ျပည္ခိုင္ၿဖိဳးပါတီမွ ကြန္ပ်ဴတာတကၠသိုလ္(ေတာင္ငူ)တြင္ ေရႀကီးနစ္ျမဳပ္မႈေၾကာင့္ ပိတ္မိေနသည့္ ဆရာ/ဆရာမမ်ားႏွင့္ ေက်ာင္းသား/ေက်ာင္းသူမ်ားအတြက္ ေထာက္ပံ့ကူညီလႉဒါန္း

စက္တင္ဘာ ၁၇၊ ေတာင္ငူ
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ ဦးေဆာင္ေသာ ေရေဘးသင့္ရာေဒသမ်ားသို႔ ကူညီေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေနေသာ အဖြဲ႕သည္ ၁၇-၉-၂၀၂၄ ရက္ေန႔ ေန႔လည္ပိုင္းတြင္ ပဲခူးတိုင္းေဒသႀကီး(အေရွ႕ပိုင္း)၊ ေတာင္ငူၿမိဳ႕နယ္၌ ေရႀကီးနစ္ျမဳပ္မႈေၾကာင့္ ရန္ကုန္-မႏၲေလးလမ္းမႀကီး ေရေက်ာ္ၿပီး အသြားအလာအခက္အခဲမ်ား ရင္ဆိုင္ေနရကာ ပိတ္မိေနသည့္ ကြန္ပ်ဴတာတကၠသိုလ္(ေတာင္ငူ)သို႔ သြားေရာက္၍ ဆရာ/ဆရာမမ်ား၊ ေက်ာင္းသား/ေက်ာင္းသူမ်ား၊ ဝန္ထမ္းမိသားစုမ်ားအား ရင္းရင္းႏွီးႏွီးေတြ႕ဆုံအားေပးကာ ေန႔လည္စာ ထမင္းဘူးမ်ား၊ ေရသန႔္ဘူးမ်ား၊ အခ်ိဳရည္ဘူးမ်ား၊ အဝတ္အထည္မ်ားအျပင္ တကၠသိုလ္အျမန္ျပန္လည္ဖြင့္လွစ္နိုင္ေရးအတြက္ လိုအပ္သည့္ မီးစက္တစ္လုံးဝယ္ယူရန္ အလႉေငြ သိန္း(၂၀)က်ပ္တို႔ကို ေပးအပ္လႉဒါန္းခဲ့ပါသည္။
အဆိုပါ ကြန္ပ်ဴတာတကၠသိုလ္(ေတာင္ငူ)သို႔ သြားေရာက္လႉဒါန္းသည့္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးေဆာင္ေသာအဖြဲ႕တြင္ ဒုတိယဥကၠ႒မ်ားျဖစ္ၾကသည့္ ဦးျမတ္ဟိန္း၊ ဦးမ်ိဳးေဇာ္သိန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ ဗဟိုအလုပ္အမႈေဆာင္ ဦးလွသိန္းတို႔ ပါဝင္ၿပီး ပဲခူးတိုင္းေဒသႀကီး(အေရွ႕ပိုင္း)မွ ပါတီဥကၠ႒ ဦးရဲျမင့္ထြန္းႏွင့္ တိုင္းပါတီေကာ္မတီဝင္မ်ား၊ ေတာင္ငူခရိုင္ / ၿမိဳ႕နယ္မ်ားမွ ပါတီတာဝန္ရွိသူမ်ား ပါဝင္ေၾကာင္း သတင္းရရွိပါသည္။


ပြည်ခိုင်ဖြိုးပါတီမှ ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)တွင် ရေကြီးနစ်မြုပ်မှုကြောင့် ပိတ်မိနေသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအတွက် ထောက်ပံ့ကူညီလှူဒါန်း
=============================
စက်တင်ဘာ ၁၇၊ တောင်ငူ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သော ရေဘေးသင့်ရာဒေသများသို့ ကူညီစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နေသော အဖွဲ့သည် ၁၇-၉-၂၀၂၄ ရက်နေ့ နေ့လည်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ တောင်ငူမြို့နယ်၌ ရေကြီးနစ်မြုပ်မှုကြောင့် ရန်ကုန်-မန္တလေးလမ်းမကြီး ရေကျော်ပြီး အသွားအလာအခက်အခဲများ ရင်ဆိုင်နေရကာ ပိတ်မိနေသည့် ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)သို့ သွားရောက်၍ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဝန်ထမ်းမိသားစုများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးကာ နေ့လည်စာ ထမင်းဘူးများ၊ ရေသန့်ဘူးများ၊ အချိုရည်ဘူးများ၊ အဝတ်အထည်များအပြင် တက္ကသိုလ်အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည့် မီးစက်တစ်လုံးဝယ်ယူရန် အလှူငွေ သိန်း(၂၀)ကျပ်တို့ကို ပေးအပ်လှူဒါန်းခဲ့ပါသည်။
အဆိုပါ ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)သို့ သွားရောက်လှူဒါန်းသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့တွင် ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြတ်ဟိန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းတို့ ပါဝင်ပြီး ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)မှ ပါတီဥက္ကဋ္ဌ ဦးရဲမြင့်ထွန်းနှင့် တိုင်းပါတီကော်မတီဝင်များ၊ တောင်ငူခရိုင် / မြို့နယ်များမှ ပါတီတာဝန်ရှိသူများ ပါဝင်ကြောင်း သတင်းရရှိပါသည်။