ေရေဘးသင့္ျပည္သူမ်ားထံျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့​ၿဖိဳးေရးပါတီဥကၠ႒ဦးခင္ရီ၊ဒုတိယဥကၠ႒မ်ား၊ အေထြေထြအတြင္းေရးမႉးႏွင့္ဗဟိုအလုပ္ အမႈေဆာင္ မ်ားသြားေရာက္ေတြ႕ဆုံအားေပးစကားေျပာၾကား

ေနျပည္ေတာ္ စက္တင္ဘာ ၁၂
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီဥကၠ႒ ဦးခင္ရီ၊ဒုတိယဥကၠ႒မ်ားျဖစ္ၾကေသာဦးျမတ္ဟိန္း၊ ဦးလွထြန္း၊ ဦးမ်ိဳးေဇာ္သိန္း၊ အေထြေထြ အတြင္းေရးမႉး ဦးေသာင္းေအး၊ဗဟိုအလုပ္အမႈ ေဆာင္မ်ားႏွင့္ ျပည္ေထာင္စုနယ္ေျမပါတီဥကၠ႒ဦးလွေဆြတို႔သည္ ယေန႔နံနက္ပိုင္းက ေနျပည္ေတာ္၊ ေဇယ်ာသီရိခရိုင္၊ ပုဗၸသီရိၿမိဳ႕နယ္အတြင္းရွိေအာင္ပန္းေက်းရြာသို့္ သြားေရာက္၍ ေရေဘးသင့္ျပည္သူမ်ားထံသို႔လည္းေကာင္း၊က်ည္ေထာင္ကန္အမွတ္(၁)ရပ္ကြက္၊ ေစ်းကုန္း ဘုန္းေတာ္ေက်ာင္းတြင္ေရးေဘးေရွာင္ခိုလႈံ ေရာက္ရွိေနေသာ ကုလားရြာေက်းရြာႏွင့္ သာယာဝွမ္းေက်းရြာမွ ျပည္သူမ်ားထံသို႔လည္းေကာင္း၊ က်ည္ေထာင္ကန္အမွတ္ (၃)ရပ္ကြက္၊ၿမိဳ႕မဘုန္းေတာ္ႀကီးေက်ာင္းတိုက္တြင္ေရေဘးေရွာင္ခိုလႈံေရာက္ရွိေနေသာကုလားရြာႏွင့္ေအးျမင့္သာယာေက်းရြာတို႔မွ ျပည္သူမ်ားထံသို႔လည္းေကာင္းသြားေရာက္ေတြ႕ဆုံ၍ အားေပးစကားေျပာၾကားၿပီးလတ္တေလာစာသုံးနိုင္ရန္ေခါက္ဆြဲေျခာက္မ်ား၊ေရသန္႔ဗူးမ်ားလႉဒါန္းေပးခဲ့ၿပီး ၿမိဳ႕မေက်ာင္းတိုက္ဆရာေတာ္အား ဖူးေျမာ္ကန္ေတာ့၍ ဝတၳဳေငြ (၅၀၀,၀၀၀)က်ပ္ ဆက္ကပ္လႉဒါန္းခဲ့ပါသည္။
ေရေဘးသင့္ျပည္သူမ်ားအား က်န္းမာေရးေစာင့္ေရွာက္မႈေပးနိုင္ရန္အတြက္လည္း ျပည္ခိုင္ ၿဖိဳးပါတီမွ အထူးကုဆရာဝန္မ်ား ဦးေဆာင္သည့္ေဆးအဖြဲ႕အားခ်က္ျခင္း ေစလႊတ္မည္ျဖစ္ ေၾကာင္း သိရွိရပါသည္။
ေတာင္တ႐ုတ္ပင္လယ္ျပင္မွာ ျဖစ္ေပၚခဲ့တဲ့ တိုင္ဖြန္းမုန္တိုင္း ရာဂိ၏ အရွိန္ႏွင့္ ဘဂၤလားပင္လယ္ေအာ္ အေနာက္အလယ္ပိုင္းႏွင့္ အေနာက္ ေျမာက္ပိုင္း တို႔တြင္ ျဖစ္ေပၚေနသည့္ မုန္တိုင္းငယ္တို႔၏ အရွိန္ေၾကာင့္ စက္တင္ဘာ ၁၀ ရက္ေန႔မွစၿပီး ေနရာအႏွံအျပား မိုးအဆက္ မျပတ္ရြာသြန္းခဲ့ၿပီး ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္း ျဖတ္သန္းစီးဆင္းလ်က္ရွိတဲ့ ငလိုက္ေခ်ာင္း၊ ဆင္ေသေခ်ာင္းႏွင့္ ေပါင္းေလာင္းျမစ္မ်ားက ျမစ္ေရမ်ား အဆက္မျပတ္ ျမင့္တက္ခဲ့ကာ ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္း ေရႀကီးေရလၽွံမႈမ်ားျဖစ္ေပၚခဲ့ျခင္း ျဖစ္သည္။
ဆင္ေသေခ်ာင္းႏွင့္ ေပါင္းေလာင္းျမစ္ေရ ျမင့္တက္လာမႈေၾကာင့္ ေဇယ်ာသီရိၿမိဳ႕နယ္ႏွင့္ ပုပၺသီရိၿမိဳ႕နယ္အတြင္းရွိ လူေနရပ္ကြက္မ်ားႏွင့္ ေက်းရြာမ်ားတြင္ ေရႀကီးေရလၽွံမႈမ်ား ျဖစ္ေပၚခဲ့ၿပီး ရပ္ကြက္၊ ေက်းရြာမ်ားမွ တာဝန္ရွိသူမ်ား၊ တပ္မေတာ္သားမ်ား၊ ျမန္မာနိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ား၊ မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ ၾကက္ေျခနီ တပ္ဖြဲ႕ဝင္မ်ား၊ ပရဟိတအသင္းအဖြဲ႕မ်ားႏွင့္အတူ ျပည္ခိုင္ၿဖိဳးပါတီဝင္မ်ားကပါ ရပ္ကြက္၊ ေက်းရြာမ်ားမွ လူႏွင့္ တိရိစၧာန္မ်ား ေဘးလြတ္ကို ေရႊ႕ေျပာင္းေပးခဲ့ၿပီး အခ်ိန္နဲ႔တစ္ေျပးညီ ကူညီကယ္ဆယ္ေရး လုပ္ငန္းေတြကို အားတိုက္အင္တိုက္ လုပ္ေဆာင္ခဲ့ၾကေၾကာင္း သိရွိရပါသည္။


ရေဘေးသင့်ပြည်သူများထံပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့​ဖြိုးရေးပါတီဥက္ကဋ္ဌဦးခင်ရီ၊ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူးနှင့်ဗဟိုအလုပ် အမှုဆောင် များသွားရောက်တွေ့ဆုံအားပေးစကားပြောကြား
===============================
နေပြည်တော် စက်တင်ဘာ ၁၂
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ဒုတိယဥက္ကဋ္ဌများဖြစ်ကြသောဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေ အတွင်းရေးမှူး ဦးသောင်းအေး၊ဗဟိုအလုပ်အမှု ဆောင်များနှင့် ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌဦးလှဆွေတို့သည် ယနေ့နံနက်ပိုင်းက နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ပသီရိမြို့နယ်အတွင်းရှိအောင်ပန်းကျေးရွာသို့် သွားရောက်၍ ရေဘေးသင့်ပြည်သူများထံသို့လည်းကောင်း၊ကျည်ထောင်ကန်အမှတ်(၁)ရပ်ကွက်၊ စျေးကုန်း ဘုန်းတော်ကျောင်းတွင်ရေးဘေးရှောင်ခိုလှုံ ရောက်ရှိနေသော ကုလားရွာကျေးရွာနှင့် သာယာဝှမ်းကျေးရွာမှ ပြည်သူများထံသို့လည်းကောင်း၊ ကျည်ထောင်ကန်အမှတ် (၃)ရပ်ကွက်၊မြို့မဘုန်းတော်ကြီးကျောင်းတိုက်တွင်ရေဘေးရှောင်ခိုလှုံရောက်ရှိနေသောကုလားရွာနှင့်အေးမြင့်သာယာကျေးရွာတို့မှ ပြည်သူများထံသို့လည်းကောင်းသွားရောက်တွေ့ဆုံ၍ အားပေးစကားပြောကြားပြီးလတ်တလောစာသုံးနိုင်ရန်ခေါက်ဆွဲခြောက်များ၊ရေသန့်ဗူးများလှူဒါန်းပေးခဲ့ပြီး မြို့မကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကန်တော့၍ ဝတ္ထုငွေ (၅၀၀,၀၀၀)ကျပ် ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက်လည်း ပြည်ခိုင် ဖြိုးပါတီမှ အထူးကုဆရာဝန်များ ဦးဆောင်သည့်ဆေးအဖွဲ့အားချက်ခြင်း စေလွှတ်မည်ဖြစ် ကြောင်း သိရှိရပါသည်။
တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ရာဂိ၏ အရှိန်နှင့် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အနောက် မြောက်ပိုင်း တို့တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်တို့၏ အရှိန်ကြောင့် စက်တင်ဘာ ၁၀ ရက်နေ့မှစပြီး နေရာအနှံအပြား မိုးအဆက် မပြတ်ရွာသွန်းခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိတဲ့ ငလိုက်ချောင်း၊ ဆင်သေချောင်းနှင့် ပေါင်းလောင်းမြစ်များက မြစ်ရေများ အဆက်မပြတ် မြင့်တက်ခဲ့ကာ နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
ဆင်သေချောင်းနှင့် ပေါင်းလောင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ဇေယျာသီရိမြို့နယ်နှင့် ပုပ္ဗသီရိမြို့နယ်အတွင်းရှိ လူနေရပ်ကွက်များနှင့် ကျေးရွာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ရပ်ကွက်၊ ကျေးရွာများမှ တာဝန်ရှိသူများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းအဖွဲ့များနှင့်အတူ ပြည်ခိုင်ဖြိုးပါတီဝင်များကပါ ရပ်ကွက်၊ ကျေးရွာများမှ လူနှင့် တိရိစ္ဆာန်များ ဘေးလွတ်ကို ရွှေ့ပြောင်းပေးခဲ့ပြီး အချိန်နဲ့တစ်ပြေးညီ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို အားတိုက်အင်တိုက် လုပ်ဆောင်ခဲ့ကြကြောင်း သိရှိရပါသည်။