ဦးမ်ိဳးလွိုင္ဝင္း ျမန္မာ့လက္ေရြးစင္နည္းျပအျဖစ္ ခန႔္အပ္

ျမန္မာနိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ဟာ လက္ေရြးစင္အသင္းနည္းျပအျဖစ္ ဦးမ်ိဳးလွိုင္ဝင္းကို ခန႔္အပ္လိုက္ေၾကာင္း ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ဦးမ်ိဳးလွိုင္ဝင္းဟာ ရွမ္းယူနိုက္တက္အသင္းနဲ႔ လမ္းခြဲခဲ့ၿပီးယခုစက္တင္ဘာမွ စတင္ကာ ျမန္မာ့လက္ေရြးစင္နည္းျပအျဖစ္ ခန႔္အပ္ခံခဲ့ရတာျဖစ္ပါတယ္။ ဦးမ်ိဳးလွိုင္ဝင္းဟာ ကစားသမားဘဝမွာသာမက နည္းျပဘဝမွာ ေအာင္ျမင္မႈေတြ ရရွိခဲ့သူလည္းျဖစ္ပါတယ္။ လက္ရွိမွာ ျမန္မာ့လက္ေရြးစင္အသင္းဟာ စင္ကာပူ၊ လက္ဘႏြန္တို႔နဲ႔ ဖီဖာနိုင္ငံတကာ ေျခစမ္းပြဲေတြ ကစားဖို႔စီစဥ္ထားပါတယ္။ ဒါ့အျပင္ ဒီဇင္ဘာလ ၈ ရက္မွ စတင္ကာ အိမ္ကြင္း/အေဝးကြင္း အုပ္စုပြဲစဥ္အေနနဲ႔ကစားမယ့္ AFF Mitsubishi Electric Cup 2024 ၿပိဳင္ပြဲကို ယွဥ္ၿပိဳင္သြားမွာျဖစ္ပါတယ္။ ျမန္မာ့လက္ေရြးစင္အသင္းဟာ ၂၀၂၅ ခုႏွစ္မတ္လမွ စတင္ၿပီး ၂၀၂၇ အာရွဖလား ေျခစစ္ပြဲေတြနဲ႔ ဖီဖာနိုင္ငံတကာ ေျခစမ္းပြဲေတြဆက္လက္ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။


ဦးမျိုးလှိုင်ဝင်း မြန်မာ့လက်ရွေးစင်နည်းပြအဖြစ် ခန့်အပ်
====================================
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ လက်ရွေးစင်အသင်းနည်းပြအဖြစ် ဦးမျိုးလှိုင်ဝင်းကို ခန့်အပ်လိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဦးမျိုးလှိုင်ဝင်းဟာ ရှမ်းယူနိုက်တက်အသင်းနဲ့ လမ်းခွဲခဲ့ပြီးယခုစက်တင်ဘာမှ စတင်ကာ မြန်မာ့လက်ရွေးစင်နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။ ဦးမျိုးလှိုင်ဝင်းဟာ ကစားသမားဘဝမှာသာမက နည်းပြဘဝမှာ အောင်မြင်မှုတွေ ရရှိခဲ့သူလည်းဖြစ်ပါတယ်။ လက်ရှိမှာ မြန်မာ့လက်ရွေးစင်အသင်းဟာ စင်ကာပူ၊ လက်ဘနွန်တို့နဲ့ ဖီဖာနိုင်ငံတကာ ခြေစမ်းပွဲတွေ ကစားဖို့စီစဉ်ထားပါတယ်။ ဒါ့အပြင် ဒီဇင်ဘာလ ၈ ရက်မှ စတင်ကာ အိမ်ကွင်း/အဝေးကွင်း အုပ်စုပွဲစဉ်အနေနဲ့ကစားမယ့် AFF Mitsubishi Electric Cup 2024 ပြိုင်ပွဲကို ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းဟာ ၂၀၂၅ ခုနှစ်မတ်လမှ စတင်ပြီး ၂၀၂၇ အာရှဖလား ခြေစစ်ပွဲတွေနဲ့ ဖီဖာနိုင်ငံတကာ ခြေစမ်းပွဲတွေဆက်လက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။