ရိုးရာဖိုက္တာ ထြန္းမင္းေအာင္ ဘရာဇီးနိုင္ငံသားျဖင့္ ယွဥ္ၿပိဳင္ထိုးသတ္မည္

လာမည့္ နိုဝင္ဘာလအတြင္း ရိုးရာဖိုက္တာ ထြန္းမင္းေအာင္အေနျဖင့္ ONE ကျပဳလုပ္မည့္ ပြဲစဥ္အတြင္း ဘရာဇီးနိုင္ငံ သားဖိုက္တာျဖင့္ ယွဥ္ၿပိဳင္ထိုးသ-တ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထြန္းမင္းေအာင္သည္ ယခု ထိုးသ-တ္မည့္ ပြဲစဥ္ႏွင့္ဆိုလၽွင္ ONE ကျပဳလုပ္သည့္ ပြဲစဥ္မ်ားအတြင္း (၃)ႀကိမ္‌ေျမာက္ ရွိၿပီျဖစ္သည္။
“ရက္ မသတ္မွတ္ရေသးဘူး။ ထိုးမယ့္သူကေတာ့ ဘရာဇီးနိုင္ငံသားပါ။ ထြန္းမင္းေအာင္ အခုေတာ့ ေလ့က်င့္ျပင္ဆင္ေနပါတယ္။ သူက အခုတစ္ႀကိမ္နဲ႔ဆို သုံးႀကိမ္ေျမာက္ပါ” ဟု အကိုေတာ္စပ္သူ အလြတ္တန္းခ်န္ပီယံ ရိုးရာဖိုက္တာ ထြန္းထြန္းမင္းက ေျပာသည္။
ထြန္းမင္းေအာင္သည္ ONE ၏ ပြဲစဥ္အတြင္း တစ္ပြဲရွုံး၊ တ စ္ပြဲနိုင္ ရလဒ္ကို ပိုင္ဆိုင္ထားၿပီး ေနာက္ဆုံးထိုးသတ္ခဲ့သည့္ပြဲစဥ္အတြင္း ၿပိဳင္ဘက္ျဖစ္သူကို အလဲထိုးကာ ခ်က္ထရီက ခ်ီးျမႇင့္သည့္ ဘတ္သုံးသိန္းခြဲကို ရရွိထားသူတစ္ဦးျဖစ္သ ည္။
ရိုးရာဖိုက္တာမ်ားအနက္ အသက္အငယ္ဆုံးျဖစ္ၾကသည့္ ထြန္းမင္းေအာင္ႏွင့္ သန႔္ဇင္တို႔မွာ ONE ၏ ေစာင့္ၾကည့္ျခင္းကို ခံ‌ေနရသည့္ ကစားသမားတြင္ ပါဝင္ေန သူမ်ားျဖစ္သည္။


ရိုးရာဖိုက်တာ ထွန်းမင်းအောင် ဘရာဇီးနိုင်ငံသားဖြင့် ယှဥ်ပြိုင်ထိုးသတ်မည်
==================
လာမည့် နိုဝင်ဘာလအတွင်း ရိုးရာဖိုက်တာ ထွန်းမင်းအောင်အနေဖြင့် ONE ကပြုလုပ်မည့် ပွဲစဉ်အတွင်း ဘရာဇီးနိုင်ငံ သားဖိုက်တာဖြင့် ယှဥ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းမင်းအောင်သည် ယခု ထိုးသ-တ်မည့် ပွဲစဉ်နှင့်ဆိုလျှင် ONE ကပြုလုပ်သည့် ပွဲစဉ်များအတွင်း (၃)ကြိမ်‌မြောက် ရှိပြီဖြစ်သည်။
“ရက် မသတ်မှတ်ရသေးဘူး။ ထိုးမယ့်သူကတော့ ဘရာဇီးနိုင်ငံသားပါ။ ထွန်းမင်းအောင် အခုတော့ လေ့ကျင့်ပြင်ဆင်နေပါတယ်။ သူက အခုတစ်ကြိမ်နဲ့ဆို သုံးကြိမ်မြောက်ပါ” ဟု အကိုတော်စပ်သူ အလွတ်တန်းချန်ပီယံ ရိုးရာဖိုက်တာ ထွန်းထွန်းမင်းက ပြောသည်။
ထွန်းမင်းအောင်သည် ONE ၏ ပွဲစဉ်အတွင်း တစ်ပွဲရှုံး၊ တ စ်ပွဲနိုင် ရလဒ်ကို ပိုင်ဆိုင်ထားပြီး နောက်ဆုံးထိုးသတ်ခဲ့သည့်ပွဲစဉ်အတွင်း ပြိုင်ဘက်ဖြစ်သူကို အလဲထိုးကာ ချက်ထရီက ချီးမြှင့်သည့် ဘတ်သုံးသိန်းခွဲကို ရရှိထားသူတစ်ဦးဖြစ်သ ည်။
ရိုးရာဖိုက်တာများအနက် အသက်အငယ်ဆုံးဖြစ်ကြသည့် ထွန်းမင်းအောင်နှင့် သန့်ဇင်တို့မှာ ONE ၏ စောင့်ကြည့်ခြင်းကို ခံ‌နေရသည့် ကစားသမားတွင် ပါဝင်နေ သူများဖြစ်သည်။