MNA ေလေၾကာင္းလိုင္းမွ ခရီးစဥ္သစ္အျဖစ္ ရန္ကုန္-ပုသိမ္-ေညာင္ဦး-မႏၲေလးခရီးစဥ္မ်ား တိုးခ်ဲ႕ပ်ံသန္းမည္

ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း (MNA)မွ ခရီးစဥ္သစ္အျဖစ္ ရန္ကုန္-ပုသိမ္-ေညာင္ဦး-မႏၲေလး ခရီးစဥ္မ်ားကို ေအာက္တိုဘာ (၁၃)ရက္မွ စတင္၍ ပ်ံသန္းေျပးဆြဲေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ရန္ကုန္-ပုသိမ္-ေညာင္ဦး- မႏၲေလး ခရီးစဥ္ကို ေအာက္တိုဘာ(၁၃)ရက္တြင္ ရန္ကုန္မွ နံနက္ (၆)နာရီခြဲ ထြက္ခြာၿပီး ပုသိမ္သို႔ နံနက္ (ရး)နာရီ (၁၀)မိနစ္တြင္လည္းေကာင္း၊ ပုသိမ္မွ နံနက္ (၇)နာရီ (၂၅)မိနစ္တြင္ ထြက္ခြာၿပီး ေညာင္ဦးသို႔ (၉) နာရီ (၁၀) မိနစ္တြင္လည္းေကာင္း၊ ေညာင္ဦးမွ နံနက္ (၉) နာရီ (၂၅)မိနစ္တြင္ ထြက္ခြာၿပီး မႏၲေလးသို႔ နံနက္ (၁၀)နာရီတြင္လည္းေကာင္း ပ်ံသန္းေျပးဆြဲသြားမည္ျဖစ္သည္။
ေအာက္တိုဘာ (၁၄) ရက္တြင္ မႏၲ‌ေလး-‌ေညာင္ဦး-ပုသိမ္ – ရန္ကုန္ခရီးစဥ္မ်ားကို မႏၲေလးမွ ေန႔လည္ (၃) နာရီတြင္ ထြက္ခြာၿပီး ေညာင္ဦးသို႔ ညေန (၃)နာရီ (၃၅)မိနစ္တြင္လည္းေကာင္း၊ ေညာင္ဦးမွ ညေန (၃)နာရီ (၅၀)မိနစ္တြင္ ထြက္ခြာၿပီး ပုသိမ္သို႔ ညေန (၅)နာရီ (၃၅)မိနစ္တြင္လည္းေကာင္း၊ ပုသိမ္မွ ညေန (၅)နာရီ (၅၀)မိနစ္တြင္ ထြက္ခြာၿပီး ရန္ကုန္သို႔ ညေန (၆)နာရီ (၃၀)မိနစ္တြင္ ေရာက္ရွိမည္ျဖစ္ေၾကာင္း သိရသည္။
ေလယာဥ္လက္မွတ္ခ ႏွုန္းထားမ်ားအေနျဖင့္ ရန္ကုန္မွ ပုသိမ္သို႔ က်ပ္ (၂၅၀၀၀၀)၊ ပုသိမ္မွ ေညာင္ဦးသို႔ က်ပ္ (၂၈၀၀၀၀)၊ မႏၲေလးမွ ေညာင္ဦးသို႔ က်ပ္ (၂၀၀၀၀၀)၊ ရန္ကုန္မွ ေညာင္ဦးသို႔ က်ပ္ (၂၉၀၀၀၀) သတ္မွတ္ထားေၾကာင္း သိရသည္။


MNA လေကြောင်းလိုင်းမှ ခရီးစဉ်သစ်အဖြစ် ရန်ကုန်-ပုသိမ်-ညောင်ဦး-မန္တလေးခရီးစဉ်များ တိုးချဲ့ပျံသန်းမည်
======================
မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)မှ ခရီးစဉ်သစ်အဖြစ် ရန်ကုန်-ပုသိမ်-ညောင်ဦး-မန္တလေး ခရီးစဉ်များကို အောက်တိုဘာ (၁၃)ရက်မှ စတင်၍ ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်-ပုသိမ်-ညောင်ဦး- မန္တလေး ခရီးစဉ်ကို အောက်တိုဘာ(၁၃)ရက်တွင် ရန်ကုန်မှ နံနက် (၆)နာရီခွဲ ထွက်ခွာပြီး ပုသိမ်သို့ နံနက် (ရး)နာရီ (၁၀)မိနစ်တွင်လည်းကောင်း၊ ပုသိမ်မှ နံနက် (၇)နာရီ (၂၅)မိနစ်တွင် ထွက်ခွာပြီး ညောင်ဦးသို့ (၉) နာရီ (၁၀) မိနစ်တွင်လည်းကောင်း၊ ညောင်ဦးမှ နံနက် (၉) နာရီ (၂၅)မိနစ်တွင် ထွက်ခွာပြီး မန္တလေးသို့ နံနက် (၁၀)နာရီတွင်လည်းကောင်း ပျံသန်းပြေးဆွဲသွားမည်ဖြစ်သည်။
အောက်တိုဘာ (၁၄) ရက်တွင် မန္တ‌လေး-‌ညောင်ဦး-ပုသိမ် – ရန်ကုန်ခရီးစဉ်များကို မန္တလေးမှ နေ့လည် (၃) နာရီတွင် ထွက်ခွာပြီး ညောင်ဦးသို့ ညနေ (၃)နာရီ (၃၅)မိနစ်တွင်လည်းကောင်း၊ ညောင်ဦးမှ ညနေ (၃)နာရီ (၅၀)မိနစ်တွင် ထွက်ခွာပြီး ပုသိမ်သို့ ညနေ (၅)နာရီ (၃၅)မိနစ်တွင်လည်းကောင်း၊ ပုသိမ်မှ ညနေ (၅)နာရီ (၅၀)မိနစ်တွင် ထွက်ခွာပြီး ရန်ကုန်သို့ ညနေ (၆)နာရီ (၃၀)မိနစ်တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
လေယာဉ်လက်မှတ်ခ နှုန်းထားများအနေဖြင့် ရန်ကုန်မှ ပုသိမ်သို့ ကျပ် (၂၅၀၀၀၀)၊ ပုသိမ်မှ ညောင်ဦးသို့ ကျပ် (၂၈၀၀၀၀)၊ မန္တလေးမှ ညောင်ဦးသို့ ကျပ် (၂၀၀၀၀၀)၊ ရန်ကုန်မှ ညောင်ဦးသို့ ကျပ် (၂၉၀၀၀၀) သတ်မှတ်ထားကြောင်း သိရသည်။