ဆက္ဇနီကို ဘာစီလိုနာအသင္း တရားဝင္ေခၚယူ

အသင္းရဲ့အဓိကဂိုးသမား တာစတီဂန္ ဒဏ္ရာရရွိခဲ့ၿပီးေနာက္ ဂိုးသမားသစ္တစ္ေယာက္ကို ရွာေဖြေနခဲ့တဲ့ ဘာစီလိုနာအသင္းဟာ ပိုလန္ဂိုးသမား ဆက္ဇနီကို ေခၚယူနိုင္ခဲ့ၿပီျဖစ္ေၾကာင္း ေအာက္တိုဘာလ(၂)ရက္ေန႔မွာ တရားဝင္ေၾကညာခဲ့ပါတယ္။ တာစတီဂန္ဟာ ဗီလာရီးရဲလ္အသင္းကို (၅)ဂိုး၊ (၁)ဂိုးနဲ႔ ဂိုးျပတ္ အနိုင္ရခဲ့တဲ့ပြဲစဥ္မွာ ဒဏ္ရာရခဲ့တာေၾကာင့္ ရာသီကုန္တဲ့အထိ အနားယူရေတာ့မွာပါ။
ဘာစီလိုနာအသင္းက တာစတီဂန္ရဲ့ေနရာမွာ အစားထိုးဖို႔အတြက္ အသင္းလက္မဲ့ျဖစ္ေနတဲ့ ဂိုးသမားတစ္ေယာက္ ကို ရွာေဖြေနခဲ့တာ ျဖစ္ပါတယ္။ ဆက္ဇနီဟာ ဂ်ဴဗင္တပ္အသင္းနဲ႔ လမ္းခြဲၿပီးေနာက္ ၿပီးခဲ့တဲ့ဩဂုတ္လကမွ ကစား သမားဘဝကေန အနားယူဖို႔ ဆုံးျဖတ္ခဲ့တာ ျဖစ္ေပမယ့္လည္း ဘာစီလိုနာအသင္းရဲ့ ကမ္းလွမ္းခ်က္ကို လက္ခံခဲ့ တာျဖစ္ပါတယ္။
ဘာစီလိုနာအသင္းဟာ အသက္(၃၄)ႏွစ္အရြယ္ရွိေနၿပီျဖစ္တဲ့ ဆက္ဇနီကို ရာသီကုန္ထိ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီး အလြတ္ေျပာင္းေရႊ႕ ေၾကးနဲ႔ ေခၚယူနိုင္ခဲ့တာပါ။ ဆက္ဇနီဟာ အာဆင္နယ္၊ ရိုးမားနဲ႔ ဂ်ဴဗင္တပ္အသင္းတို႔မွာ ကစားခဲ့ဖူးတာေၾကာင့္ ဘာစီလိုနာအသင္းအတြက္ အေကာင္းဆုံးကစားေပးနိုင္လိမ့္မယ္လို႔ ပရိသတ္ေတြက ေမၽွာ္လင့္ေနၾကပါတယ္။


ဆက်ဇနီကို ဘာစီလိုနာအသင်း တရားဝင်ခေါ်ယူ
—————————
အသင်းရဲ့အဓိကဂိုးသမား တာစတီဂန် ဒဏ်ရာရရှိခဲ့ပြီးနောက် ဂိုးသမားသစ်တစ်ယောက်ကို ရှာဖွေနေခဲ့တဲ့ ဘာစီလိုနာအသင်းဟာ ပိုလန်ဂိုးသမား ဆက်ဇနီကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အောက်တိုဘာလ(၂)ရက်နေ့မှာ တရားဝင်ကြေညာခဲ့ပါတယ်။ တာစတီဂန်ဟာ ဗီလာရီးရဲလ်အသင်းကို (၅)ဂိုး၊ (၁)ဂိုးနဲ့ ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရခဲ့တာကြောင့် ရာသီကုန်တဲ့အထိ အနားယူရတော့မှာပါ။
ဘာစီလိုနာအသင်းက တာစတီဂန်ရဲ့နေရာမှာ အစားထိုးဖို့အတွက် အသင်းလက်မဲ့ဖြစ်နေတဲ့ ဂိုးသမားတစ်ယောက် ကို ရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။ ဆက်ဇနီဟာ ဂျူဗင်တပ်အသင်းနဲ့ လမ်းခွဲပြီးနောက် ပြီးခဲ့တဲ့ဩဂုတ်လကမှ ကစား သမားဘဝကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပေမယ့်လည်း ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းချက်ကို လက်ခံခဲ့ တာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ အသက်(၃၄)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဆက်ဇနီကို ရာသီကုန်ထိ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး အလွတ်ပြောင်းရွှေ့ ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တာပါ။ ဆက်ဇနီဟာ အာဆင်နယ်၊ ရိုးမားနဲ့ ဂျူဗင်တပ်အသင်းတို့မှာ ကစားခဲ့ဖူးတာကြောင့် ဘာစီလိုနာအသင်းအတွက် အကောင်းဆုံးကစားပေးနိုင်လိမ့်မယ်လို့ ပရိသတ်တွေက မျှော်လင့်နေကြပါတယ်။