


နေပြည်တော်၊ပြည်ထောင်စုနယ်မြေ၊ ပျဥ်းမနားမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီမှ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးကူညီစောင့်ရှောက်မှုပြုလုပ်
=========================
နေပြည်တော် စက်တင်ဘာ ၁၂
နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ပျဥ်းမနားမြို့နယ်၊သစ်လေးကုန်းအုပ်စု ၊ပုရွက်ဆိတ်ကုန်းကျေးရွာတွင် ရေဘေးသင့် ပြည်သူများအား ယမန်နေ့ ညနေ သုံးနာရီအချိန်
ခန့်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကျမ်းမာရေးကူညီစောင့်ရှောက်မူ့ပြုလုပ်ခဲ့ကြောင်းသိရသည်။
ပုရွက်ဆိတ်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ရေဘေးသင့်ပြည်သူ (၅၇၀)ဦးခန့် လာရောက်ခိုလှုံနေကြောင်းသိရပြီး ရေဘေးကြောင့် ၀မ်းပျက်၀မ်းလျှောရောဂါ၊ ကိုယ်အရေအပျားယားယံခြင်းရောဂါ၊ ဖျားနာခြင်းများ စသည်တို့ခံစားနေ​ရသူများကို ပြည်ခိုင်ဖြိုးပါတီမှ ဆရာဝန်များ၊ သူနာပြုများမှ ကုသပေးခဲ့ပါသည်။
ဆက်လက်၍လည်း ပြည်ခိုင်ဖြိုးပါတီမှအထူးကုဆရာဝန်များ ဦးဆောင်သောဆေးအဖွဲ့မှရေဘေးသင့်ကျေးရွာများရှိပြည်သူများအားနေ့စဥ် ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးသွားဖြစ်ကြောင်းသိရှိရပါသည်။