မိုးညှင်းပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်ကျေးရွာအုပ်စု မျက်နှာစုံညီအစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်ကျေးရွာအုပ်စု မျက်နှာစုံညီအစည်းအဝေးကို ဇွန်လ (၁၅) ရက် နေ့လည် (၁) နာရီအချိန်က မြို့နယ်ပါတီရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်တာဝန်ခံ ဦးကျော်စိုးလေး၊ သဘာပတိ၊ ခရိုင်ပါတီအတွင်းရေးမှူး၊
ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီအတွင်းရေးရေးမှူးနှင့် ပါတီကော်မတီဝင်များ (၄၆)အုပ်စုမှ အုပ်စု (ပ) ခေါင်းဆောင်၊ (ဒု)ခေါင်းဆောင်များ၊ လူငယ်ကေဒါများ စုစုပေါင်းအင်အား (၁၁၅)ဦး တက် ရောက်ခဲ့ကြသည်။

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန် ဧရာဝတီတိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသိန်းစိန်၊ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ ဧရာဝတီတိုင်း ဒေသကြီးတာဝန်ခံ ဗဟိုအလုပ်အမှုဆောင် ဦးသိန်းအောင်၊ ဗဟိုအလုပ်အမှုဆောင် ဦးသန်းဌေး၊ ဦးစိုးနိုင်၊ ဦးခင်ရီနှင့် ဦးခင်မောင်စိုး၊ ဦးအုန်းမြင့်၊ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းတို့သည် ဇွန်လ (၁၄ ရက်နေ့ မွန်းလွဲ (၁) နာရီက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ တိုင်း ဒေသကြီး၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်၊ ပါတီဝင်များနှင့်တွေ့ဆုံပြီး လမ်းညွှန်အမှာစကား ပြောကြားသည်။

ရေတာရှည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေး ကျင်းပပြီးစီး

ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ ရေတာရှည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးကို ဇွန်လ (၁၅) ရက် နံနက်ပိုင်းက မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တောင်ငူခရိုင်ပါတီ အတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊ သဘာပတိကြီးနှင့် ရေတာရှည်မြို့နယ် ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု (၅၉)အုပ်စုမှ စည်းရုံးရေးမှူးနှင့် ဒုတိယခေါင်းဆောင်များ စုံညီစွာတက်ရောက်ခဲ့ကြသည်။

မအူပင်ပြည်ခိုင်ဖြိုးပါတီ ခြင်ဆေးဖျန်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လူငယ်များ စုပေါင်း၍ မအူပင်မြို့တွင် ခြင်ဆေးဖျန်းမှုများကို လုပ်ကိုင်ခဲ့ကြောင်း မအူပင်ပြည်ခိုင်ဖြိုးပါတီမှ ကိုဝေယံက ပြောသည်။

မိုးရာသီဖြစ်သောကြောင့် ခြင်အန္တရာယ်နှင့် သွေးလွန်တုပ်ကွေး ကာကွယ်ရန်အတွက် ပြုလုပ်ပေး ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

သံတွဲခရိုင်နှင့် မြို့နယ်ပါတီ မျက်နှာစုံညီစည်းဝေးအတွက် တွေ့ဆုံမှာကြား

ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး ခန်းမ၌ ယနေ့ (ဇွန်လ ၁၅ ရက်) နံနက် (၉) နာရီအချိန်က ပြည်နယ်ပါတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းဝေမှ သံတွဲခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌ နှင့် ကော်မတီဝင်များနှင့် တွေ့ဆုံ၍ မြို့နယ်နှင့် ခရိုင်ပါတီ မျက်နှာစုံညီ အစည်းအဝေးပြုလုပ်ရန် လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေး ကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်းစည်းဝေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မျက်နှာစုံညီ အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့ (ဇွန်လ ၁၅ရက်) နံနက်(၉) နာရီ အချိန်က ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမမှာပြုလုပ်ခဲ့ရာ ပြည်နယ်ပါတီ ဥက္ကဋ္ဌ ဦးလဂျွန်ငန်ဆိုင်း၊ ပြည်နယ် ပါတီအတွင်းရေးမှူး ဦးရားဝမ်ဂျုံ နှင့် ပြည်နယ်ပါတီကော်မတီဝင်များ၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ် ကော်မတီဝင်များ၊ ကြီးကြပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဆေးကုသမှုခံယူနေသော ဝေဒနာရှင်များနှင့် တာဝန်ကျ ဆရာ၊ ဆရာမ များအား အာဟာရဒါနပြု

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဖွဲ့စည်းထားရှိသော ဖြိုးစေတနာရှင် လူမှုကူညီရေးအဖွဲ့မှ သီပေါမြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်အောင် နှင့် ဖြိုးစေတနာရှင် ဥက္ကဋ္ဌ ဦးစိုင်းရန်နိုင်အေးတို့ ဦးဆောင်၍ ဇွန်လ (၁၂) ရက် နံနက် (၆) နာရီခွဲအချိန်က သီပေါမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ ဆေးကုသမှုခံယူနေသော ဝေဒနာရှင် များနှင့် တာဝန်ကျ ဆရာ၊ ဆရာမများ၊ ၀န်ထမ်းများအား နွားနို့ နှင့် ပေါင်မုန့် ကိတ်မုန့် အစရှိသည့် အာဟာရများ ဒါနပြုလှူဒါန်းခဲ့ကြောင်း သိရသည်။

မဘိမ်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မဘိမ်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးကို ဇွန်လ(၁၄) ရက် နံက် (၉) နာရီအချိန်က မြို့နယ်ပါတီရုံး၌ ကျင်းပ ပြုလုပ်ခဲ့ပြီး မြို့နယ်ပါတီ ဥက္ကဋ္ဌအဖြစ် ဦးဇော်လွင်၊ အတွင်းရေးမှူးအဖြစ် ဦးတင်ဝယ်၊ ဘဏ္ဍာရေးမှူး အဖြစ် ဦးဇော်မင်းနောင် နှင့် ပါတီကော်မတီဝင် (၁၂) ဦးတို့ကို အသီးသီး ရွေးချယ်အတည်ပြုခဲ့ကြောင်း သိရသည်။

တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီ မျက်နှာစုံညီစည်းဝေးကျင်းပနိုင်ရေး တွေ့ဆုံ ဆွေးနွေး

တနင်္သာရီတိုင်းဒေသကြီး၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်ပါတီ မျက်နှာစုံညီ အစည်းအဝေး ကျင်းပပြုလုပ်နိုင် ရေးနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲကို ဇွန်လ (၁၃) ရက် နံနက် (၁၀) နာရီအချိန်က ထားဝယ်မြို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်မး၌ ပြုလုပ်ခဲ့ရာ ပါတီ ဗဟိုအရံကော်မတီဝင် ဦးသန်းအောင်က မျက်နှာစုံညီအစည်းအဝေးများ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ထားမှုကို ရှင်းလင်းပြောကြားခဲ့သည်။

ဗဟိုကော်မတီဝင်နှင့်အဖွဲ့ ပညာသင်စရိတ် ပံ့ပိုးလှူဒါန်း

ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟို ကော်မတီဝင် ဦးလူရယ်ဘိုးလူနှင့် ပြည်နယ်ပါတီကော်မတီဝင် ဦးကျော်မြင့်၊ ဦးအောင်ဆန်း၊ ဦးတင်ဦး၊ လွိုင်ကော်ခရိုင်ပါတီ အတွင်းရေးမှူး ဦးသိန်းဇော်၊ လွိုင်ကော်မြို့နယ်ပါတီ ကော်တီဝင် ဦးမောင်ရွှေ၊ ဦးလင်းမြတ်ဦး၊ ဦးကူးရယ် နှင့် ပြည်နယ်ပါတီရုံးအဖွဲ့တို့သည် ဇွန်လ (၁၄) ရက် နံနက် (၁၀) နာရီခွဲ အချိန်က လွိုင်ကော်မြို့၊ ခလရ-၅၄ တပ်ရင်းသို့ သွားရောက်ပြီး တပ်ကြပ် စောသောဒေါ၏ သမီး နောထူးဖော (ခ) နော်ဒါးခု (လက်နှစ်ဖက်မပါ) သည် ၂၀၁၅-၂၀၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းကို အောင်မြင်ခဲ့သည့် အတွက် ငွေကျပ် (၁၅၀၀၀၀ိ/-) သွားရောက် ပံ့ပိုး ပေးခဲ့ကြောင်း သတင်း ရရှိသည်။