) နာရီအချိန်က ရေကောက် ကျေးရွာအုပ်စု ပုရစ်ကျေးရွာနှင့် ရေကောက်ကျေးရွာသို့ သွားရောက်၍ အဝတ်အထည်၊ ဆားအိတ်များနှင့် မုန့်ခြောက် ကျပ် (၃) သိန်းဖိုးအား သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ကြံခင်းပြည်ခိုင်ဖြိုး ရေကြီးနစ်မြုပ်ဒေသများတွင် ကူညီရေးလုပ်ငန်းများဆောင်ရွက်

ကြံခင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မိုးရေချိန်မြင့်တက် လာမှုနှင့် ချောင်းရေလျှံမှုများကြောင့် ယခုလ ၁၁ရက်မှစတင်ပြီး လူနေအိမ်အဆောက်အအုံများသာမက စာသင်ကျောင်းများလည်း ရေကြီးနစ်မြုပ်ခဲ့ရသည်။

ယခုအခါတွင် ရေများပြန်လည်ကျဆင်းသွားပြီဖြစ်ရာ ကျောင်း သားကျောင်းသူများ အချိန်မီပညာပြန်လည်သင်ကြားနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်အတွင်းရေးမှူး ဦးမျိုးမင်းထွဋ် ဦးဆောင်သော မြို့နယ်ပါတီကော်မတီဝင်များနှင့် ခုံကြီးကျေးရွာအုပ်စုမှ ရပ်/ကျေး ပါတီကော်မတီဝင်များသည် ကြံခင်းမြို့နယ် မီးသတ်တပ်ဖွဲ့၏ အကူ အညီကိုရယူကာ ခုံကြီးကျေးရွာအုပ်စု (အလကမြောင်ကြီး)ရှိ ရေကြီး နစ်မြုပ်စဉ်က တင်ကျန်ခဲ့သောနုန်းနှင့် ရွှံ့ညွန်များကို ဆေးကြော သန့်စင်ပေးခဲ့ကြသည်။

မိုးကြီးရေလျှံသောနေရာတချို့တွင် ပြည်ခိုင်ဖြိုးပါတီမှထမင်းထုပ်များလှူဒါန်း

 

ပြည်ခရိုင်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပြည်မြို့ ရွာဘဲနယ်မြေ စည်ကြီးဆွဲရပ်ကွက်တောင်ပိုင်းတွင် ရေများဝင်ရောက် ခဲ့မှုကြောင့် ရပ်ကွက်တွင်းရှိ အိမ်ခြေ ၃၇လုံးမှ ပြည်သူများအတွက် ယခုလ ၁၁ ရက် ညနေပိုင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ပြည်ခရိုင်ကော်မတီဝင်များနှင့် မြို့နယ်ကော်မတီဝင်တို့က အဆိုပါနေအိမ် ၃၇ လုံးရှိ မိသားစုဝင်များအတွက် ညစာထမင်း ထုပ်များ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကျောက်ဆည်ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေး ကေဒါခေါင်းဆောင်တာဝန်ပေးအပ်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေး ပါတီကေဒါခေါင်းဆောင် တာဝန် ပေးအပ်ပွဲအခမ်းအနားကို ဇွန်လ (၁၃) ရက် နံနက် (၉) နာရီက မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါတာဝန်ပေးအပ်ပွဲအခမ်း အနားသို့ ကျောက်ဆည်ခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်မြင့်သန်း၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးသန်းထွန်း နှင့် ပါတီကော်မတီဝင် နယ်မြေတာဝန်ခံများ၊ ရပ်/ကျေးပါတီကေဒါ ခေါင်းဆောင်များနှင့် အင်အား(၁၂ဝ) ဦး တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌဦးဌေးဦး NDI မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌဦးဌေးဦးအား တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်တော့မည့် Dr.Richard A.Nuccio,Ph.D. မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် (National Democratic Institute)နှင့်အဖွဲ့သည် ယခုလ ၁ဝ ရက် နံနက် ၈ နာရီက နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရုံး ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံသည်။

တောင်ကုတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေး

Taung Goat4

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ဇွန်လ (၁၃) ရက်နေ့က မြို့နယ်ပါတီရုံး ခန်းမ၌ ကျင်းပပြုလုပ်ရာ ဗဟိုကော်မတီဝင် ပြည်နယ်ပါတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းဝေ၊ ပြည်နယ်ပါတီကော်မတီဝင် ဦးထွန်းဝေ၊ သံတွဲခရိုင် ပါတီ ဥက္ကဋ္ဌ ဦးဖိုးရီအောင်၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်/ကျေး ကိုယ်စားလှယ်များ စုစုပေါင်း (၇၉) ဦး တက်ရောက်ခဲ့ကြသည်။ (more…)


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ဟင်္သာတမြို့ နတ်မှော်ကျေးရွာအုပ်စု ကျုံတွမ်ရွာနှင့် ပြာကတတ် ကျေးရွာများမှ ရပ်မိရပ်ဖများ ရပ်/ကျေးစည်းရုံးရေးမှူးများနှင့် တွေ့ဆုံ

P1040059

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌဦးဌေးဦး သည် ယခုလ (၈) ရက် နံနက် (၁ဝ) နာရီက ဟင်္သာတခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအလုပ် အမှုဆောင်များ၊ ဟင်္သာတမြို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူးနှင့် အလုပ်အမှု ဆောင်များနှင့်အတူ ဟင်္သာတမြို့ နတ်မှော်တိလောကဥသျှောင် ရှင် သာလျောင်းဘုရားကြီးသို့ရောက်ပြီး ဘုရားကြီးအား သွားရောက်ဖူး မြော်ကြည်ညိုကြသည်။ ၄င်းနောက် နတ်မှော်ကျေးရွာအုပ်စု ကျုံတွမ် ရွာနှင့် ပြာကတတ်ကျေးရွာများမှ ရပ်မိရပ်ဖများ၊ ရပ်/ကျေးစည်းရုံး ရေးမှူးများနှင့်တွေ့ဆုံသည်။ (more…)


ပြည်ခိုင်ဖြိုပါတီဥက္ကဌဦးသိန်းစိန် ပုသိမ်မြို့ရွှေမုဋ္ဌောစေတီတော်သို့ သွားရောက်ဖူးမျှော်

13434701_548422678671071_6381486357571605354_n 13394104_548422698671069_7286541215509874534_n

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့သို့ ရောက်ရှိနေသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသိန်းစိန်၊ ဒုဥက္ကဋ္ဌ ဦးဌေးဦးနှင့် ပါတီဗဟိုကော်မတီဝင်များသည် ဇွန်လ (၁၃) ရက်နေ့ ညနေ (၆) နာရီခွဲအချိန်က ပုသိမ်မြို့ ရွှေမုဋ္ဌောစေတီတော်သို့ သွားရောက်ဖူးမြော်၍ ဆီးမီး၊ ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်ခဲ့ကြောင်း သိရှိရသည်။ခဲ့ကြောင်း သိရသည်။

(more…)


ကျိုက်မရောမြို့နယ်ပြည်ခိုင်ဖြိုး လပတ်ပုံမှန် ညှိနှိုင်းအစည်းအဝေး ပြုလုပ်

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လပတ်ပုံမှန် ညှိနှိုင်း အစည်းအဝေးကို ဇွန်လ (၁၃)ရက်နေ့ နံနက် (၁၁) နာရီချိန်မှ မွန်းတည့်(၁၂) နာရီချိန်ထိ မြို့နယ် ပါတီရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)တွင် ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်(အရှေ့ပိုင်း)ခရိုင် ဒဂုံမြို့သစ်(အရှေ့ ပိုင်း)မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ဒေသ အတွင်း ပြည်သူ့အကျိုးပြုဆောင်ရွက်ချက်များကို အစဉ်တစိုက်ပြုလုပ် ဆောင်ရွက်လျက်ရှိသည်။