ပါတီဝင္မ်ား၊ပါတီဝန္းရံသူမ်ား၊အသင္းဝင္ေဟာင္းမ်ားႏွင့္ျပည္ခိုင္ၿဖိဳးပါတီတြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္ေတြ႕ဆုံ

မႏၲေလး စက္တင္ဘာ ၁၆
၁၆-၉-၂၀၂၄ ရက္ေန႔ ၁၃:၄၅မွ ၁၅:၂၀ အခ်ိန္ထိ မႏၲေလးတိုင္းေဒသႀကီး ျပည္ခိုင္ၿဖိဳးပါတီ႐ုံး အစည္းအေဝးခန္းမတြင္ ျပည္ခိုင္ၿဖိဳးပါတီ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္ႏွင့္ေတြ႕ဆုံပြဲ က်င္းပျပဳလုပ္ခဲ့ပါသည္။
ေတြ႕ဆုံပြဲသို႔ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ပါတီဗဟိုအလုပ္အမႈေဆာင္၊မႏၲေလးတိုင္းေဒသႀကီးပါတီဥကၠဌ ဦးေအာင္ေက်ာ္မိုး၊တိုင္းေဒသႀကီးပါတီအတြင္းေရးမႈး ဦးညြန္႔ေဆာင္၊ဘ႑ာေရးမႉး ေဒၚသိဂႌေအာင္ႏွင့္တိုင္းေဒသႀကီးပါတီေကာ္မတီဝင္မ်ား၊ေအာင္ေျမသာစံခရိုင္၊မဟာေအာင္ေျမခရိုင္၊အမရပူရခရိုင္တို႔မွ ခရိုင္ပါတီဥကၠဌမ်ား၊ေအာင္ေျမသာစံ၊ခ်မ္းေအးသာစံ၊မဟာေအာင္ေျမ၊ခ်မ္းျမသာစည္၊ျပည္ႀကီးတံခြန္၊အမရပူရ၊ပုသိမ္ႀကီး၊စဥ့္ကိုင္၊ေက်ာက္ဆည္ၿမိဳ႕နယ္တို႔မွ ဥကၠဌ၊အတြင္းေရးမႉးမ်ား၊အဆိုပါ ၿမိဳ႕နယ္မ်ားမွ ျပည္ခိုင္ၿဖိဳး အသင္းဝင္ေဟာင္းမ်ား၊ဝါရင့္ပါတီဝင္မ်ား၊ပါတီဝန္းရံသူမ်ား၊ဗပဆသင္တန္း ဆင္းမ်ား၊စုစုေပါင္းအင္အား ၁၅၀ ဦး တက္ေရာက္ခဲ့ၾကပါသည္။
ေတြ႕ ဆုံပြဲတြင္ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္က ျပည့္မ႑ိဳင္ေဖာင္ေဒးရွင္း ဖြဲ႕စည္းရျခင္း ရည္ရြယ္ခ်က္၊ေဆာင္ရြက္သြားမည့္ လုပ္ငန္းစဥ္မ်ား၊ေဖာင္ေဒးရွင္း အဖြဲ႕ဝင္မ်ား စုစည္းရရွိမႈအေျခအေနတို႔အား အ​ေသးစိတ္ ရွင္းလင္း ေျပာၾကားခဲ့ပါသည္။၎ေနာက္ ပါတီဗဟိုအလုပ္အမႈ ေဆာင္၊မႏၲေလးတိုင္းေဒသႀကီးပါတီဥကၠဌ ဦးေအာင္ေက်ာ္မိုးက ျပည့္မ႑ိဳင္ေဖာင္ေဒးရွင္း ဖြဲ႕စည္းေရးဆိုင္ရာ လုပ္ငန္းစဥ္မ်ားအား လည္းေကာင္း၊တိုင္းေဒသႀကီးပါတီအတြင္းေရးမႈး ဦးညြန္႔ေဆာင္က ျပည့္မ႑ိဳင္ေဖာင္ေဒးရွင္း ဖြဲ႕စည္းေရးလုပ္ငန္းစဥ္မ်ားႏွင့္ ပတ္သက္၍ ေဆာင္ရြက္ၿပီးစီးမႈႏွင့္ဆက္လက္ေဆာင္ရြက္သြားမည့္ လုပ္ငန္းစဥ္မ်ားအားလည္းေကာင္း တင္ျပေဆြးေႏြးခဲ့ၾကပါသည္။
၎ေနာက္ ခရိုင္/ၿမိဳ႕နယ္ပါတီဥကၠဌမ်ားႏွင့္တက္ေရာက္လာသူမ်ားက ျပည့္မ႑ိဳင္ေဖာင္ေဒးရွင္း ဖြဲ႕စည္းေရးႏွင့္ပတ္သက္၍ သိရွိလိုသည္မ်ားႏွင့္ ေဆာင္ရြက္သင့္သည္မ်ားကို အႀကံ ျပဳတင္ျပခဲ့ရာ တင္ျပခ်က္မ်ားအေပၚ ပါတီဗဟို တြဲဖက္အေထြ ေထြအတြင္းေရးမႈး ဦးတင္ေအာင္ခ်စ္က ျပန္လည္ရွင္းလင္း ေဆြးေႏြးခဲ့ၿပီး နိဂုံးခ်ဳပ္အမွာစကားေျပာၾကားကာ ေတြ႕ဆုံပြဲအား ႐ုပ္သိမ္းခဲ့ေၾကာင္း သိရွိရပါသည္။


ပါတီဝင်များ၊ပါတီဝန်းရံသူများ၊အသင်းဝင်ဟောင်းများနှင့်ပြည်ခိုင်ဖြိုးပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်တွေ့ဆုံ
===========================
မန္တလေး စက်တင်ဘာ ၁၆
၁၆-၉-၂၀၂၄ ရက်နေ့ ၁၃:၄၅မှ ၁၅:၂၀ အချိန်ထိ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ပြည်ခိုင်ဖြိုးပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်နှင့်တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
တွေ့ဆုံပွဲသို့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ပါတီဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊တိုင်းဒေသကြီးပါတီအတွင်းရေးမှုး ဦးညွန့်ဆောင်၊ဘဏ္ဍာရေးမှူး ဒေါ်သိင်္ဂီအောင်နှင့်တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊အောင်မြေသာစံခရိုင်၊မဟာအောင်မြေခရိုင်၊အမရပူရခရိုင်တို့မှ ခရိုင်ပါတီဥက္ကဌများ၊အောင်မြေသာစံ၊ချမ်းအေးသာစံ၊မဟာအောင်မြေ၊ချမ်းမြသာစည်၊ပြည်ကြီးတံခွန်၊အမရပူရ၊ပုသိမ်ကြီး၊စဥ့်ကိုင်၊ကျောက်ဆည်မြို့နယ်တို့မှ ဥက္ကဌ၊အတွင်းရေးမှူးများ၊အဆိုပါ မြို့နယ်များမှ ပြည်ခိုင်ဖြိုး အသင်းဝင်ဟောင်းများ၊ဝါရင့်ပါတီဝင်များ၊ပါတီဝန်းရံသူများ၊ဗပဆသင်တန်း ဆင်းများ၊စုစုပေါင်းအင်အား ၁၅၀ ဦး တက်ရောက်ခဲ့ကြပါသည်။
တွေ့ ဆုံပွဲတွင် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်က ပြည့်မဏ္ဍိုင်ဖောင်ဒေးရှင်း ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်၊ဆောင်ရွက်သွားမည့် လုပ်ငန်းစဥ်များ၊ဖောင်ဒေးရှင်း အဖွဲ့ဝင်များ စုစည်းရရှိမှုအခြေအနေတို့အား အ​သေးစိတ် ရှင်းလင်း ပြောကြားခဲ့ပါသည်။၎င်းနောက် ပါတီဗဟိုအလုပ်အမှု ဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးက ပြည့်မဏ္ဍိုင်ဖောင်ဒေးရှင်း ဖွဲ့စည်းရေးဆိုင်ရာ လုပ်ငန်းစဥ်များအား လည်းကောင်း၊တိုင်းဒေသကြီးပါတီအတွင်းရေးမှုး ဦးညွန့်ဆောင်က ပြည့်မဏ္ဍိုင်ဖောင်ဒေးရှင်း ဖွဲ့စည်းရေးလုပ်ငန်းစဥ်များနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုနှင့်ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဥ်များအားလည်းကောင်း တင်ပြဆွေးနွေးခဲ့ကြပါသည်။
၎င်းနောက် ခရိုင်/မြို့နယ်ပါတီဥက္ကဌများနှင့်တက်ရောက်လာသူများက ပြည့်မဏ္ဍိုင်ဖောင်ဒေးရှင်း ဖွဲ့စည်းရေးနှင့်ပတ်သက်၍ သိရှိလိုသည်များနှင့် ဆောင်ရွက်သင့်သည်များကို အကြံ ပြုတင်ပြခဲ့ရာ တင်ပြချက်များအပေါ် ပါတီဗဟို တွဲဖက်အထွေ ထွေအတွင်းရေးမှုး ဦးတင်အောင်ချစ်က ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ တွေ့ဆုံပွဲအား ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။