သုခဒဂုံအိမ္ရာမွ အခန္း ၆၀၀ အတြက္ ေနထိုင္ခြင့္ရသူမ်ား ေရြးခ်ယ္မည္

ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းတြင္ အေကာင္အထည္ေဖာ္‌ ေဆာင္ရြက္ေနသည့္ သုခဒဂုံျပည္သူ႔အငွားအိမ္ရာမွ ထပ္မံၿပီးစီးသည့္ အခန္းေပါင္း ၆၀၀ တြင္ေနထိုင္မည့္သူမ်ားကို မၾကာခင္ေရြးခ်ယ္သြားမည္ျဖစ္ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ့ၿဖိဳးေရးဦးစီးဌာန(ရန္ကုန္)မွ အသိေပးေၾကညာထားသည္။
ထို႔ျပင္ ၿပီးခဲ့သည့္ေမလတြင္ သုခဒဂုံျပည္သူ႔အငွားအိမ္ရာ ဒုတိယအဆင့္ တိုက္ ၅၀ လုံး၏ အခန္းေပါင္း ၈၀၀ အနက္ တိုက္ ၄၈ လုံး၏ အခန္းေပါင္း ၇၆၈ ခန္းအတြက္ မီတာမ်ားရရွိၿပီးျဖစ္သည့္အတြက္ ေနထိုင္ခြင့္ရသူမ်ားကို အိမ္လခေပးသြင္းျခင္းႏွင့္ စာခ်ဳပ္ခ်ဳပ္ဆိုျခင္းတို႔ကိုေဆာင္ရြက္ၿပီးစီးခဲ့ၿပီးျဖစ္သည္ဟု ဆိုသည္။
သုခဒဂုံျပည္သူ႔အငွားအိမ္ရာမွ အခန္းမ်ား၏ တစ္လငွားရမ္းခႏွုန္းထားမ်ားမွာ ပထမထပ္ ၆၇,၀၀၀ က်ပ္၊ ဒုတိယထပ္ ၆၀,၀၀၀ က်ပ္၊ တတိယထပ္ ၅၅,၀၀၀ က်ပ္ႏွင့္ စတုတၳထပ္ ၄၆,၀၀၀ က်ပ္တို႔ျဖစ္ေၾကာင္း ပထမအဆင့္ႏွင့္ ဒုတိယအဆင့္အငွားခ်ထားမွုမ်ားတြင္ ကနဦးေၾကညာထားခ်က္အရ သိရသည္။
ဒဂုံၿမိဳ႕သစ္ (ေတာင္ပိုင္း)ၿမိဳ႕နယ္၊ အမွတ္ (၂) လမ္းမႀကီးႏွင့္ ရန္ကုန္ၿမိဳ႕ပတ္လမ္းမႀကီး လမ္းဆုံအနီးတြင္ အေကာင္အထည္ေဖာ္တည္ေဆာက္ေနသည့္ သုခဒဂုံျပည္သူ႔အငွားအိမ္ရာရွိ အိမ္ခန္းမ်ားကို ေနေရးအခက္အခဲရွိေသာ ျပည္သူမ်ား၊ အၿငိမ္းစားဝန္ထမ္းမ်ားႏွင့္ လက္ရွိတာဝန္ထမ္းေဆာင္ဆဲ နိုင္ငံ့ဝန္ထမ္းမ်ားအား သတ္မွတ္ငွားရမ္းခႏွုန္းထားျဖင့္ ငွားရမ္းေနထိုင္ခြင့္ျပဳမည္ျဖစ္ေၾကာင္း သိရသည္။


သုခဒဂုံအိမ်ရာမှ အခန်း ၆၀၀ အတွက် နေထိုင်ခွင့်ရသူများ ရွေးချယ်မည်
====================
ဒဂုံမြို့သစ်တောင်ပိုင်းတွင် အကောင်အထည်ဖော်‌ ဆောင်ရွက်နေသည့် သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ထပ်မံပြီးစီးသည့် အခန်းပေါင်း ၆၀၀ တွင်နေထိုင်မည့်သူများကို မကြာခင်ရွေးချယ်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(ရန်ကုန်)မှ အသိပေးကြေညာထားသည်။
ထို့ပြင် ပြီးခဲ့သည့်မေလတွင် သုခဒဂုံပြည်သူ့အငှားအိမ်ရာ ဒုတိယအဆင့် တိုက် ၅၀ လုံး၏ အခန်းပေါင်း ၈၀၀ အနက် တိုက် ၄၈ လုံး၏ အခန်းပေါင်း ၇၆၈ ခန်းအတွက် မီတာများရရှိပြီးဖြစ်သည့်အတွက် နေထိုင်ခွင့်ရသူများကို အိမ်လခပေးသွင်းခြင်းနှင့် စာချုပ်ချုပ်ဆိုခြင်းတို့ကိုဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ အခန်းများ၏ တစ်လငှားရမ်းခနှုန်းထားများမှာ ပထမထပ် ၆၇,၀၀၀ ကျပ်၊ ဒုတိယထပ် ၆၀,၀၀၀ ကျပ်၊ တတိယထပ် ၅၅,၀၀၀ ကျပ်နှင့် စတုတ္ထထပ် ၄၆,၀၀၀ ကျပ်တို့ဖြစ်ကြောင်း ပထမအဆင့်နှင့် ဒုတိယအဆင့်အငှားချထားမှုများတွင် ကနဦးကြေညာထားချက်အရ သိရသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ် (၂) လမ်းမကြီးနှင့် ရန်ကုန်မြို့ပတ်လမ်းမကြီး လမ်းဆုံအနီးတွင် အကောင်အထည်ဖော်တည်ဆောက်နေသည့် သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများကို နေရေးအခက်အခဲရှိသော ပြည်သူများ၊ အငြိမ်းစားဝန်ထမ်းများနှင့် လက်ရှိတာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများအား သတ်မှတ်ငှားရမ်းခနှုန်းထားဖြင့် ငှားရမ်းနေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။