




ကိုရီးယားနိုင်ငံရှိ ဗုဒ္ဓဘာသာကျောင်းနှစ်ကျောင်းမှ ရေဘေးသင့်ဒေသများအတွက် ဝမ် ၅ သန်းလှူဒါန်း
=======================
မြန်မာနိုင်ငံရှိ ရေဘေးသင့်ဒေသများအတွက် ကိုရီးယားနိုင်ငံရှိ ဗုဒ္ဓဘာသာကျောင်းနှစ်ကျောင်းမှ ဝမ် ၅ သန်း ကို အောက်တိုဘာလ ၇ ရက်က ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့သို့လာရောက်လှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။

မြောင်ဆာဗုဒ္ဓဘာသာဘုရားကျောင်းမှ ဆရာတော် Venerable Chung Myung နှင့် Abbess Jeong In၊ ဒယ်ဂျုံဆာဗုဒ္ဓဘာသာဘုရားကျောင်းမှ Abbess Ja Woon တိုက အလှူငွေများကိုလှူဒါန်းရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်မှလက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရပါတယ်။

လက်ခံရရှိခဲ့တဲ့ အလှူငွေ ဝမ် ၅ သန်းကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ရေဘေးသင့်ဒေသများထံ ဆက်လက်ပေးပို လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရပါတယ်။