ျပည္ခိုင္ၿဖိဳးပါတီ အမ်ိဳးသမီးေရးရာေကာ္မတီ တာဝန္ခံမ်ားႏွင့္ လယ္ေဝးၿမိဳ႕နယ္ အမ်ိဳးသမီးအဖြဲမ်ား ေတြ႕ဆုံ

ၾသဂုတ္ ၂၉၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ အမ်ိဳးသမီးေရးရာေကာ္မတီတာဝန္ခံမ်ားျဖစ္သည့္ ဗဟိုအတြင္းေရးမႉး ေဒါက္တာေဒၚစန္းစန္းႏြယ္ႏွင့္ ဗဟိုအလုပ္အမႈေဆာင္ ေဒၚခင္ေရႊျမင့္တို႔သည္ ၂၀၂၄ ခုႏွစ္၊ ၾသဂုတ္လ ၂၉ ရက္ေန႔ ေန႔လည္ပိုင္းတြင္ ျပည္ေထာင္စုနယ္ေျမ၊ လယ္ေဝးခရိုင္၊ လယ္ေဝးၿမိဳ႕နယ္ ပါတီမွ အမ်ိဳးသမီးအဖြဲ႕မ်ားႏွင့္ေတြ႕ဆုံခဲ့ပါသည္။
ေတြ႕ဆုံပြဲတြင္ ျပည္ေထာင္စုနယ္ေျမေကာ္မတီဝင္ ေဒါသီတာေထြးမွ မိတ္ဆက္စကားေျပာၾကားခဲ့ၿပီး ပါတီဗဟိုအတြင္းေရးမႉး ေဒါက္တာေဒၚစန္းစန္းႏြယ္မွ ျမန္မာနိုင္ငံအတြင္းရွိ အမ်ိဳးသမီးမ်ား၏ အခန္းက႑မ်ား၊ ဗဟိုအလုပ္အမႈေဆာင္ ေဒၚခင္ေရႊျမင့္မွ အမ်ိဳးသမီးမ်ားဘဝ လုံျခဳံမႈရွိေစေရးႏွင့္ ျမင့္မားတိုးတက္ေစေရး အခန္းက႑မ်ား၊ ျပည္ေထာင္စုနယ္ေျမေကာ္မတီဝင္ ေဒၚယဥ္မင္းျမင့္ေဆြမွ အမ်ိဳးသမီးမ်ား သိရွိထားသင့္သည့္ ဥပေဒမ်ားႏွင့္ အိမ္တြင္းအၾကမ္းဖက္မႈဆိုင္ရာကိစၥရပ္မ်ားအား ရွင္းေျပာၾကားခဲ့ပါသည္။ ထို႔ေနာက္ တက္ေရာက္လာၾကသည့္ အမ်ိဳးသမီးအဖြဲ႕မ်ားက ၎တို႔သိရွိလိုသည့္ကိစၥရပ္မ်ား၊ ရင္ဆိုင္ၾကဳံေတြ႕ေနရသည့္ အခက္အခဲမ်ားအား ေမးျမန္းတင္ျပၾကၿပီး အျပန္အလွန္ေဆြးေႏြးခဲ့ၾကပါသည္။
အဆိုပါေတြ႕ဆုံပြဲသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ အမ်ိဳးသမီးေရးရာေကာ္မတီတာဝန္ခံမ်ားျဖစ္ၾကသည့္ ဗဟိုအတြင္းေရးမႉး ေဒါက္တာေဒၚစန္းစန္းႏြယ္၊ ဗဟိုအလုပ္အမႈေဆာင္ ေဒၚခင္ေရႊျမင့္၊ ျပည္ေထာင္စုနယ္ေျမပါတီမွ ျပည္ေထာင္စုနယ္ေျမေကာ္မတီဝင္ ေဒၚသီတာေထြး၊ ေဒၚယဥ္မင္းျမင့္ေဆြ၊ လယ္ေဝးခရိုင္ပါတီမွ ေဒၚတင္ႏြယ္ဦး၊ လယ္ေဝးၿမိဳ႕နယ္ပါတီေကာ္မတီဝင္မ်ားျဖစ္ၾကသည့္ ေဒၚခင္မာေဆြ၊ ေဒၚျမင္ျမင့္ေထြး၊ ေဒၚယဥ္ယဥ္ေအး၊ ဖိတ္ၾကားထားေသာ အမ်ိဳးသမီးအဖြဲ႕မ်ားႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ပါသည္။


ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာကော်မတီ တာဝန်ခံများနှင့် လယ်ဝေးမြို့နယ် အမျိုးသမီးအဖွဲများ တွေ့ဆုံ
=======================================
သြဂုတ် ၂၉၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာကော်မတီတာဝန်ခံများဖြစ်သည့် ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ်နှင့် ဗဟိုအလုပ်အမှုဆောင် ဒေါ်ခင်ရွှေမြင့်တို့သည် ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့ နေ့လည်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ် ပါတီမှ အမျိုးသမီးအဖွဲ့များနှင့်တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုနယ်မြေကော်မတီဝင် ဒေါသီတာထွေးမှ မိတ်ဆက်စကားပြောကြားခဲ့ပြီး ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ်မှ မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးများ၏ အခန်းကဏ္ဍများ၊ ဗဟိုအလုပ်အမှုဆောင် ဒေါ်ခင်ရွှေမြင့်မှ အမျိုးသမီးများဘဝ လုံခြုံမှုရှိစေရေးနှင့် မြင့်မားတိုးတက်စေရေး အခန်းကဏ္ဍများ၊ ပြည်ထောင်စုနယ်မြေကော်မတီဝင် ဒေါ်ယဥ်မင်းမြင့်ဆွေမှ အမျိုးသမီးများ သိရှိထားသင့်သည့် ဥပဒေများနှင့် အိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာကိစ္စရပ်များအား ရှင်းပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသည့် အမျိုးသမီးအဖွဲ့များက ၎င်းတို့သိရှိလိုသည့်ကိစ္စရပ်များ၊ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများအား မေးမြန်းတင်ပြကြပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာကော်မတီတာဝန်ခံများဖြစ်ကြသည့် ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ်၊ ဗဟိုအလုပ်အမှုဆောင် ဒေါ်ခင်ရွှေမြင့်၊ ပြည်ထောင်စုနယ်မြေပါတီမှ ပြည်ထောင်စုနယ်မြေကော်မတီဝင် ဒေါ်သီတာထွေး၊ ဒေါ်ယဥ်မင်းမြင့်ဆွေ၊ လယ်ဝေးခရိုင်ပါတီမှ ဒေါ်တင်နွယ်ဦး၊ လယ်ဝေးမြို့နယ်ပါတီကော်မတီဝင်များဖြစ်ကြသည့် ဒေါ်ခင်မာဆွေ၊ ဒေါ်မြင်မြင့်ထွေး၊ ဒေါ်ယဥ်ယဥ်အေး၊ ဖိတ်ကြားထားသော အမျိုးသမီးအဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။